Sunday, November 2, 2014

လေးစားချင်ခင်ရတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ချစ်ခင်မြတ်နိုးကြသော ပရိတ်သတ် ညီအကိုတို့ အသိပေးစရာ ကြောငြာစရာလေးရှိလို့ပါ ။

လေးစားချင်ခင်ရတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ချစ်ခင်မြတ်နိုးကြသော ပရိတ်သတ် ညီအကိုတို့ အသိပေးစရာ ကြောငြာစရာလေးရှိလို့ပါ ။

၁ / ထွန်းထွန်းမင်း သည် အဖေ ဗုဒ္ဓဘာသာမွန်လူမျိုး နှင့် မိခင် မွတ်စလင် ( အစ္စလာမ် ဘာသာဝင် ) တို့ မှ မွေးဖွားထားသော မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ပါသည် ။ ဤသို့ တရားဝင် သိထားရပါသည် ။ ဤသတင်းအား သူကိုယ်တိုင် မွတ်စလင် ( အစ္စလာမ် ဘာသာဝင် )တစ်ဦးဖြစ်ကြောင် အတည်ပြုပီးလဲ ဖြစ်ပါသည် ။


၂ / ကြေငြာလိုသည်မှာ ... ဤ ကိစ္စကြောင့်ဖြစ်စေ ...သူ့ အပြုအမူ တစ်စုံတစ်ရာ ကိုမကြိုက်၍ဖြစ်စေ ...စိတ်ပါလျှင် အားပေးကြပါ ။ မပါလျှင် အားမပေးကြပါနဲ့ခင်ဗျာ ။ ရပါတယ် ။
သို့သော် မဆဲကြ ရန်မဖြစ်ကြပါရန် ညီအကိုတို့အားလေးစားစွာ မေတ္တာ ရပ်ခံပါတယ် ။
ထိုနည်းအတူ ...ထွန်းထွန်းမင်း ပရိတ်သတ်များမှလဲ မဆဲကြ ရန်မဖြစ်ကြပါရန် မေတ္တာ ရပ်ပါသည် ။
ဤသို့ ပြောရသည်မှာ တစ်ဖက်နှင့်တစ်ဖက် သူ့အမှား ကိုယ့်အမှား ရှိကြ သည်ကိုတွေ့ ရ ၍ုဖြစ်ပါသည် ။
ဤုမြန်မာရိုးရာလက်ဝှေ့ ရေရှည်တည်မြဲရေး အတွက် အခြေအနေ တစ်စုံတစ်ခုသော အတိုင်းအတာထိ ဆိုးရွားရောက်ရှိစေနိုင်သော လူမျိုး ဘာသာခွဲခြားဆက်ဆံသော HATE SPEECH အသုံးအနှုန်းများဖြင့် ပြောဆိုချင်ကို ရှောင်ရှားပြီး အားကစားကို အားကစား စိတ်သန့်သန့်ဖြင့်သာ အားပေးရန် အသိပေးကြေငြာအပ်ပါသည်ခင်ဗျာ ။
*အသိညာဏ်နည်းပါးပြီး လူမျိုးရေးအကြမ်းဖက်မူများ ဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်မူများကို အွန်လိုင်းပေါ်တွင်ပြောဆိုပြုလုပ်ရေးသားနေကြသော လူတစ်စုကြောင့်လူမျိုးဘာသာမခွဲခြားပဲ မြန်မာအားကစား ကျော်ကြားတိုးတတ်အောင်မြင်နေမူ  ကိုမရပ်တန့်စေရန်.....ဤသို့ကြေငြာရသည်ကိုနားလည်ပေးကြစေလိုပါသည် ခင်ဗျာ ။
လေးစားချစ်ခင်လျက်
.... ဆည်းဆာ......


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment