Tuesday, November 25, 2014

အယ်လ်ရှာဘတ်စစ်သွေးကြွအဖွဲ့ဝင် ၁၀၀ ကျော် ကင်ညာတပ်ဖွဲ့က စစ်ဆင်ရေးနှစ်ခုဖြင့် သုတ်သင်

25 November 2014 01:37(+0630) (လွန်ခဲ့သော 17 နာရီ ခန့်က)
ကင်ညာ နိုဝင်ဘာ ၂၄

အသေအပျောက်များသော ဘတ်စ်ကားတစ်စီး တိုက်ခိုက်မှုနှင့် ဆက်နွှယ်သည့် အယ်လ်ရှာဘတ် စစ်သွေးကြွ ၁ဝဝ ကျော်အား ကင်ညာတပ်ဖွဲ့ဝင်များက သုတ်သင်လိုက်ကြောင်း ကင်ညာ ဒုတိယ သမ္မတက ပြောသည်။

ဘတ်စ်ကားတစ်စီးကို တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ဆိုမာလီယာ၌ ကင်ညာတပ်ဖွဲ့ဝင်များက စစ်ဆင်ရေးနှစ်ခုဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ခြင်းဖြစ်သည်။

စနေနေ့က တိုက်ခိုက်မှုတွင် သေနတ်သမားများက ကင်ညာမြောက်ပိုင်း ဘတ်စ်ကားတစ်စီးမှ ခရီးသည်များကို ပြန်ပေးဆွဲသွားခဲ့ကြောင်း၊ ယင်းတို့အနက် ၂၈ ဦးကို သတ်ဖြတ်ခဲ့ကြကြောင်း ကင်ညာတပ်ဖွဲ့ဝင်များက ပြောသည်။

အဆိုပါ အစ္စလာမ္မစ်အုပ်စုကို တိုက်ခိုက်ချေမှုန်းရာတွင် ပါဝင်ကူညီရန် ကင်ညာအစိုးရက ၎င်း၏တပ်ဖွဲ့ဝင်များကို ဆိုမာလီသို့ စေလွှတ်ခဲ့သည့် ၂ဝ၁၁ ခုနှစ်ကတည်းက အယ်လ်ရှာဘတ်အဖွဲ့သည်ကင်ညာ၌ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ် ခဲ့သည်။

ဆိုမာလီယာနယ်စပ်နှင့် ဆိုမာလီရှိ အယ်လ်ရှာဘတ် စခန်းနှစ်ခုတွင် ကင်ညာက မြေပြင်တပ်များနှင့် ဂျက်လေယာဉ်များဖြင့်ပါ တိုက်ခိုက်ခဲ့ရာ ယခုသီတင်းပတ်အကုန်တွင် စစ်သွေးကြွ ၁၁၅ ဦး သေဆုံးခဲ့ကြောင်း ကင်ညာကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ် ပြန်ခဲ့သည်။ (ဘီဘီစီ)




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment