Saturday, November 1, 2014

ပုဂ္ဂလိက အာကာသ ခရီးသွားလုပ်ငန်း အတွက် စမ်းသပ် ပျံသန်းတဲ့ ဗာဂျင်း ဂလဲတစ် ယာဉ် ပျက်ကျ

Virgin Galactic လို့ ခေါ်တဲ့ အာကာသယာဉ်ဟာ အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ် သဲကန္တာရထဲမှာ၊ အစမ်း ပျံသန်းမှု ပြုလုပ်စဉ်၊ ပျက်ကျ သွားတဲ့ အတွက်၊ အာကာသယာဉ်မှုးတစ်ယောက် သေဆုံးပြီး နောက် တစ်ဦး လည်း အပြင်းအထန် ဒဏ်ရာ ရသွား ပါတယ်။

အာကာသထဲကို ခရီးသွား လိုတဲ့ သူတွေဆီက အခကြေးငွေ ယူပြီး ပို့ ဆောင်ပေးမယ့် အာကာသ ခရီးသွား လုပ်ငန်း လုပ်ဆောင်ဖို့ ဒီ Virgin Galactic ယာဉ်ကို ဗြိတိသျှ စီးပွားရေး လုပ်ငန်း ဖြစ်တဲ့ Virgin အုပ်စုက တည်ဆောက် ထားတာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် ထဲမှာ လုပ်ငန်း စတင်နိုင်ဖို့ အခုလို စမ်းသပ် ပျံသန်းမှုတွေ လုပ်ဆောင် နေကြတာပါ။ အာကာသ ခရီး ထွက်လိုကြတဲ့ ရာနဲ့ချီတဲ့ သူတွေ ကြိုတင် လက်မှတ် ယူထား ကြပြီးလည်း ဖြစ်ပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment