Saturday, November 1, 2014

ဆမ်ဆောင်း စမတ်ဖုန်းများ အရောင်းကျ

ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီက ထုတ်လုပ်တဲ့ စမတ်ဖုန်းတွေ အရောင်းကျနေတာကြောင့် ၃ နှစ်အတွင်း အမြတ်ငွေ အနိမ့်ဆုံးဖြစ်နေတယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

၃ လအတွင်း ကုမ္ပဏီ အမြတ်ငွေ ၆၀ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံအထိ ကျဆင်းခဲ့တယ်လို့ ဆမ်ဆောင်းက ဆိုပါတယ်။

အမြတ်ကျမယ်ဆိုတာကို အခုလအစောပိုင်းက ဆမ်ဆောင်းကုမ္ပဏီကလည်း ခန့်မှန်းထားပါတယ်။

ဆမ်ဆောင်းကုမ္ပဏီရဲ့ အစုရှယ်ယာဈေးတွေလည်း အခုနှစ်အတွင်း ၂၀ ရာခိုင်နှုန်း လောက် ကျဆင်းခဲ့ပါတယ်။

ပြိုင်ဘက် Apple ကုမ္ပဏီက ပြီးခဲ့တဲ့လက iPhone 6 တွေကို ထုတ်ရောင်းခဲ့ပြီးနောက် ဆမ်ဆောင်းကုမ္ပဏီရဲ့ စမတ်ဖုန်းဈေးကွက်ကို ဆက်ထိန်းနိုင်ရေး အသည်းအသန်ကြိုးစားနေရတာပါ။

ကုမ္ပဏီရဲ့ အဓိကထုတ်ကုန်ဖြစ်တဲ့ ဂလက်ဆီစမတ်ဖုန်း ဈေးကွက်ဟာ တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ Xiaomi နဲ့ Lenovo တို့ကိုလည်း ခွဲပေးခဲ့ရပါသေးတယ်။

ဒီတရုတ်စမတ်ဖုန်းတွေဟာ အရည်အသွေးရော၊ အရွယ်အစားပါ ဂလက်ဆီကို ယှဉ်နိုင်ပြီး  ဈေးကလည်း ပိုသက်သာပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း၊ စမတ်ဖုန်း ဈေးကွက်ပြိုင်ဆိုင်မှုဟာ လာမယ့်နှစ်တွေအတွင်း ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဆမ်ဆောင်းကုမ္ပဏီက ပြောပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment