၁.၁၁.၂၀၁၄ရက်နေ့ ၂၂၀၀ အချိန် ဗဟန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဗဟန်းမြို့နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အမျိုးသားတစ်ဦး ဓါတ်လိုက်ခံ ရသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ သေဆုံး ရောက်ရှိ နေကြောင်း သတင်းအရ သွားရောက်စစ်ဆေး ခဲ့ပါသည်။
ထိုသို့သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ သုံးခွမြို့နယ်နေ ကိုဖိုးကျော် (၂၉)နှစ်ဖြစ်ပြီး ၎င်းအလုပ် လုပ်ကိုင်သည့် ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ရေပန့်ပျက်သဖြင့် ပြုပြင်စဉ် ဓါတ်လိုက်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဗဟန်းမြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၂/၂၀၁၄)ဖြင့် ရေဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment