Monday, November 24, 2014

ကင်ညာမှာ ဘာသာရေးစစ် ဖြစ်ဖို့ အယ်လ်ရှာဘတ်တွေ ရည်ရွယ်

23 November 2014 20:20(+0630) (လွန်ခဲ့သော 22 နာရီ ခန့်က)
ကင်ညာ နိုင်ငံမှာ ဘတ်စ်ကား တစ်စီးပေါ်က ခရီးသည် ၂၈ ဦးကို ဆိုမာလီ ဘာသာရေး အစွန်းရောက် လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ al-Shabab တွေက သတ်ဖြတ် ခဲ့တာဟာ တိုင်းပြည်ထဲမှာ ဘာသာရေး စစ်ပွဲတွေ ဖြစ်လာစေ ဖို့ ရည်ရွယ် လုပ်ဆောင်ခဲ့တာ ဖြစ်တယ် ဆိုပြီး၊ ကင်ညာသမ္မတ အူဟူရူ ကဲန်ညားတား ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

သူတို့ ရည်ရွယ်ချက် က ဒီတိုင်းပြည် ထဲက မွတ်ဆလင်မ်တွေ နဲ့ မွတ်ဆလင်မ် မဟုတ်သူတွေ ကြားထဲမှာ ပဋိပက္ခ ဖြစ်လာစေဖို့ ရည်ရွယ်တာပါ၊ သူတို့ ရည်ရွယ်တာ မအောင်မြင်ဖို့ ကျနော်ကတော့ မျှော်လင့်ပါတယ် ဆိုပြီး သမ္မတ ပြောခွင့်ရ Abdikadir Mohammed က ဘီဘီစီကို ပေးတဲ့ အင်တာဗျူးထဲမှာ ပြောသွားပါတယ်။

ကင်ညာက ဘာသာပေါင်းစုံ ပြည်သူတွေ လက်တွဲပြီး ဒီလို ကြမ်းကြုတ်တဲ့ ရာဇဥတ်မှုတွေကို ဆန့်ကျင်ကြဖို့လည်း မစ္စတာ Mohammed က တိုက်တွန်း လိုက်ပါတယ်။

ကင်ညာရဲ့ ကမ်းရိုးတမ်းမြို့ Mombasa မှာ အစိုးရ တပ်ဖွဲ့ဝင်တွေက မွတ်ဆလင်မ် တွေကို သတ်ဖြတ်ခဲ့လို့ လက်တုန့်ပြန် ခဲ့တာ ဆိုပြီး Al-Shabab အဖွဲ့က ကြေညာ ထားပါတယ်။


အစ္စလာမ် ဘာသာရေး ကျမ်းစာ မရွတ် နိုင်သူတွေကို အယ်လ်ရှာဘတ် တွေက သတ်ဖြတ်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment