Monday, November 24, 2014

နမ့်ခမ်းမြို့ရှိ ကျားနှစ်ကျားပါတီမှ ပူးတွဲထုတ်ပြန်ကြေငြာ ချက် စာတစ်စောင် ထုတ်ပြန်

24 November 2014 03:52(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
နိုဝင်ဘာလ၂၃ ရက် ၂၀၁၄

သျှမ်းမြောက် နမ့်ခမ်းမြို့ရှိ SNLD ကျားခေါင်းပါတီ နှင့် ကျားဖြူပါတီ SNDP တို့က နိုဝင်ဘာလ ၂၁ ရက်နေ့ ၌ ပူးတွဲထုတ်ပြန် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ ကြကြောင်း သတင်းရရှိသည်။

အဆိုပါ ပူးတွဲ ထုတ်ပြန် ကြေငြာ စာတွင် ၂၀၁၄ နိုဝင်ဘာလ ၁၇ ရက် ပြည်ထောင်စု လွှတ်တော်၌ ပြည်ထောင်စု ကြံ့ခိုင်၊ ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းက တိုင်းရင်းသားပြည်နယ် (၇) ပြည်နယ်ကို လူမျိုးစုနာမည်အစား မြို့တော်နာမည်များဖြင့် ပြောင်းလဲရန် လွှတ်တော်အတွင်း အကြံ ပြုချက်ကို နမ့်ခမ်းမြို့ရှိ SNLD ကျားခေါင်းပါတီ နှင့် ကျားဖြူပါတီ SNDP တို့မှ ကန့်ကွက်ကြောင်း၊ မည်သည့်နည်းမျှ သဘောမတူကြောင်း ပါရှိသည်ကိုတွေ့ရသည်။

ဦးအောင်သောင်းတင်သွင်းခဲ့သောအဆိုကို မိမိတို့အနေဖြင့် များစွာအံ့သြတုန်လှုပ်မိပါကြောင်း၊ တိုင်းရင်းသားများအတွက် ဒီမိုကရေစီနိုင်ငံတော်ဘက်သို့ခြေလှမ်းဦးတည်နေချိန် လွှတ်တော် အမတ်တဦးအနေဖြင့် ဤသို့သော အဆိုများ မတင် သွင်း သင့်ကြောင်း နမ့်ခမ်းမြို့ ကျားဖြူပါတီ SNDP အတွင်းရေးမှူး ဦးစိုင်းထွန်းလှက ဆိုသည်။

“ နမ့်ခမ်းမြို့ ရှိ ပါတီနှစ်ခု အနေနဲ့ကော ပြည်သူအနေနဲ့ပါ ပြည်နယ်နာမည်ပြောင်းမပြောနဲ့ ။ နမ့်ခမ်းမြို့နယ် အ တွင်းမှာ ရှိတဲ့ ရပ်ကွက် ကျေးရွာ အမည်များကို နဂိုရှိရင်းစွဲ သျှမ်းအမည် နာမ ကာလ ကြာရှည် ရှိစေရေးအ တွက်ပြည်နယ်နာမည်တွေ ပြောင်းလဲခေါ်ဆိုမည့် အဆိုတင်သွင်းမှုကို ကျန်ုပ်တို့အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်တယ် ” ၄င်းကသျှမ်းသံတော်ဆင့်အားပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ဖွံဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း တင်သွင်းသည့် အဆိုကြောင့် မြန်မာနိုင်ငံ တိုင်းရင်းသားများအတွက် ကြီးမားသည့်ပြဿနာများ ဖြစ်လာနိုင်ပါကြောင်း အမည် မဖော်လိုသည့် သျှမ်းနိုင်ငံရေးသမားတစ်ဦးက ဆိုသည်။

သျှမ်းပြည်လူထုအနေဖြင့်လည်း ၂၀၀၈ အခြေခံဖွဲ့စည်းပုံဥပဒေကို ကောင်းစွာလေ့လာထားသင့်ကြောင်း၊ ၂၀၀၈ အခြေခံဖွဲ့စည်းပုံဥပဒေကို ကောင်းစွာသိထားပါက ပြဿနာတစ်စုံတစ်ခုပေါ်ပေါက်လာလျှင်လည်း ကျန်ုပ်တို့ အတူတကွပူးပေါင်းပြီး ဖြစ်ပေါ်လာသည့်ပြဿနာ များကို လွယ်ကူစွာ ဖြေရှင်း နိုင်မည်ဟု နမ့်ခမ်း မြို့ ကျားဖြူပါတီ SNDP အတွင်းရေးမှုး ဦးစိုင်းထွန်းလှ က ထပ်လောင်းပြောကြားသည်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment