Saturday, November 1, 2014

ငါးလောင်းပြိုင်သတ်ဖြတ်ခံရမှု KNU စုံစမ်းစစ်ဆေးမှုစတင်

နိုဝင်ဘာ - ၁ - ၂၀၁၄

ကရင်အမျိုးသား ရဲတပ်ဖွဲ့ဝင် ၅ ဦး သတ်ဖြတ်ခံရမှု ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုများ စတင် ပြုလုပ်နေပြီး ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU ပြည်ထဲရေးဌာမှူး ပဒိုစောအားတိုး ကပြောသည်။

၎င်းက" ဒီဖြစ်ရပ်က လုံးဝကိုလက်ခံလို့ မရတဲ့ ဖြစ်ရပ်ဖြစ်တယ် ကျနော်တို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ဖြစ်တယ်"ဟုပြောဆိုသည်။

အမှုမှန် ပေါ်ပေါက်ရေး အတွက် KNU ဥက္ကဌအပါအ၀င် ထိပ်တန်းခေါင်းဆောင်များ KNU စည်းကမ်းထိန်းသိမ်းရေးဥက္ကဌ - KNLA စစ်ဦးစီးချုပ် KNDO ဦးစီးချုပ် ခရိုင်ဥက္ကဌများနှင့် တပ်မဟာမှူးများကိုလည်း အသိပေးအကြောင်းကြား ထားပြီး ဖြစ်သည် ပြည်ထဲရေးဌာနမှူးက ဆိုသည်။

ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)သည် KNU ပြည်ထဲရေးဌာန၏ လက်အောက်တွင်ရှိပြီး တရားဥပဒေစိုးမိုးရေးကို အဓိကလုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်သည်ဟု ပြည်ထဲရေးဌာနကပြောသည်။

ထိုင်းနိုင်ငံဘန်ကောက်တွင်အခြေစိုက်သည့် ကရင်စာပေယဉ်ကျေးမှု ကော်မတီမှ မန်းထီ့ဖောင်က"အခုအသတ်ခံလိုက်ရတဲ့ စောသိန်းဦးဟာ အရင်ကဘန်ကောက်မှာ ကရင်လူမှုရေးနဲ့ စာပေယဉ်ကျေးမှု လုပ်ငန်းတွေကို လုပ်ဆောင်လာခဲ့တဲ့လူပါ ကျနော်တို့အနေနဲ့ ဒီဖြစ်ရပ်အပေါ်မှာ အတော့ကို တုန်လှုပ်မိသတယ် ဒီကိစ္စကိုတာဝန်ရှိသူတွေအနေနဲ့ ပါဝင်ပတ်သက်တဲ့လူတွေကို အမြန်ဆုံး အရေးယူပေးဘို့ အဓိကတောင်းဆိုချင်ပါတယ်"ဟု ကရင်အမျိုးသား(မီဒီယာ)ကို ပြောဆိုသည်။

KNU လက်အောက်ခံ ဒူးပလာယာခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) မှ မြို့ နယ်ရဲမှူးစောသိန်းဦးအပါအ၀င် တပ်ဖွဲ့ဝင် ၅ ဦးမှာ ယခင်လ ၁၈ ရက်နေ့က ဖမ်းဆီးချုပ်နှောင်ခံရပြီး ၆ ရက်အကြာ ၂၃ ရက်နေ့က သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

သေဆုံးသူများ၏ မိဘဆွေမျိုးသားချင်းများက ယခုဖြစ်ရပ်သည် စစ်ပြေပြင်တွင်သေဆုံးခြင်းမဟုတ်ဘဲ ကိုယ့်အချင်းချင်းဖမ်းဆီးချုပ်နှောက်ပြီးမှ သတ်ဖြတ်ခြင်းကြောင့် ယူကြုံးမရဖြစ်ရကြောင်း တာဝန်ရှိသူများအနေနှင့်စုံစမ်းဖော်ထုတ်အရေးယူမှုများ အမြန်ဆုံးပြုလုပ်စေချင်သည်ဟုပြောဆိုကြသည်။

သတ်ဖြတ်ခံရသည့်နေရာမှာ ဒူးပလာယာခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၁၆ နယ်မြေအတွင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။



ပုံစာ - သတ်ဖြတ်ခံရသူ(KNPF) မြို့ နယ်ရဲမှူးစောသိန်းဦး။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment