Tuesday, December 2, 2014

အမေရိကန်မော်ဒယ်လ် World International Grand အလှသရဖူ ဆွတ်ခူး

1 December 2014 14:43(+0630) (၁ ရက် ခန့်က)
ရှန်ကျန်း ၊ ၁-၁၂-၂၀၁၄

တရုတ်နိုင်ငံ ရှန်ကျန်းမြို့ တောင်ပိုင်းတွင် နိုဝင်ဘာ ၂၈ ရက်က ကျင်းပခဲ့သော (၂၆)ကြိမ်မြောက် Miss Model of the World International Grand ပြိုင်ပွဲတွင် အမေရိကန် မော်ဒယ်လ် Shelynne Hoyt သည် အလှမယ် သရဖူကို ဆွတ်ခူး သွားခဲ့ကြောင်း သိရသည်။

အဆိုပါ အလှမယ် ရွေးချယ်ပွဲတွင် ယူကရိန်း မော်ဒယ်လ် Anastasiya Sukh က ဒုတိယဆုကို ရရှိခဲ့ပြီး ရုရှား မော်ဒယ်လ် Natalia Tcytko က တတိယဆုကို ဆွတ်ခူးခဲ့သည်။

၎င်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၆၁ နိုင်ငံမှ မော်ဒယ်လ် ၆၁ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲဝင် မော်ဒယ်လ် များသည် ရိုးရာဝတ်စုံ၊ ရေကူးဝတ်စုံ နှင့် ညနေခင်း ဝတ်စုံများကို ဝတ်ဆင်၍ ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါ အလှမယ
်ရွေးချယ်ပွဲကို ၁၉၈၈ ခုနှစ်တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ ၌ စတင် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။


US model crowned Miss Model world in China



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment