နေပြည်တော်၊ နိုဝင်ဘာ ၂၃
၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ ဝဝ၁ဝ အချိန် မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာအနောက်ဘက်(၂)ဖာလုံခန့်အကွာရှိ မဲဇာလီဆည် ဗိုလ်တဲအဆင်း လမ်းတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ မဲဇလီရဲကင်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ စေတုတ္တရာမြို့နယ်၊ ကျောက်မုံရွာမှ ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာသို့ မဲဇလီကျေးရွာနေ သိန်းဇော်ထွန်း(၃၄)နှစ်မောင်းနှင်လာသော ၉ဌ/**** ဖောအပြာရောင်ယာဉ်မှာ မဲဇလီဆည် ဗိုလ်တဲအဆင်းလမ်းတွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်သို့ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူများအနက် မဲဇလီကျေးရွာနေသူများ ဖြစ်ကြသည့် ဝင်းမောင်ဦး(၃၉)နှစ်နှင့် ဝင်းလှိုင်(၄၃)နှစ်တို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး တစ်ရွာတည်းနေ စန်းမြိုင်(၄ဝ)နှစ်တွင် ဖူးရောင်ပွန်းပဲ့နာကျင်ဒဏ်ရာများရရှိခဲ့ သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ သိန်းဇော်ထွန်းအား ပွင့်ဖြူမြို့မရဲစခန်း ယာဉ်(ပ)၃၃/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
No comments:
Post a Comment