Sunday, November 2, 2014

အာခံသူ ၅၀ ထက်မနည်း IS အစွန်းရောက်အဖွဲ့ သတ်ဖြတ်

2 November 2014 07:24(+0630) (လွန်ခဲ့သော 11 နာရီ ခန့်က)
အီရတ်နိုင်ငံမှာ IS အစ္စလာမ် စစ်သွေးကြွအဖွဲ့က သူ့ကို ခုခံသူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေရာမှာ Anbar ခရိုင်မှာတော့ ဒေသခံ တိုင်းရင်းသား အနည်းဆုံး  ၅၀ ကျော်ကို ကွပ်မျက်ပစ်ခဲ့ပါတယ်။ အဲဒီဒေသက Albu Nimr ဆူနီမွတ်ဆလင်တွေကို သောကြာနေ့က သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအရင် ရက်သိပ်မကြာခင်တုန်းကလည်း မြို့တော် Baghdad အနောက်ဘက်က IS အစ္စလာမ်စစ်သွေးကြွတွေသိမ်းခဲ့တဲ့  Ramadi မြို့နားမှာ လူအစုလိုက် အပြုံလိုက် မြှုပ်နှံထားတာကို တွေ့ခဲ့ရပြီး မြှုပ်နှံထားတဲ့အလောင်း  ၁၅၀ ကျော်ဟာ အဲဒီတိုင်းရင်းသားတွေဖြစ်ကြောင်း အီရတ် အာဏာပိုင်တွေက ပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့တဲ့ အဲဒီမြို့နားမှာပဲ နောက်ထပ် အလောင်း ၇၀ ကျော်လောက် ပစ်ထားတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

IS အစ္စလာမ်စစ်သွေးကြွအဖွဲ့ကို ခုခံတိုက်ခိုက်သူမှန်သမျှ အခုလို ကွပ်မျက်အပြစ်ပေးတာကို ခံရမယ်လို့ အဖွဲ့ဝင်တယောက်ကပြောကြောင်း မျက်မြင် သက်သေတဦးက ပြောပါတယ်။  ဒီ IS အစ္စလာမ်စစ်သွေးကြွအဖွဲ့ဝင်တွေဟာလည်း  ဆူနီမူဆလင်တွေ ဖြစ်ပါတယ်။


IS စစ်သွေးကြွတွေနဲ့လွတ်ရာ ထွက်ပြေးကြသူ အီရတ်ပြည်သူတချို့။ 


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment