Wednesday, November 26, 2014

ပိုက်ဆံချေးငှားမရသဖြင့် နေအိမ်ကိုမီးရှို့ပြီး ဓါးနှင့်ခုတ်သူ အရေးယူ

26 November 2014 18:56(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)
နေပြည်တော်၊ နိုဝင်ဘာ ၂၆

၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မိုင်းတုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ မိုင်းတုံမြို့နယ်၊ နားကောင်းမူကျေးရွာနေ မောရှည်(၃၅)နှစ်သည် ဒေါ်စိန်၏နေအိမ်သို့ရောက်ရှိလာပြီး ပိုက်ဆံချေးငှားရာ ဒေါ်စိန်မှ ပိုက်ဆံမရှိကြောင်းပြောသဖြင့် မကျေမနပ်ဖြစ်ကာ နေအိမ်ကိုမီးရှို့၍ နေအိမ်ရှေ့ရှိ ဓါးမနှင့် ခုတ်ရာ ဒေါ်စိန်တွင် ယာနားထင်/ဝဲပါးရိုး/ဝဲနားရွက်ပြတ်ရှဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသောကြောင့် ၎င်းအား မိုင်းတုံမြို့မရဲစခန်း(ပ)၁ဝ/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၄၃၆/၃၂၆/၄၅၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment