Tuesday, December 2, 2014

ထိုင်းဝန်ကြီးချုပ်ကို ဆန္ဒပြသည့် ကျောင်းသားများအား နိုင်ငံရေးသမားများ ပိုက်ဆံပေးဟု စွပ်စွဲ

2 December 2014 03:56(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
ထိုင်းနိုင်ငံ ခွန်ကန် တက္ကသိုလ်မှာ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာ မိန့်ခွန်းပြောနေစဉ် ဆန္ဒပြတဲ့ ခွန်ကန် တက္ကသိုလ် ကျောင်းသား ၅ ဦးကို နိုင်ငံရေး သမားတွေက ပိုက်ဆံပေးခဲ့တာလို့ စစ်တပ် အရာရှိက စွပ်စွဲလိုက်ပါတယ်။

ဝန်ကြီးချုပ်ကို ဆန့်ကျင်တဲ့ အကြောင်းအရာတွေ သတင်းမှာ ရေးဖို့ အတွက် ကျောင်းသား အုပ်စုကို ဌားခဲ့တာကို ထောက်လှမ်းရာမှာ တွေ့ရှိခဲ့တယ်လို့ စစ်တပ်ခေါင်းဆောင် တဦးဖြစ်တဲ့ ကန်ပနပ် ရိုဒ်ဒီက ပြောပါတယ်။

ကျောင်းသားတွေကို ဘတ် ၅ သိန်းပေးပြီး ဒေသခံနိုင်ငံရေးသမားတွေက ဌားရမ်းခဲ့တာ ဖြစ်သလို ဌားရမ်းတဲ့ နိုင်ငံရေးသမားကို ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပါဘူး။ နိုဝင်ဘာ ၁၉ ရက် ခွန်ကန် ခရိုင်ခန်းမမှာမိန့်ခွန်းပြောကြားနေတဲ့ ၀န်ကြီးချုပ်ကို ကျောင်းသားတွေက ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။


ဓာတ်ပုံ – ဘန်ကောက်ပို့စ်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment