Saturday, November 22, 2014

ပလိပ်ရောဂါဖြစ်ပွား၍ မဒါးဂတ်စကားတွင် လူ ၄၀ ဦး သေဆုံး

22 November 2014 12:59(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)
အန္တနန္နာရီဗို၊ နိုဝင်ဘာ ၂၂

မဒါးဂတ်စကားနိုင်ငံတွင် ပလိပ်ရောဂါဖြစ်ပွား၍ လူ ၄၀ ဦးသေဆုံးပြီး ၈၀ ကျော် ကူးစက်ခံထားရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ထုတ်ပြန်ကြောင်း BBC တွင် ဖော်ပြပါရှိသည်။

မြို့တော် အန္တနန္နာရီဗိုတွင် ပလိပ်ရောဂါ အမြန်ကူးစက်ပြန်နှံ့နိုင်မည့် အန္တရာယ်ရှိသည်ဟုလည်း WHO က သတိပေးသည်။

သွေးစုပ်သည့် မှက်၊ ချင်၊ ယင်၊ သန်း စသော အင်းဆက်များသည် ပိုးသတ်ဆေးများကို ခုခံနိုင်စွမ်း မြင့်မားနေ၍ အခြေအနေမှာ ပိုမိုဆိုးရွားနေကြောင်း WHO မှ ထပ်လောင်း သတိပေးထားသည်။

လူများသည် ပုံမှန်အားဖြင့် ပလိပ်ရောဂါပိုးရှိသော ကြွက်သန်းကိုက်ခံရခြင်းကြောင့် ကူးစက်ခံကြရသည်။ ကူးစက်ခံရသည်ဟု စောဆုံးသိရပါက ပဋိဇီဝဆေးဝါးများဖြင့် ပလိပ်ကပ်ရောဂါဆိုးကို ကုသနိုင်သည်။

သို့ရာတွင် မဒါးဂတ်စကား၌ ရောဂါကူးစက်ခံရသူများ၏ ၂ ရာခိုင်နှုန်းသည် ပလိပ်ရောဂါကြောင့် အန္တရာယ်ကြီးမားသော အဆုပ်ရောင် ဝေဒနာကို ခံစားကြရကာ ယင်းလက္ခဏာမှာ ချောင်းဆိုးခြင်းဖြင့် လေမှတစ်ဆင့် ရောဂါအလွယ်တကူ ပျံ့နှံ့နိုင်၍ စိုးရိမ်ဖွယ် အနေအထားဖြစ်သည်။

ပထမဆုံး ရောဂါစတင် ဖြစ်ပွားချိန်မှာ သြဂုတ်လကုန်ပိုင်းက ဖြစ်ပြီး မြို့တော် အန္တနန္နာရီဗိုမှ ကီလိုမီတာ ၂၀၀ ကွာဝေးသည့် ရွာငယ်တစ်ခုမှ အမျိုးသား တစ်ဦးတွင် ရောဂါပိုး တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

မြို့တော်အန္တနန္နာရီဗိုတွင်လည်း ရောဂါ ဖြစ်ပွားသူ နှစ်ဦးရှိကြောင်း အတည်ပြုခဲ့ပြီး တစ်ဦးမှာ သေဆုံးသွားပြီဖြစ်သည်။

ရောဂါဖြစ်ပွားမှု ထိန်းချုပ်ကွပ်ကဲ ကုသနိုင်ရန် ဆေးလုပ်ငန်းအဖွဲ့ တစ်ခုဖြင့် ဆောင်ရွက်နေသည်။

ကျွန်းနိုင်ငံဖြစ်သည့် မဒါးဂတ်စကားသည် ကူးစက်မြန် ပလိပ်ရောဂါ အန္တရာယ် ရှိနေကြောင်း ယမန်နှစ်ကတည်းက ဆေးပညာရှင်များက သတိပေးထားသည်။ မဒါးဂတ်စကားရှိ အကျဉ်းထောင်များတွင် ကြွက်များ သောင်းကျန်းလွန်းနေသည်မှာ အန္တရာယ်ရှိကြောင်း ပညာရှင်များက ထောက်ပြခဲ့ကြသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment