Friday, November 21, 2014

သမ္မတဦးသိန်းစိန်နဲ့ ဗွီအိုအေ သီးသန့် တွေ့ဆုံ မေးမြန်း

20 November 2014 20:32(+0630) (လွန်ခဲ့သော 21 နာရီ ခန့်က)
မြန်မာနိုင်ငံရဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ လွှတ်တော်ကသာ အဓိက တာဝန်အရှိဆုံး ဖြစ်ပြီး သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ ရဲ့ အဆုံးအဖြတ် မဟုတ်ဘူးလို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။ ဒါ့အပြင် တိုင်းပြည် တပြည်လုံးကိစ္စကို လူလေးယောက် ထဲနဲ့ ဆွေးနွေးတာဟာ မပြည့်စုံဘူးလို့ မြင်တယ်ဆိုပြီးတော့ လည်း ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတဲ့ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးအပေါ် တုန့်ပြန် ပြောဆိုပါတယ်။ ဒီကနေ့ နေပြည်တော်မှာ ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းအတွင်း သမ္မတဦးသိန်းစိန်က အဲဒီလိုပြောတာပါ။

ကချင်ပြည်နယ်မှာ မကြာခင်ရက်ပိုင်းက အစိုးရစစ်တပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ရဲ့ အရာရှိလောင်း အယောက် ၂၀ ကျော် သေဆုံးရတဲ့ဖြစ်ရပ်အတွက် တပ်မတော်အနေနဲ့ သတင်းထုတ်ပြန်မှုတွေ ပိုလုပ်သွားရ မယ်လို့ သမ္မတကပြောသလို ဒီလို သွေးထွက်သံယို ပဋိပက္ခတွေ တားဆီးနိုင်ရေးအတွက် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မှု အဖွဲ့တွေနဲ့ ဆက်ဆံရေးရုံးတွေ ပိုပြီးဖွင့်လှစ်သွားရမယ်လို့လည်း ပြောပါတယ်။

ရခိုင်ဒေသ အခြေအနေနဲ့ပတ်သက် လို့တော့ ပြည်ပက လှုံ့ဆော်မှုတွေရှိနေပေမယ့် ရခိုင်ဒေသဟာ တည်ငြိမ်အေးချမ်းနေပြီး လိုအပ်တဲ့အကူအညီတွေကို နိုင်ငံတကာနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနေ တယ်လို့ သမ္မတဦးသိန်းစိန်ကပြောပါတယ်။

ပြည်တွင်းမှာဖြစ်နေတဲ့ ဘာသာရေးခွဲခြား လှုံ့ဆော်မှုတွေကိုလည်း ဆိုးဆိုးရွားရွားဖြစ်လာရင် တရားဥပဒေအတိုင်း အရေးယူသွား မယ်လို့ဆိုပါတယ်။ သတင်းလွတ်လပ်ခွင့်ဆိုတာဟာ အမှန်တရားကို လူထုသိစေချင်လို့ ပေးထားတာဖြစ်ပြီး သူသာ ဒုတိယ သမ္မတသက်တမ်း ဆက်ထမ်းဆောင်ဖြစ်ရင် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးကို ဦးစားပေးလုပ်သွားမယ်လို့ သမ္မတဦးသိန်းစိန်က ပြောသွားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment