Wednesday, November 26, 2014

၆ ပွင့်ဆိုင်တွေ့ဆုံရေးဆုံးဖြတ်ချက် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ထောက်ခံ

25 November 2014 21:50(+0630) (လွန်ခဲ့သော 22 နာရီ ခန့်က)
ပြည်ထောင်စု လွှတ်တော်က ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ ဒီကနေ့ ဆုံးဖြတ်လိုက်တာကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ထောက်ခံကြောင်း ကြေညာချက်တစ်ရပ် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကနေ တိုင်းပြည်ရဲ့ လက်ငင်းပြဿနာတွေဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရအောင် အဖြေရှာနိုင်ဖို့ ဦးတည်သွားသင့်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

"အရေးကြီးဆုံးပေါ့ဗျာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးပဲဗျ၊ အဲ့ဒီ ၂ ချက်လုံးက ကျနော်တို့ အမြဲပြောတယ်၊ တစ်ခုချင်းခွဲထားလို့မရဘူး၊ တပါတည်းဖြေရှင်းရမယ်လို့ပြောတယ်၊ အဲ့ဒီ ၂ ချက်ကို မလွတ်သွားဘူးဆိုလို့ရှိရင် ဒီဆွေးနွေးပွဲဟာ တိုင်းပြည်ရဲ့လက်ငင်းပြဿနာကို အဖြေရှာတဲ့ဆွေးနွေးမှု လုပ်ငန်းစဉ်တွေဖြစ်ပါတယ်"

ကြေညာချက်ထဲမှာ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တဲ့အထဲမှာ တိုင်းပြည်ရဲ့အရေးကြီးတဲ့ အင်အားစုတွေပါဝင်တယ်လို့ နားလည်ကြောင်းနဲ့ တိုင်းရင်းသားအင်အားစုတွေကိုလည်း တပါတည်း ထည့်သွင်းထားတဲ့အတွက် အသိအမှတ်ပြုကြောင်း ပါရှိပါတယ်။

ဒါ့အပြင် ပြည်သူတွေတောင်းဆိုထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို မျက်ခြေမပြတ် စောင့်ကြည့်သွားကြဖို့ လိုအပ်ကြောင်းလည်း ကိုမင်းကိုနိုင်က ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်က ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ဒီနေ့ ဆုံးဖြတ်လိုက်တာကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ထောက်ခံကြောင်း ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment