Wednesday, November 26, 2014

ဟောင်ကောင် ဆန္ဒပြ စခန်းကို ရှင်းလင်း၊ အချို့ကို ဖမ်းဆီး

26 November 2014 04:57(+0630) (လွန်ခဲ့သော 16 နာရီ ခန့်က)
ဟောင်ကောင်မှာ အဓိက ဆန္ဒပြ စခန်း ၃ ခုထဲက တစ်ခုကို အာဏာပိုင်တွေက တရားရုံး အမိန့်နဲ့ ရှင်းလင်း ဖယ်ရှားရာမှာ ဆန္ဒပြသူ အနည်းဆုံး ၁၀ ဦးကို ဖမ်းဆီး လိုက်ပါတယ်။

ဖယ်ရှား ရှင်းလင်းရာမှာ ဆန္ဒပြသူတွေက အစောပိုင်းမှာ ခုခံမှု မပြုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထွက်ခွာဖို့ ငြင်းဆန်တဲ့ လူအချို့ကို ဖမ်းဆီး ခဲ့တာ ဖြစ်ပါတယ်။

Mong Kok အရပ်က အဲဒီ ဆန္ဒပြ စခန်းမှာ ဆန္ဒပြသူတွေ အခြေစိုက် ဆန္ဒပြနေတာ ၂ လနီးပါး ရှိသွားပြီ ဖြစ်ပါတယ်။

လာမယ့် ၂၀၁၇ ခုနှစ် ဟောင်ကောင် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ဟောင်ကောင် ပြည်သူတွေရဲ့ အကြိုက် အုပ်ချုပ်ရေးမှူး တင်သွင်းခွင့် ပြုဖို့ ဆန္ဒပြသူတွေက တောင်းဆို နေကြတာ ဖြစ်ပါတယ်။

အောက်တိုဘာလမှာ ဆန္ဒပြပွဲတွေ စတင်ချိန်က ဟောင်ကောင် ပြည်သူတွေ သိန်းနဲ့ချီ ပါဝင် ခဲ့ပေမယ့် နောက်ပိုင်းမှာ အရေအတွက် ရာဂဏန်းလောက်သာ ကျန်ရှိပါတော့တယ်။


အရပ်သားတွေနဲ့ စီးပွားရေး သမားတွေရဲ့ တိုင်ကြားမှုနဲ့ အတားအဆီးတွေ ဖယ်ရှားဖို့ တရားရုံးက အမိန့်ထုတ်ပေးခဲ့


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment