Friday, November 21, 2014

နည်းပညာတက္ကသိုလ်အောင်စာရင်း ပြန်စိစစ်ပေးရန် ကျောင်းသားများ တောင်းဆိုမည်

21 November 2014 12:10(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က)
နိုဝင်ဘာ ၁၆ ရက်နေ့က ထွက်ရှိခဲ့တဲ့ နည်းပညာတက္ကသိုလ် အောင်စာရင်းက ပွင့်လင်းမြင်သာမှု လို့ ပြန်လည်စိစစ်ပေးဖို့ ကျောင်းသားတွေက လက်မှတ်ရေးထိုး တောင်းဆိုကြမှာ ဖြစ်ပါတယ်။

မြန်မာတနိုင်ငံလုံးမှာ နိုဝင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ နည်းပညာတက္ကသိုလ် အောင်စာရင်းတွေက တရားမျှတမှု မရှိဘူးဆိုပြီး ကျောင်းသားတွေက ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားလိုက်တာပါ။

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အောင်စာရင်းထုတ်ပြန်ရေးဆိုင်ရာ အစည်းအဝေး ဆုံးဖြတ်ချက်တွေက ပွင့်လင်းမြင်သာမူမရှိတဲ့အပြင် ၀န်ကြီးဌာနက သတ်မှတ်ပေးတဲ့ အရေအတွက်အတိုင်း အောင်စာရင်း ထုတ်ပြန်တာကို မလိုလားဘူးလို့ ကျောင်းသားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မော်ဘီနည်းပညာ တက္ကသိုလ်ကျောင်းသား ၁ ဦးက စာမေးပွဲကျတဲ့ အတွက် မိမိကိုယ့်ကိုယ် အဆုံးစီရင်ခဲ့ပြီး အဲဒီကျောင်းသားရဲ့ အဖြေလွှာကို ပြန်စစ်ပေးဖို့ အတွက်လည်း နည်းပညာတက္ကသိုလ်ကျောင်းသားတွေက တောင်းဆိုနေပါတယ်။

လက်ရှိထုတ်ပြန်ထားတဲ့ နည်းပညာတက္ကသိုလ်အောင်စာရင်းကို ပြန်လည်စိစစ်ပေးဖို့ အတွက် ကျောင်းသား ၁၀၀၀ ကျော်က လက်မှတ်ရေးထိုးထားပြီး သက်ဆိုင်ရာကို တင်ပြသွားဖို့ ရှိနေပါတယ်။

သိပံ္ပနဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးကတော့ နည်းပညာတက္ကသိုလ် ကျောင်းသားတွေ စာမကျက်ကြလို့သာ ဒီနှစ်စာမေးပွဲ အကျများတာလို့ နိုဝင်ဘာ ၁၉ ရက်က နေပြည်တော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment