Monday, November 24, 2014

မင်္ဂလာဒုံမြို့နယ် ဆိုင်ကယ်တိုက်မှု (၂)ဦးသေ (၂)ဦးဒဏ်ရာရ

24 November 2014 18:58(+0630) (3 မိနစ် ခန့်က)
ဆိုင်ကယ်မှ လမ်းဖြတ်ကူးသူအားတိုက်မိပြီး မောင်းနှင်ထွက်ပြေးရာ တဘက်ယာဉ်ကြောမှ မော်တော်ယာဉ်အား ထပ်မံတိုက်မိခဲ့သဖြင့် (၂)ဦးသေ (၂)ဦးဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂၄

၂၃.၁၁.၂၀၁၄ ရက်နေ့ ၁၉၄၅ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ မင်္ဂလာဒုံမြို့နယ်နေ ကိုကျော်ဇေလတ်၊(၃၂)နှစ်၊ စီနင်းမောင်းနှင်လာသည့် JLM အမျိုးအစားဆိုင်ကယ်သည် ထောက်ကြန့်၊ အလက(၉)ကျောင်း အနီး အရောက် လမ်းဖြတ်ကူးသူ မင်္ဂလာဒုံမြို့နယ်နေ မဇာဇာ၊ (၂၁)နှစ်အား တိုက်မိခဲ့ပြီးနောက် မောင်နှင်ထွက်ပြေးရာ တစ်ဘက် ယာဉ်ကြော သို့ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ၄င/---JAC(၂၂)ဘီးယာဉ်အား ထပ်မံတိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ကိုကျော်ဇေလတ်တွင် ဦးခေါင်း ပေါက်ပြဲကြေမွဒဏ်ရာ၊ ဆိုင်ကယ်နောက်တွင် လိုက်ပါ စီးနင်းသူများဖြစ်သည့် မင်္ဂလာဒုံမြို့နယ်နေ ကိုဝေလင်းဦး၊ (၂၈)နှစ်တွင် ၀ဲချိုစောင်းနှင့်ဝဲဒူးတို့တွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ကိုမိုးမင်းအောင်၊ (၃၉)နှစ်တွင် ယာဘက်ခြေမနှင့် ခြေညှိုးပြတ်ဒဏ်ရာများရရှိခဲ့ပြီး ဆိုင်ကယ် တိုက်ခံရသူ မဇာဇာတွင် ဦးခေါင်းယာချိုစောင်းနှင့်ဝဲပေါင်တို့တွင်ဖူးရောင် ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့ကြသဖြင့် အင်းစိန်ဆေးရုံသို့တင်ပို့ကုသစဉ် ကိုကျော်ဇင်လတ်နှင့် ကိုဝေလင်းဦးတို့(၂)ဦးမှာ သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်အတွက် ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ ကိုကျော်ဇေလတ် (သေဆုံး)အား အင်းစိန်မြို့မရဲစခန်း ယာဉ်(ပ)၆၃/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment