Monday, November 24, 2014

မြောက်ကိုရီးယားကို ခုံရုံးတင်ရင် တုန့်ပြန်မှုလုပ်မယ်လို့ဆို

24 November 2014 08:54(+0630) (လွန်ခဲ့သော 10 နာရီ ခန့်က)
မြောက်ကိုရီးယားနိုင်ငံ ​ခေါင်းဆောင်ကို ​နိုင်ငံတကာ ​ခုံရုံးတင်ဖို့ ​ကုလသမဂ္ဂ ​လုံခြုံရေးကောင်စီကို ​တောင်းဆိုထားတာနဲ့ ​ပတ်သက်ပြီး ​ပြင်းထန်တဲ့ ​တုန့်ပြန်မှုတွေ ​ခံရနိုင်တယ်လို့ ​မြောက်ကိုရီးယား ​စစ်တပ်က ​သတိပေးလိုက်ပါတယ်။

အရင်တစ်ပါတ်က ​ပြုလုပ်ခဲ့တဲ့ ​လူ့အခွင့်အရေး ​ကော်မတီ ​အစည်းအဝေး ​အတွင်း ​မြောက်ကိုရီးယား ​အစိုးရရဲ့ ​လူ့အခွင့်အရေး ​ချိုးဖောက်မှုတွေဟာ ​လူသားများအပေါ်ကျူးလွန်တဲ့ ​ပြစ်မှု ​ကျရောက် ​နိုင်တဲ့အတွက် ​နိုင်ငံတကာခုံရုံးမှာ ​ခေါ်ယူစစ်ဆေးဖို့ ​ကုလသမဂ္ဂကို ​တိုက်တွန်းကြတာ ​ဖြစ်ပါတယ်။

အဲဒီအဆိုကို ​ဂျပန်နဲ့ ​ဥရောပ ​သမဂ္ဂတို့က ​တင်သွင်းပြီး ​နိုင်ငံပေါင်း ​၆၀ ​ကလည်း ​သဘောတူကြတာ ​ဖြစ်ပါတယ်။

ဒီလိုတိုက်တွန်းချက်ကို ​မြောက်ကိုရီးယားက ​ရှုံ့ချလိုက်ပြီး ​ဒီလို ​ဆက်လက်ပြောဆိုမယ်ဆိုရင် ​နောက်ထပ် ​နျူကလီးယား ​စမ်းသပ်မှုတွေ ​ပြုလုပ်သွားမယ်လို့ ​ခြိမ်းခြောက်လိုက်ပါတယ်။

ဒီလို ​ပြောဆိုမှုတွေဟာ ​မြောက်ကိုရီးယားနိုင်ငံအပေါ် ​စစ်ရေးကြေငြာလိုက်တာနဲ့ ​အတူတူပဲလို့ ​ပြောပါတယ်။

တဆက်တည်းမှာပဲ ​မြောက်ကိုရီးယားကသာ ​တိုက်ခိုက်လာမယ်ဆိုရင် ​တောင်ကိုးရီးယား ​သမ္မတအသက်ကိုပါ ​ထိခိုက်နိုင်ပြီး ​ဂျပန်နိုင်ငံကိုလည်းး ​မြေပုံကနေ ​ဖယ်ထုတ်ပစ်နိုင်တယ်လို့ ​ခြိမ်းခြောက်လိုက်ပါတယ်။


မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-Un စစ်စခန်းတစ်ခုကို စစ်ဆေးစဉ်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment