Monday, November 24, 2014

ကလောမြို့ မှာ အရက်အတူသောက်ရင်း စကားများ ရန်ဖြစ်ရာက လူသတ်မှုဖြစ်

24 November 2014 12:02(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က)
နေပြည်တော်၊ နိုဝင်ဘာ ၂၃

၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ ကလောမြို့၊ အမှတ်(၁)ရပ်ကွက်နေ ဦးဖိုးလီး(၅၈)နှစ်မှာ ၎င်း၏နေအိမ်တဲအတွင်း၌ ဝဲခြေထောက်ပွန်းပဲ့ဒဏ်ရာများ ရရှိကာ မှောက်လျက်အနေအထားဖြင့်သေဆုံးနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ လာရောက် အကြောင်းကြားချက်အရ ကလောမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ဦးဖိုးလီးအား ဝဲခြေကျင်းဝတ်အထက်/ဝဲခြေဖမိုး/ဝဲလက်ကောက်ဝတ်/ဝဲချိုစောင်း/ဦးခေါင်း နောက်စေ့အထက်ပြတ်ရှ၊ ယာလက်ကောက်ဝတ်/ဝဲချိုစောင်းဖူးယောင်ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံး နေသည်ကို တွေ့ရှိရသည်။

စစ်ဆေးချက်အရ ယင်းနေ့နံနက် ၁ဝ နာရီခွဲအချိန် ဦးဖိုးလီး၏တဲ၌ ဦးဖိုးလီးနှင့် တစ်ရပ်ကွက်တည်းနေ ဦးလှထွန်း(ခ)ဦးဖိုးခွေး(၄၇)နှစ်တို့ အရက်အတူသောက်နေစဉ် စကားများရန်ဖြစ်ရာက ဦးလှထွန်း(ခ)ဦးဖိုးခွေးမှ အနီးရှိ အရှည်(၃)ပေ(၄)လက်မခန့်၊ လုံးပတ်(၁)လက်မခွဲ ခန့်ရှိ ပင်စိမ်းသားတုတ်ဖြင့်ရိုက်ပြီး အရိုးအသွား(၁)ပေ(၉)လက်မခန့်ရှိ ထင်းခုတ်ဓါးမနှင့်ထပ်မံခုတ်ခဲ့သဖြင့် ဦးဖိုးလီးတွင် ဒဏ်ရာများရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် ဦးလှထွန်း(ခ)ဦးဖိုးခွေးအား ကလောမြို့မရဲစခန်း(ပ)၇၃/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment