Monday, November 24, 2014

လိပ်ကျွန်းအမှုအတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ထိုင်းဝန်ကြီးချုပ်တို့ ဆွေးနွေးမည်

24 November 2014 09:53(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
မြန်မာလူငယ် ၂ ဦး ဖမ်းဆီး ခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ခေါင်းဆောင်တဲ့ ၁၂ ဦးပါ ကိုယ်စားလှယ် အဖွဲ့ဟာ နိုဝင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိ လာပါတယ်။

ဦးခင်အောင်မြင့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာလူငယ် ၂ ယောက်ရဲ့အမှုကို လိုက်ပါ ဆောက်ရွက်နေတဲ့ အထူးစုံစမ်းရေး အဖွဲ့နဲ့ ဆွေးနွေး ခဲ့ပါတယ်။

မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ ထိုင်းဝန်ကြီးချုပ် အပါအဝင်၊ ထိုင်းလွှတ်တော်အဖွဲ့ဝင်များ တွေ့ဆုံပြီး ကော့တောင်ကျွန်းလူသတ်မှုတွင် မတရားဖမ်းဆီး ခံထားရတဲ့ မြန်မာအလုပ်သမား ၂ ယောက်ကိစ္စကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အမှုကို ကူညီပေးနေတဲ့ ထိုင်းလူ့အခွင့်အရေး ကော်မရှင်နဲ့ ထိုင်းရှေ့နေများ ကောင်စီနဲ့ လည်း တွေ့ဆုံဖို့ စီစဉ်ထားသလို ကော့စမွေအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မောင်ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကိုလည်း သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဦးခင်အောင်မြင့်နဲ့အဖွဲ့ဟာ လူငယ် ၂ ယောက် အာမခံအတွက် ကုန်ကျမယ့်ငွေကြးတွေကို ကူညီပေးမှာ ဖြစ်ပြီး၊ အထူးစုံစမ်းရေးအဖွဲ့အတွက် လိုအပ်တဲ့ကိစ္စအဝဝကို အတတ်နိုင်ဆုံး ကူညီပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ဥပဒေပညာကျွမ်းကျင်သူတွေနဲ့ မှုခင်းဆေးပညာရှင်တွေ လိုက်ပါလာတယ်လို့ သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment