Monday, November 24, 2014

NLD ကျန်းမာရေးကွန်ရက် ရခိုင်ပြည်နယ်ကို သွားရောက် ကုသ

24 November 2014 12:59(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကျန်းမာရေး ကွန်ရက်က အထူးကု ဆရာဝန် ၂၅ ဦးဟာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ဒေသခံ လူဦးရေ ၁၅၀၀ ကျော်ကို မနေ့က ကျန်းမားရေး စောင့်ရှောက်မှုတွေ ပေးခဲ့တယ်လို့ သိရပါတယ်။

လည်ပင်းကြီးရောဂါ၊ သည်းခြေမှာ ကျောက်တည်တာတွေ အတော်များများ တွေ့ရတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေး ကွန်ရက်က ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။

"အသေးစားဆိုရင်တော့ အရေးမကြီးဘူးပေါ့နော်၊ အကြီးစားခွဲစိတ်ချင်ရင်တော့ ကျနော်တို့ရဲ့ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံပေါ့နော်၊ ဘားလမ်းကိုလာဖို့ဆိုပြီး လိပ်စာပေးခဲ့တယ်၊ ခရီးစရိတ်ပဲကုန်တာပေါ့၊ ဟိုမှာက ကျနော်တို့ ကုသိုလ်ဖြစ်အစအဆုံး အားလုံးလုပ်ပေးမှာလေ၊ ဥပမာ သဲခြေအိတ်မှာ ကျောက်တည်တာတွေလည်း တွေ့တယ်၊ နောက်လည်ပင်းကြီးရောဂါတွေလည်း တွေ့တယ်၊ နောက်ရင်သားမှာရှိတဲ့ အကြိတ်တွေလည်းတွေ့တယ်၊ အဖုတွေအကြိတ် တစ်ကိုယ်လုံးမှာလည်းတွေ့ရပါတယ်"

ကျန်းမာရေးကွန်ရက်က သွားရောက်ကုသပေးတဲ့ ဆရာဝန်တွေထဲမှာ သွားဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးတွေ၊ အထွေထွေရောဂါကု ဆရာဝန်ကြီးတွေနဲ့ ခွဲစိတ်ဆရာဝန်ကြီးတွေ ပါဝင်တယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေးကွန်ရက်က ရန်ကုန်၊ တနသာင်္ရီ၊ ပဲခူး၊ ဧရာဝတီ၊ မွန်နဲ့ ကရင်ပြည်နယ်တွေကို လှည့်လည်ဆေးကုသပေးခဲ့ပြီဖြစ်ပြီး ရခိုင်ပြည်နယ်ခရီးစဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment