Tuesday, December 2, 2014

ပီအာရ် စနစ်ကျင့်သုံးရေး ခုံရုံးရဲ့ အဆုံးအဖြတ်ရယူမည်

2 December 2014 04:12(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
လာမယ့် ရွေးကောက်ပွဲတွေ အတွက် ပီအာရ် ( ခေါ်) အချိုးကျ ကိုယ်စားပြု စနစ်ကျင့်သုံးဖို့ အမျိုးသား လွှတ်တော်က ဆုံးဖြတ်ခဲ့တာကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးရဲ့ အဆုံးအဖြတ်ရ ယူသွားမယ်လို့ အမျိုးသား လွှတ်တော်ကိုယ်စား လှယ်တွေက စုပေါင်း လက်မှတ်တွေ ကောက်ယူ နေပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်းက လက်မှတ်ထိုးတင်ပြရင် ခုံရုံးက အဆုံးအဖြတ်ပေးရမှာ ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

အဲ့ဒီလက်မှတ်တွေကို အမျိုးသားလွှတ်တော်ဥက္ကဌကတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဆီ တင်ပြရ မှာဖြစ်ပြီး ခုံရုံးက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုရှိ မရှိကို ဆုံးဖြတ်ချက် ရယူသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာလည်း ပီအာရ်စနစ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး ခုံရုံးက ဆုံးဖြတ်လိုက်တာကြောင့် အရင်ကျင့်သုံးခဲ့တဲ့ FPTP နိုင်သူအကုန်ယူစနစ်ကိုသာ ဆက်လက်ကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အမျိုးသားလွှတ်တော်ကတော့ ပီအာရ်စနစ်ကျင့်သုံးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီကြောင်း ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment