Monday, November 3, 2014

ဖန်လုံအိမ် ဓာတ်ငွေ့ မလျှော့ချလျှင် လူတွေအတွက် အန္တရာယ်ကြီး

3 November 2014 02:28(+0630) (လွန်ခဲ့သော 16 နာရီ ခန့်က)
ကမ္ဘာ ပေါ်မှာ အခု ရာစုနှစ် ကုန်လောက်မှာ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လုပ်နေ မှုတွေ၊ သိသိ သာသာ မလျှော့ ချ နိုင်ဘူးဆို ရင် ဂေဟ စနစ် ဆိုးဝါး လာပြီး၊ လူတွေဟာ ပြန်ပြင်လို့ မရတဲ့ ပျက်ဆီး မှုတွေနဲ့ ရင်ဆိုင်ရ လိမ့်မယ်လို့ ကုလသမဂ္ဂ က ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကျွမ်းကျင် သူတွေက အစီရင် ခံစာ ထုတ်ပြန် လိုက် ပါတယ်။

စာမျက်နှာ ၄၀ ပါတဲ့ ဒီ အစီရင် ခံစာမှာ ကမ္ဘာကြီး ပူနွေးလာ မှုဟာ ရှင်းရှင်း လင်းလင်းကို သိသာ လာနေပြီး၊ ဒါတွေဟာ အဓိက အားဖြင့် လူတွေကြောင့် ဖြစ်ရ တာလို့ ဖေါ်ပြထား ပါတယ်။

အန္တရာယ် ရှိလှတဲ့ ရာသီဥတု ပူနွေးမှုကို ရှောင်ရှား နိုင်ဖို့ ဆိုရင် အခု ရာစုနှစ် အလယ်လောက် ကျရင် လျှပ်စစ် ဓာတ်အား ထုတ်လုပ် ရာမှာ ကာဗွန် လုံးဝ နီးပါး မထွက်အောင် လုပ်ဖို့ လိုအပ် တယ်လို့ ဆိုပါတယ်။

ကိုပေဟေဂင်မှာ ပြုလုပ်တဲ့ ဒီ အစည်း အဝေးမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကိုယ်တိုင် တက်ရောက် ခဲ့ပြီး သူကလည်း၊ ကမ္ဘာကြီး ပူနွေး လာမှုဟာ လူကြောင့် ဖြစ်နေ ရတယ် ဆိုတာ ပိုပြီး ရှင်းလင်း လာနေ တယ်လို့ ပြောကြား သွားပါတယ်။

ဒီအတွက် အန္တရာယ်တွေ မကျ ရောက်အောင် အလျင် အမြန် စိတ်ရော ကိုယ်ပါ အရေးယူ ဆောင်ရွက် ကြဖို့ လိုနေပြီလို့ ပြောကြားသွား ခဲ့ပါတယ်။



ကမ္ဘာကြီး ပူနွေး လာမှုဟာ လူကြောင့် ဖြစ်နေ ရတယ် ဆိုတာ ပိုပြီး ရှင်းလင်း လာနေ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment