Thursday, November 27, 2014

ရန်ကုန်သို့ ဝင်သော နယ် မှတ်ပုံတင် ကားများ မြို့ဝင်ကြေး ကောက်ခံမည်

27 November 2014 13:47(+0630) (၁ မိနစ်တောင် မရှိသေးဘူး ခန့်က)
နိုဝင်ဘာ ၂၆ရက်မှ စတင်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဝင်ရောက်လာသော မော်တော်ယာဉ် များအား မြို့ဝင်ကြေး ကောက်ခံ သွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန် ကြေညာ ချက်အရ သိရသည်။

မြို့ဝင်ကြေး ပေးဆောင်ထားသည့် မော်တော်ယာဉ် များအနေဖြင့် ရန်ကုန်မြို့ အတွင်းမှ ပြန်လည်ထွက်ခွာသည့်အခါ သက်သေခံ လက်မှတ်ကို ပြသ ရမည်ဖြစ်ပြီး ယင်းလက်မှတ်ပြသနိုင်မှု မရှိလျှင် မြို့ဝင်ကြေး ကောက်ခံသောနေ့မှ စ၍ ပြန်လည် ထွက်ခွာသည့် နေ့အထိ သတ်မှတ် နှုန်းထားများအတိုင်း ရက်အလိုက် တွက်ချက် ပေးဆောင်ရမည်ဖြစ်သည်။

မြို့ဝင်ကြေး ကောက်ခံရာတွင် မှော်ဘီ၊ တိုက်ကြီး၊ သန်လျင်စသည့် မြို့နယ်များအတွင်း ကုမ္ပဏီ၊ ပုဂ္ဂလိက ဝန်ထမ်းကြိုပို့ယာဉ်များ၊ ဒလမြို့နယ်၊ ဆိပ်ကြီး ခနောင်တိုမြို့ နယ် အတွင်း ဝင်ရောက် အသုံးပြုသည့် ယာဉ်များအတွက် တစ်ရက် မြို့ဝင်ကြေးနှုန်း ထားများမှာ တစ်တန်အောက်ယာဉ် တစ်စီးလျှင် ငွေကျပ် ၁ဝဝ၊ တစ်တန်မှ သုံးတန်အထိ ယာဉ်တစ်စီးလျှင် ငွေကျပ် ၂ဝဝ၊ သုံးတန်အထက်မှ ငါးတန်အထိ ယာဉ်တစ်စီးလျှင် ငွေကျပ် ၃ဝဝနှင့် ငါးတန်အထက်ယာဉ် များအား ငွေကျပ် ၅ဝဝ စသည်ဖြင့် သတ်မှတ်ကောက်ခံသွား မည်ဖြစ်သည်။

ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီး ပြင်ပ မော်တော်ယာဉ်များကို တစ်ရက်မြို့ဝင်ကြေး ကောက်ခံရာတွင်လည်း တစ်တန်အောက် ယာဉ်တစ်စီးလျှင် ငွေကျပ် ၂ဝဝဝ၊ တစ်တန်မှ သုံးတန်အထိ ယာဉ်တစ်စီးလျှင် ငွေကျပ် ၄ဝဝဝ၊ သုံးတန် အထက်မှ ငါးတန်အထိ ယာဉ်တစ်စီးလျှင် ငွေကျပ် ၆ဝဝဝနှင့် ငါးတန်အထက်ယာဉ်များကို ငွေကျပ် ၁ဝဝဝဝ စီ ကောက်ခံမည် ဖြစ်ကြောင်းသိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment