ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက် မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်း သူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)မှ မသန်စွမ်းသူများ၏ ဝှီးချဲစွမ်းရည် ပြသခြင်းကို နိုဝင်ဘာ ၁၆ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့တော်ခန်းမရှေ့မှ စတင်တာထွက်ရာ ရန်ကုန်-မန္တလေး ကားလမ်းတစ်လျှောက် မသန်စွမ်းသူ များ ဝှီးချဲစွမ်းရည်လက်တွန်းဖြင့် ပြသ ခဲ့ရာ နိုဝင်ဘာ ၂၅ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ပျဉ်းမနားမြို့သို့ ရောက်ရှိခဲ့သည်။
အဆိုပါ မသန်စွမ်းအားကစား လက်တွန်းအဖွဲ့တွင် မသန်စွမ်းသူ ၁၃ ဦးအား အဖွဲ့ ခေါင်းဆောင် ဦးတင်ငွေလင်း ဦးစီး၍ မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် ကြက်ခြေနီတပ်စုမှူး ဒေါ်စိုးမိုးထွေးပါဝင်ပြီး ကြက်ခြေနီ ခြောက်ဦး၊ အဖွဲ့ခေါင်းဆောင်တစ်ဦး၊ အုပ်ချုပ်သူ လေးဦးတို့က အနီးကပ်ကြီးကြပ်ကာ ရန်ကုန်-မန္တလေးကားလမ်းဟောင်းလမ်းအတိုင်း စွမ်းရည်ပြသခဲ့ရာ လမ်းခရီးတွင် ရန်ကုန်နှင့် မန္တလေးကြားရှိ မြို့နယ် ၁၇ မြို့နယ်တွင် ညအိပ်နားမည်ဖြစ် ကြောင်းနှင့် နိုဝင်ဘာ ၂၅ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် အဆိုပါ မသန်စွမ်းအဖွဲ့ ပျဉ်းမနားမြို့သို့ ရောက်ရှိရာ မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများက ခရီးဦးကြိုဆိုကြပြီး အလှူရှင်များက ရေသန့်ဘူးနှင့် အအေးဘူးများ ဝေငှ ခဲ့ကြောင်း သိရသည်။
မသန်စွမ်း ဝှီးချဲစွမ်းရည်ပြသသည့် အားကစားအဖွဲ့သည် ပျဉ်းမနားမြို့ ပေါင်းလောင်းရပ်ကွက်ရှိ ရာဇသင်္ဂဟလမ်းမကြီးနှင့် ရန်ကုန်-မန္တလေးကားလမ်းဟောင်း လမ်းဆုံရှိ နှင်းဆီပန်းအဝိုင်းတွင် အမှတ်တရစုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ဆက်လက်ထွက်ခွာရာ နံနက် ၁၁ နာရီတွင် ဇေယျာ သီရိမြို့နယ်သို့ရောက်ရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများက ကြိုဆိုကာ ဒီဇင်ဘာ ၂ ရက်တွင် မန္တလေးမြို့သို့ ပန်းဝင်မည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment