Saturday, November 22, 2014

မြန်မာ့ လူ့အခွင့်အရေး ကုလကော်မတီမှာ အတည်ပြု

22 November 2014 08:51(+0630) (လွန်ခဲ့သော 10 နာရီ ခန့်က)
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ ဆုံးဖြတ်ချက် တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ မှာ နိုဝင်ဘာလ ၂၁ ရက်၊ သောကြာနေ့က မဲမခွဲဘဲ အတည်ပြု လိုက်ပါ တယ်။

လူ့အခွင့်အရေး အခြေအနေ တိုးတက်ဖို့ မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့ တချိန်ထဲမှာပဲ အထူးသဖြင့် တော့ ရခိုင်ပြည်နယ်ဘက်မှာ ကုလသမဂ္ဂက ရိုဟင်ဂျာလို့ခေါ်တဲ့ မူစလင်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ အခုဆုံးဖြတ် ချက်ထဲမှာ အဓိက ထောက်ပြထားတာပါ။

ဒီလိုမျိုး ကုလသမဂ္ဂက ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲတာဟာ ဒီအရေးကြီိးတဲ့ကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အတားအဆီး ပဲ ဖြစ်စေမယ်ဆိုပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်တင်က အပြင်းအထန် ကန့်ကွက်ပြောဆိုပါတယ်။

ဒီဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂ EU ကမကထပြုပြီးတော့ မူကြမ်းရေးဆွဲတာဖြစ်ပြီး အထွေထွေညီလာခံမှာ ဆက်ပြီးတော့ အတည်ပြုရမှာဖြစ်ပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သီးခြား ဆွေးနွေးတာတွေ၊ ဆုံးဖြတ်ချက်ချတာတွေကို ဆက်မလုပ်တော့ဘူး သမ္မတ ဦးသိန်းစိန်အပါအ၀င် မြန်မာအစိုးရတာဝန်ရှိသူတွေက တိုက်တွန်း တောင်းဆိုထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment