Monday, November 3, 2014

ဗိုလ်ချုပ်ကျောက်တိုင် မြေနေရာ ပြည်သူပိုင်အဖြစ် သတ်မှတ်စေလို

3 November 2014 02:28(+0630) (လွန်ခဲ့သော 16 နာရီ ခန့်က)
ပဲခူးတိုင်း ဒေသကြီး အင်းတကော်မြို့နယ် အင်းတကော် ကျေးရွာက ဗိုလ်ချုပ် ကျောက်တိုင်နဲ့ ဗိုလ်တဲ မြေနေရာကို ပြည်သူပိုင်အဖြစ် သတ်မှတ်ပေးဖို့ ဒေသခံ ၂ဝဝ ကျော်က ပဲခူးမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

ကုမ္ပဏီတစ်ခုက သိမ်းဆည်းထားတဲ့ ဗိုလ်ချုပ်ကျောက်တိုင်နဲ့ ဗိုလ်တဲမြေနေရာ ပြန်လည်ရရှိဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့က ဒေသခံတွေက သတင်းစာရှင်းလင်းပွဲကျင်းပပြီး တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီသတင်းစာရှင်းလင်းပွဲကို လူအုပ်စုတစ်ချို့က ဝင်ရောက်ရိုက်နှက်ခဲ့တဲ့အတွက် ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

ဆန္ဒပြရာမှာ ပါဝင်တဲ့ ဒေသခံတစ်ဦးဖြစ်သူ ကိုတင်နိုင်အေးက မြေနေရာကို ပြည်သူပိုင်သတ်မှတ်ပေးဖို့အပြင် ရိုက်နှက်ခဲ့သူတွေကို အရေးယူပေးဖို့ တောင်းဆိုတာလို့ ပြောပါတယ်။

"တောင်းဆိုချက်က ဒေသအာဏာပိုင်တွေပူးပေါင်းပြီး တပ်မြေသိမ်းမှုကို အမြန်ဆုံးဖော်ထုတ်ပေးရေး ၅ ရက် ၁ဝ လ ၂ဝ၁၄ နေ့ အင်းတကော်မြို့နယ်က သတင်းစာရှင်းလင်ပွဲ အကြမ်းဖက်ရိုက်နှက်ခံသူများ၏ နောက်ကွယ်မှကြိုးကိုင်သူများကို အမြန်ဆုံး အရေးယူပေးရေး၊ အင်းတကော် ရဲစန်းနဲ့ အုပ်ချုပ်ရေးမှူးရုံးအနီးရှိ မင်းမဲ့စရိုက်၊ တရားဥပဒေစိုးမိုးရေးကို နေ့ခင်းပြောင်ပြောင်တင်းတင်းကြီး ချိုးဖောက်သူများကို အမြန်းဆုံး ထိရောက်အရေးယူပေးရေး သတင်းစာရှင်းလင်းပွဲမှာ အကြမ်းဖက်မှုနဲ့ တရားဥပဒေစိုးမိုးမှု မရှိတဲ့အကြောင်းကို ဆန္ဒပြတာပါ"

အင်းတကော်မြို့နယ် အင်းတကော်ကျေးရွာကို ဗိုလ်ချုပ်အောင်ဆန်း စည်းရုံးရေး လုပ်ငန်းစဉ်တွေဆောင်ရွက်စဉ် ရောက်ရှိခဲ့ပြီးအဲ့ဒီဗိုလ်တဲမှာ တည်းခိုခဲ့ဖူးတဲ့အတွက် ဒေသခံတွေကကျောက်တိုင်နဲ့ ဗိုလ်တဲမြေနေရာကို ပုဂ္ဂလိကကုမ္ပဏီကို မရောင်းပဲ ပြည်သူပိုင်အဖြစ်သာ ထားလိုကြပါတယ်။

ဝင်ရောက်ရိုက်နှက်ခဲ့သူတွေကို အင်းတကော်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပေမယ့် အခုချိန်ထိ အမှုမစစ်သေးဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။




သတင်းစာရှင်းလင်းပွဲ အကြမ်းဖက်မှုအား ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲကျင်းပ။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment