Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, January 7, 2013

ကလျာနဲ့ သေနာ (၂)



ဦးသန်းရွှေ သမီး နီလာရွှေရဲ့ စိန်စီသော ည ဗွီဒီယို အခွေ ငှားကြည့်မိတဲ့ သာမန်ပြည်သူတွေ ထောင်ဒဏ်တွေ အပေးခံခဲ့ရတာ အများ အသိပါ။


မြန်မာ စစ်ဗိုလ်ချုပ် တွေဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အခန်းကဏ္ဍကို မှေးမှန်အောင်လုပ်ကာ မတန်မရာ ရာထူးကြီးနဲ့ သူတို့ထက် တိုင်းပြည်ချစ်တဲ့သူ မရှိတော့ သယောင် ကမ္ဘာကို ကြွားလုံးထုတ် ချင်နေကြတယ်။


တချိန်က တရုတ်မှာ ထင်ရှားခဲ့တဲ့ စစ်ပါဂူ ဆွန်ဇူးလို၊ဒုတိက ကမ္ဘာစစ်မှာ ထင်ပေါ် ကျော်ကြားခဲ့တဲ့ မောင့်ဘက်တန်တို့ လို ဖြစ်ချင်ပေမယ့် ကမ္ဘာကရော မြန်မာ ပြည်သူတွေကတော့ ၁၉၆၂ ခုနှစ်နောက်ပိုင်း စစ်ဗိုလ်ချုပ်- စစ်ဗိုလ်အုပ်-စစ်ဗိုလ်ပြုတ်တွေကို တိုင်းပြည်ဘဏ္ဍာဖြောင်တဲ့ စောရ မိုးမှောင် သေနာကောင်အဖြစ် သတ်မှတ်ကြပါတယ်။

်ဗိုလ်ချုပ် - ဗိုလ်အုပ်၊ ဗိုလ်ခုတ် တွေဟာ ဆင်းရဲသား သာမန် ဘ၀ကနေ စစ်တပ်ထဲ ရောက်လာကြပေမယ့် ခိုးဝှက် လုယက်-အကြံအဖန် လုပ်လို့ ကြွယ်ဝ ချမ်းသာ လာချိန်မှာတော့ မိုးကုတ်က ကျောက်တွင်းသူဌေး ပိုင်ရှင် သမီးပဲ ကံထူးစွာ ရထားသလိုလို၊ ဆွေစဉ် မျိုးဆက် ချမ်းသာတဲ့ သဌေးမတွေပဲ အိမ်ထောင်ကျ ထားသလိုလို နဲ့ လိမ်ညာ ဖြီးဖြန်းလေ့ ရှိကြပါတယ်။

သေနာတို့ ရဲ့ ခေါင်ေးဆာင် အချုပ်၊ ဗိုလ်ချုပ်ကြီးနေ၀င်းကစပြီး နောက်ဆုံး ဦးသန်းရွှေ အထိ ဘယ်အမျိုး အနွယ်က ဆင်းသက်လာတယ်၊ ဘယ်လို ထောကြော- ပွကြောတွေ လုပ်ခဲ့တယ်ဆိုတာ ပြည်သူတွေက သိကြမြင်ကြပါတယ်။

ကျောက်ဆည်သား ဦးသန်းရွှေ နဲ့ ကျောက်တန်းသား ဦးခင်ညွန့်တို့ ကိုယ့်ကိုယ် ကိုယ်၊ ရာထူးတွေ ပေးပြီးအပြိုင် အဆိုင် အာဏာရူးလိုက်ကြ၊ အပြိုင် အဆိုင် ဥစ္စာရူး ထပြီး အာဏာအလွဲ သုံးစားနဲ့ (ခိုးလိုက်၊ လာဘ်စားလိုက်(လုပ်လိုက်ကြတာ တိုင်းပြည် ကျောက်ခေတ် ရောက်သွားခဲ့တာ အများ အမြင်ပါဘဲ။ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ ကရရှိတဲ့ ဒေါ်လာငွေတွေကို(ပြင်ပပေါက်ဈေး ၁ ဒေါ်လာ တစ်ထောင်ကျပ် ရှိနေချိန်မှာ) မတရားသတ်မှတ်ငွေ တဒေါ်လာ (၆)ကျပ်နှုန်းနဲ့ ပြပြီး ဘုန်းခဲ့ ခိုးဝှက်ခဲ့ကြတယ်။

တိုင်းပြည်တိုးတက်အောင် စက်မှု လုပ်ငန်းတွေ တိုးချဲ့ တည်ဆောက်ရမယ်။ ဖော်ဆောင်ရမယ်ဆိုပြီး စက်မှု ဇုန်တွေ တည်ထောင်ဖို့ အကြောင်းပြကာ လယ်သာတွေ မတရားသိမ်းတယ်။ အကွက်ရိုက်ပြီး ပေ ၆၀ ပတ်လည် တကွက်ကို သိန်း ရာချီ နဲံ ပြန်ရောင်းစားရင်း မလိမ့်တပတ် အနိုင်ကျင့် စီးပွါးရေး နဲ့ သန်းကြွယ် သူဌေးတွေ ဖြစ်ခဲ့တာ ကလေးအသိ၊ ခွေး အသိပါ။ ထူး ကုမ္မဏီ ပိုင်ရှင် တေဇတို့၊ ဇေကမ္ဘာ ခင်ရွှေတို့၊ မက် ဇော်ဇော်တို့၊တော်ဝင် ကိုကိုထွေး၊ ယုဇန ဌေးမြင့်တို့၊ ကမ္ဘောဇ ဆရာကျောင်းတို့ လူမိုက်မွေးပြီး တိုင်းပြည်လုပ်ငန်း တွေကို လက်ဝါးကြီးအုပ်ပြီး( မလုပ်- တ၀က်ယူ) စနစ်နဲ့ မိုက်ကြေးခွဲ ဗိုလ်ကျပြီးတော့လဲ ၀င်ငွေ ရှာခဲ့ကြတယ်။


၂၀၁၀ ဦးသိန်းစိန် အစိုးရသစ် မတက်ခင်အထိ သေနတ်မိုး အုပ်ချုပ်လို့ "ပြောတဲ့ပါးစပ်-ထောင်ဒဏ်ပေး" ပိတ်ခဲ့တယ်။
ဒီကြားထဲကတောင် ဦးသန်းရွှေ ပိုင်ငွေ တွေ တရုတ် ဘဏ်မှာ ဘယ်လောက်ထားတယ်။ တရုတ်ပြည်ထဲမှာ တိုက်တွေ ၀ယ်ထားတယ်။
ဘယ်ဗိုလ်ချုပ်က စင်္ကာပူ ဘဏ်မှာ ဘယ်လောက် အပ်ထားတယ်။ ဘာတွေ ၀ယ်ထားတယ်၊ ဘယ်ုလိလုပ်ငန်းတွေ ထောင်ထားတယ် ဆိုတာ တိုးတိုးတိတ်တိတ် သတင်းတွေ ထွက်နေခဲ့တယ်။

ဒါတွေကို တားဆီး ပိတ်ပင်ဖို့ ဦးသန်းရွှေ သမီး နီလာရွှေရဲ့ စိန်စီသော ည ဗွီဒီယို အခွေ ငှားကြည့်မိတဲ့ သာမန်ပြည်သူတွေ ထောင်ဒဏ်တွေ အပေးခံခဲ့ရတာ အများ အသိပါ။ တကယ်တော့ ရှက်ရမ်း ရမ်းခဲ့တာပါ။ မြန်မာ နိုင်ငံအတွင်း မ၈င်္လာဆောင်ရာမှာ ဦးသန်းရွှေ သမီးမင်္ဂလာဆောင်ရယ်၊ ရဟတ်ယာဉ်ပျက်ကျ သေသွားတဲ့ ဗိုလ်ချုပ်ကြီး တင်ဦးနဲ့ မြို့ တော်ဝန် ကိုလေးတို့ သမီးပေး သမက်ယူ ပွဲတွေဟာ အကန့် အသတ်မရှိ လက်ဖွဲ့ တွေရရှိပြီး အမြတ်များစွာ ရခဲ့တာ မြန်မာ့ သမိုင်းမှာ နောက်ထပ် မရှိနိုင်ပါ။

ဒီမိုကရေစီ တံခါးလေး ဖွင့်လိုက်တာနဲ့ မီယာတွေ ပွင့်လင်းလာလို့ သူတို့ ခိုးဝှက်ခဲ့တာတွေ တစချင်းပေါ်ထွက်လာလိုက်တာ ယိုသူ မရှက် မြင်သူ ရှက် ဆိုသလို ဖြစ်နေပါပြီ။


စစ်ယူနီဖောင်းဝတ် သူခိုး ဓားမြတွေဟာ သူတို့ လုပ်ရပ်တွေ ဖုံးကွယ်ဖို့ ကိုင်းဖျား ကိုင်းနာေးတွကို ဖော်ထုတ်ပြီး ချကျွေးလေ့ ရှိကြပါတယ်။
မြင်သာအောင် နမူနာ ထုတ်ပြရရင် ဘိန်း-မူးယစ်ဆေးဝါး ကိစ္စနဲ့ ပတ်သက်ရင် စစ်ဗိုလ်ချုပ်တွေ လုပ်ရပ် ပိုသိသာပါတယ်။

ဘိန်း။ မူးယစ်နှိမ်နင်းရာမှာ လက်လီ ရောင်းတဲ့ အငယ်စား တရားခံလေးတွေ၊ မူးယစ် ကယ်ရီတွေသာ ဖမ်းနိုင်ခဲ့ပြီး မူးယစ်ခေါင်းဆောင်ကြီး တွေကို မက္ကစီမှာလို ဖမ်းပြတာ တကွက်မှ မရှိခဲ့ပါဘူး။ မရှိဆို မူးယစ် ထိပ်သီး လောစစ်ဟန်တို့ ၊ ဘိန်းဘုရင် ခွန်ဆာ တို့နဲ့ လက်ဝါးရိုက်ပြီး အလင်းဝင်ခွင့် ပေးကာ ဝေစားမျှစား လုပ်ခဲ့ကြတာ အမေရိကန် ကတောင် သိတယ်။

လက်ရှိလဲ မြန်မာ့ နိုင်ငံ စီးပွါးရေးမှာ လော်စစ်ဟန်သား၊ စတီဗင်လော ခေါ် ထွန်းမြင့်နိုင်ဟာ အာရှ ဝေါ ဆိုတဲ့ အမည်နဲ့ စီးပွါးရေး လုပ်ငန်းများစွာ စစ်သူခိုး စစ်ယူနီဖောင်းဝတ်တွေနဲ့  လက်ချင်းချိတ်ပြီး လုပ်ကိုင်နေတယ်။ တိုင်းပြည်ပိုင် ဆိပ်ကမ်းတွေ၊ နိုင်ငံပိုင်စက်ရုံတွေ၊ ရေကြောင်း လုပ်ငန်းတွေ၊ လေကြောင်းလုပ်ငန်းတွေ၊ စက်ရုံတွေ၊ ဟိုတယ် လုပ်ဖို့ အစိုးရပိုင် အဆောက်အဦးတွေ ကို မလိမ့်တပတ် လက်လွှဲ ပြောင်း ယူကြတယ်။ဦးစိန်းစိန် တရုတ်ပြည်သွားတိုင်း စတီဗင်လော ခေါ် ထွန်းမြင့်နိုင်ဟာ စကားပြန် အဖြစ်ပါလေ့ ရှိတယ်။ ပြီးတော့ ဧ၇ာဝတီ မြစ်ဆုံ စီမံကိန်းတို့ ၊ လက်ပံတောင်းတောင် စီမံ ကိန်းစတဲ့ လုပ်ငန်းတွေမှာ စတီဗင်လော ခေါ် ထွန်းမြင့်နိုင် ကြားပွဲစား လုပ်လို့ ဒေါ်လာ သန်းချီ ပွဲစားခ ရခဲ့တာ သတင်းတွေ ဖုံးမရအောင် ပျံ့ ထွက်နေတယ်။

လောလော ဆယ်မှာ သမ္မတ ဦးသိန်းစိန် က လာဘ်ပေးလာဘ်ယူ နှိမ်နင်းမယ်၊ နိုင်ငံတော် တည်ဆောက်ရေး ဦးစားပေးမယ် လို့ အော်ဟစ် နေပေမယ့် တဘက်ကလည်း ဦးသန်းရွှေတို့၊ မောင်ေးအေးတို့၊ ရွှေမန်းတို့၊ ခင်ညွန့် တို့ ခိုးဝှက် ထားသမျှတွေ၊ လက်ရှိ ခရိုနီ (လက်သင့် ဆွေမျိုး နီးစပ် လုပ်ခွင့်ပေး စီးပွါးရေး) စီးပွါးရေး လုပ်ငန်းတွေကို အကာအကွယ်ပေးနေရလို့ မျက်နှာ မလှ ဖြစ်နေတယ်။ လုပ်ကွက်ရဖို့ စိန်တဆင်စာ လက်ဆောင်ပေးတာ၊ ကားသော့ ထိုးအပ်ပြီး လာဘ် ထိုးတာ မိအောင် မဖမ်းဘဲ လဘက်ရည်ဖိုး ယူမိတဲ့ အောက်ခြေ ၀န်ထမ်းတွေကို ဖော်ထုတ် ဖမ်းဆီးထောင်ချ အပြစ်ပေး ပြနေတယ်။


စစ်တပ်ထောက်ပန့် ပေးရန်လို့  အမည်ခံပြီး၊ စစ်သူခိုးဓားပြလုပ်ငန်း တွေထဲက ဖုံးမရအောင် ပေါ်လွင်တဲ့ မြန်မာ စီးပွားရေးဦးပိုင် လီမိတက်မှ ချုပ်ကိုင်လုပ်ကိုင်ထားသော လုပ်ငန်းများထဲက အချို့ မှာ၊
မြန်မာအင်တာပရိုက် ကုမ္ပဏီ လီမိတက်၊
မိုးကုတ် ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း၊
မိုင်းရူး ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း၊
နန်းယားဒေသ ကျောက်မျက် တူးဖော်ရေးလုပ်ငန်း၊
ရွှေသတ္ထု တူးဖော်ခြင်းလုပ်ငန်း၊
မော်ချီးဒေသ ခဲ၊သတ္ထု တူးဖော်ခြင်းလုပ်ငန်း၊
ကျောက်စိမ်း ထုတ်လုပ်မှုလုပ်ငန်း၊
ကျောက်စိမ်း ကျောက်မျက်ရတနာ အချောထုတ်လုပ်ခြင်းလုပ်ငန်း၊
မြန်မာ အင်ဒီမီဒီရယ်ဂျိတ် ကုမ္ပဏီ လီမိတက်၊

မြန်မာပရူဝါရီ ကုမ္ပဏီ လီမိတက်၊ ဂရင်းနှိပ် ကျောက်ပြားစက်ရုံ (ကျောက်ဆည်)၊
ပလပ်စတစ် ရက်ထည်အိပ်စက်ရုံ (ကျောက်ဆည်)၊
မော်စကိုစတီးလ် သွပ်ပြားစက်ရုံ၊
မာမီး ခေါက်ဆွဲစက်ရုံ၊
Red Rubby စီးကရက်စက်ရုံ၊
ဒူးယားစီးကရက်စက်ရုံ (ပခုက္ကူ)၊
မြန်မာရာဘာဝုဒ် ကုမ္ပဏီ လီမိတက် (မော်လမြိုင်)၊
မြန်မာ နာနတ်ရည်လုပ်ငန်း (ပဲခူး)၊
မြ၀တီ သောက်ရေသန့်လုပ်ငန်း၊
မြန်မာဘီယာ ဖြန့်ဖြူးရေးလုပ်ငန်း၊
လန်းပီ ပင်လယ်ရေကြောင်းခရီး ပို့ဆောင်ရေးလုပ်ငန်း၊


ငွေပင်လယ် မွေးမြူရေးနှင့်ရေလုပ်ငန်း၊
ပင်လယ်ငါးဖမ်းခြင်းလုပ်ငန်း၊
ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်း၊
မွေးမြူရေးလုပ်ငန်းများ (ကြက်/ငါး/ပုဇွန်)၊
ရေလုပ်ငန်း စက်မှုရုံ ဖော်ထုတ်ခြင်းလုပ်ငန်း၊
တနင်္သာရီတိုင်း ငှက်သိုက် ထုတ်ယူခြင်းလုပ်ငန်း၊
ဆီအုန်း စိုက်ပျိုးရေးလုပ်ငန်း (ကော့သောင်း)၊
ဆင်မင်း ဘိလပ်မြေစက်ရုံ (၁/၂/၃) (ကျေက်ဆည်)၊
Myanmar land and development ကုမ္ပဏီလီမိတက်၊
သကြားစက်ရုံ (ဥက္ကံ)၊

ပဒုမ္မာ ဆပ်ပြာစက်ရုံ (ပေါင်)၊ သကြားစက်ရုံ (အင်းငါးခွ)၊
တော်ဝင် ပလပ်စတစ် လူသုံးကုန်စက်ရုံ (ကျောက်ဆည်)၊
ဆာလဖြူရစ် အက်စစ်စက်ရုံ (မုံရွာ)၊
မြ၀တီ ဘဏ်လုပ်ငန်း၊ မြ၀တီ ထရေးဒင်း သွင်းကုန်/ထုတ်ကုန်လုပ်ငန်း၊
နိုင်ငံခြားငွေ လဲလှယ်မှုလုပ်ငန်း၊
တပ်မတော်သား သက်သာချောင်ချိရေး အရောင်းဆိုင်၊
ဒို့ယာမြေ စိုက်ပျိုးရေးလုပ်ငန်း၊
ပြည်သာယာ စိုက်ပျိုးရေးလုပ်ငန်း၊
ဗန္ဒုလ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊
မြ၀တီ စိုက်ပျိုးရေး ၀န်ဆောင်မှုလုပ်ငန်း၊
န၀ဒေး ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းတို့ ဖြစ်ကြသည်။

စီးပွါးရေး ခန့် မှန်းသူတို့ အဆိုအရ မြန်မာ ပြည်လုပ်ငန်း ၆၀ ရာနှုန်းကျော် ဦးပိုင်မှ ရယူ လုပ်ကိုင်နေသည်ဟု ဖော်ပြသော သတင်း အထောက်အထားများ လည်းရှိတယ်။

ဒီတော့ ဆင်သေ ဆိတ်ရေနဲ့ ဖုံးဖို့ ပြည်တွင်းက ရုံးဌာန တချို့  ငွေ ကွာဟာမှု၊ အလွဲသုံးစား တချို့ ကို ထုတ်ပြ ဖော်ထုတ်တာတွေ လုပ်လာရတယ်။
နမူနာ ထုတ်ပြရရင်။--ပုဂ္ဂလိကမှ ရရန်အကြွေး ကျပ်သန်းပေါင်း လေးသောင်းကျော် ရှိဆိုပြီး ထုတ်ပြန်လာတာ သတင်းတွေမှာ ပေါ်ထွက် လာတယ်။
အဲဒီ ပြည်တွင်း( မြန်မာ့သတင်း »)မှာ ပုဂ္ဂလိကမှ ရရန်အကြွေး ကျပ်သန်းပေါင်းလေးသောင်းကျော်ရှိ တယ်လို့ ကြေညာပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေးနှစ်နဲ့ ပတ်သက်ပြီး စစ်ဆေး တွေ့ရှိချက် အရ နိုင်ငံတော် သို့ ပေးသွင်း ရမည့် နစ်နာ ငွေအနက် ပုဂ္ဂလိကထံမှ ရရှိဖို့ အကြွေးကျပ် သန်းပေါင်း လေးသောင်းကျော်နဲ့ အမေရိကန် ဒေါ်လာ ခုနှစ်သောင်းကျော် ကျန်ရှိတယ်လို့ ပြည်ထောင် စု စာရင်း စစ်ချုပ်ရဲ့ တင်ပြလာမှု အပေါ် သတင်းထုတ်ချက်အရ သိရသည်။---
မွေးမြူရေး အစားအစာ နို့ ထွက် ပစ္စည်း ထုတ် လုပ်ငန်းမှ ရင်းနှီးမတည်မှု ထုတ်ပေးငွေမှ ပြန်ဆက်ရန် ရှိသည်များ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပိုင် ကြို့ကုန်းမြေ ငှားရမ်းခများ ၊ အမှတ် (၁၂) ဆူးလေ ဘုရားလမ်း အဆောက်အအုံ ၀ယ်ခွင့် ပေး၇န် အကြွေး ကျန်များ ပါဝင်ကြောင်း သိရတယ်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်