Monday, November 24, 2014

မုံရွာမြို့ မှာ ပါဂျဲရိုးကား ဆိုင်ကယ်(၁၂)စီးနှင့် ဈေးဝယ်နေသူများအား ဝင်ရောက်တိုက်မိသဖြင့် သေဆုံး/ဒဏ်ရာရ

24 November 2014 12:36(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)
အရှိန်မထိန်းနိုင်သောယာဉ်မှ လမ်းဘေးတွင်ရပ်ထားသော ဆိုင်ကယ်(၁၂)စီးနှင့် ဈေးဝယ်နေသူများအား ဝင်ရောက်တိုက်မိသဖြင့် သေဆုံး/ဒဏ်ရာရ

နေပြည်တော်၊ နိုဝင်ဘာ ၂၃

၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၆ နာရီအချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ရွှေစည်းခုံဘုရားရှေ့၊ သာသနာ့ ဗိမာန်အနီးတွင် မုံရွာမြို့၊ အလယ်ရပ်ကွက်နေ သက်ထွန်းအောင်(၃၆)နှစ်မောင်းနှင်ပြီး ဘူတာရပ်နေ နီမင်းထွန်း(၃၂)နှစ်လိုက်ပါလာသော YGN-2D/**** ပါဂျဲရိုးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ရပ်ထားသည့် ဆိုင်ကယ်(၁၂)စီးနှင့် လမ်းသွားလမ်းလာ ဈေးဝယ်နေသူများအား ဝင်ရောက်တိုက်မိခဲ့သည်။

ထိုသို့တိုက်မိမှုကြောင့် မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ ဦးမျိုးမြင့်(၅ဝ)နှစ်ပါ(၉)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် မုံရွာ ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် ယင်းနေ့ ည ရ နာရီ ၅၅ မိနစ်အချိန် ဦးမျိုးမြင့်မှာ ရရှိသော ဒဏ်ရာများဖြင့် ဆေးရုံ၌သေဆုံးသွားသောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ သက်ထွန်းအောင်အား မုံရွာမြို့မရဲစခန်း ယာဉ်(ပ)၁၆၇/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၈/၃၃ရ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment