ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့ စစ်ဆေးချက်
စိုးမြတ်သူဇာ (ခ) မစိုး၏ အစစ်ခံချက် (၃ဝ-၄-၂ဝဝ၈)
၁။ အမည် - စိုးမြတ်သူဇာ (ခ) မစိုး
၂။ အသက် - ၁၉၇၁ (၃၇/ဝ၈)နှစ်
၃။ အလုပ်အကိုင် - ရုပ်ရှင်ဗွီဒီယိုသရုပ်ဆောင်
၎။ မှတ်ပုံတင်အမှတ် - ၁၂/ဗဟန (နိုင်)ဝ၆၉၄၉၃
၅။ အဘအမည် - ဗိုလ်မှူးစိုးမြင့် (အငြိမ်းစား)၊ နေရပ် - မ-၁၇၈၊ ရွှေနှင်းဆီ (၆) လမ်း၊ ၉ မိုင်၊ မရမ်းကုန်း
၆။ အမိအမည် - ဒေါ်ကြည်ကြည်ခင်၊ နေရပ် -
၇။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ
၈။ လက်ရှိနေရပ်လိပ်စာ - မ-၁၇၈၊ ရွှေနှင်းဆီ (၆) လမ်း၊ ၉ မိုင်၊ မရမ်းကုန်း
၉။ မွေးရပ်ဇာတိ - ရန်ကုန်
၁ဝ။ ပညာအရည်အချင်း - နောက်ဆုံးနှစ် (သမိုင်း)
၁၁။ ဇနီး / ခင်ပွန်း - ဦးမျိုးမင်း
၁၂။ မွေးချင်းညီအစ်ကိုမောင်နှမများ - (၄)ဦး
(၁) စစ်ဆေးခံရသူ (၂) စိုးမြတ်ကလျာ (၃) စိုးသူရနိုင် (ယခု အမေရိကရောက် ) (၄) စိုးမြတ်နန္ဒာ
၁၃။ သား/သမီးများ - -
၁၄။ စစ်ဆေးသောနေ့ရက်/နေရာ - ၃ဝ-၄-၂ဝဝ၈ /ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့
၁၅။ ကိုယ်ပုံသဏ္ဍာန် - ဆံပင်နက်ဖြောင့်၊ ဂုတ်ထောက်၊ နဖူးကျယ်၊
မျက်ခုံးကောင်း၊ နှာတံပေါ်၊ မျက်စိနက်၊ နားရွက်ကြီးကပ်၊ မျက်နှာလေးထောင့်ကျ၊
ကိုယ်လုံးတောင့်၊ အရပ် ၅ ပေ ၆ လက်မခန့်ရှိ၊ အောက်နှုတ်ခမ်းအမာရွတ်ရှိ
ကိုယ်ရေးရာဇဝင်အကျဉ်း
၁၆။ ကျွန်မသည် ရန်ကုန်ဇာတိဖြစ်ပြီး မွေးချင်း ၄ ဦးအနက် အကြီးဆုံးသမီး
ဖြစ်ပါသည်။ ကျွန်မသည် ငယ်စဉ်က ခ - လ - ရ (၆) တပ် အ - မ - က ကျောင်းတွင်
စတုတ္တတန်းထိပညာသင်ကြားခဲ့ပြီး ပဉ္စမတန်းကို မှော်ဘီတပ်ကြီးကုန်း အ - လ -
ကကျောင်းတွင်လည်းကောင်း၊ ဆဋ္ဌမတန်းမှ ဒဿမတန်းအောင်သည်ထိ ထားဝယ် အ - ထ- က ၁
တွင် လည်းကောင်း၊ တက္ကသိုလ်ပညာအား အဝေးသင်တက္ကသိုလ် (ရန်ကုန်)တွင်
နောက်ဆုံးနှစ်ထိ ပညာသင်ကြားခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် ရုပ်ရှင်သရုပ်ဆောင်
စတင်လုပ်ကိုင်ခဲ့ပါသည်။ ၂ဝဝဝ ခုနှစ်တွင် အမေရိကန်နိုင်ငံ SALEM မြို့နေ (ဘ)
ဦးချစ်ကို၏သား ဦးမျိုးမင်းနှင့် အိမ်ထောင်ကျခဲ့ပါသည်။
ကျွန်မ၏ခင်ပွန်းမှာ အမေရိကန်နိုင်ငံတွင် ABERY ကုမ္ပဏီတွင်
ငွေစာရင်းကိုင်အဖြစ် အလုပ်လုပ်ကိုင်လျက်ရှိပါသည်။
စားသောက်ဆိုင်လုပ်ငန်းလည်း လုပ်ကိုင်ပါသည်။ ကျွန်မတို့သည် အမေရိကန်နိုင်ငံ၊
Califonia ပြည်နယ် Salen City တွင် ၃ နှစ်ခန့် နေထိုင်ပါသည်။ ၄င်းနောက်
လော့စ်အင်ဂျယ်လိစ်မြို့သို့ ပြောင်းရွှေ့နေထိုင်ပြီး မလေးရှားစားသောက်ဆိုင်
ဖွင့်လှစ်ရောင်းချပါသည်။ ကျွန်မခင်ပွန်း၏ မိသားစုများမှာ
လာ့စ်ဗီးဂတ်စ်စီးတီး တွင်နေပါသည်။ ၄င်းမြို့တွင်လည်း နောက်ထပ်စားသောက်ဆိုင်
တစ်ဆိုင် ဖွင့်လှစ်ရောင်းချပါသည်။
၁၇။ ကျွန်မသည် ကိုမျိုးမင်းနှင့် လက်ထပ်ပြီးနောက် ၂ဝဝ၃ ခုနှစ်၊ မေလခန့်တွင်
ပထမတစ်ကြိမ်၊ ၂ဝဝ၅ ခုနှစ် စက်တင်ဘာလတွင် ညီမငယ် စိုးမြတ်နန္ဒာ၏
မင်္ဂလာဆောင်သို့ ဒုတိယတစ်ကြိမ် လာရောက်ရင်း ၄-လခန့် နေထိုင်ခဲ့ပြီးနောက်
အမေရိကန်နိုင်ငံသို့ ပြန်သွားခဲ့ပါသည်။ အမေရိကန်နိုင်ငံတွင် ရက်သတ္တပတ်
၂ပတ်ခန့် နေထိုင်ပြီး ၂ဝဝ၆-ခုနှစ် သင်္ကြန်မတိုင်မီ မြန်မာနိုင်ငံသို့
ပြန်လာခဲ့ပါသည်။ ၂ဝဝ၆ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အတွင်း
မြန်မာနိုင်ငံနှင့်အမေရိကန် နိုင်ငံ အသွားအပြန် ၄ ကြိမ်ခန့်ရှိခဲ့ပါသည်။
ကျွန်မ မြန်မာနိုင်ငံသို့ နောက်ဆုံး ပြန်လာသည့်ရက်မှာ
၂၂-၃-၂ဝဝ၈-ရက်နေ့ဖြစ်ပါသည်။ ကျွန်မ မြန်မာနိုင်ငံသို့ပြန်လာစဉ် ၂ဝဝ၅
ခုနှစ်၊ စက်တင်ဘာလ တစ်ကြိမ်နှင့် ၂ဝဝ၆ ခုနှစ် စက်တင်ဘာလတစ်ကြိမ်တို့တွင်
ကျွန်မနှင့်အတူ ခင်ပွန်းသည် ဦးမျိုးမင်းလည်း လိုက်ပါခဲ့ပါသည်။
ကျွန်မရန်ကုန်သို့ ပြန်လာလျှင် မိဘများနေထိုင်သည့် ဖော်ပြပါလိပ်စာတွင်
နေထိုင်ပါသည်။
မှုခင်းပိုင်းဆိုင်ရာထွက်ဆိုချက်
၁၈။ ၂ဝဝ၆-ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင်ကျွန်မ ရာမဆေးပြား
စတင်သုံးစွဲခဲ့သည့် နေ့ဖြစ်သဖြင့် ကျွန်မအမှတ်ရနေ ပါသည်၊
ထိုနေ့မှာနှစ်သစ်ကူးနေ့ ဖြစ်ပါသည်။ ဆီဒိုးနားဟိုတယ်စတိတ်ရှိုးရှိသဖြင့်
သူငယ်ချင်းဖြစ်သူ ထူးမွန်၊ မြတ်ကေသီအောင်တို့နှင့်ချိန်းဆို၍
သွားရောက်ခဲ့ပြီး ဆီဒိုးနားဟိုတယ်တွင် အခန်းတစ်ခန်း ငှားယူပြီး အခန်းမှနေ၍
စတိတ်ရှိုးကြည့်ခဲ့ပြီး ရာမဆေးပြားကို စတင်သုံးစွဲခဲ့ပါသည်။
သူငယ်ချင်းဖြစ်သူ ထူးမွန်နှင့် မြတ်ကေသီအောင်တို့မှာ ယခင်ထဲကရာမဆေးပြားသုံး
စွဲဘူးသူများဖြစ်၍ ၄င်းတို့မှ ရာမဆေးပြားကို ယူလာခဲ့ခြင်းဖြစ်ပါသည်။
၎င်းအခန်းတွင်ပင် ဆေးပြားရှူသည့်ရေသန့်ဗူးနှင့် ခဲပြားကို ၄င်းတို့ ၂ ဦးမှ
ပြင်ဆင်ပြီး ၃ ဦးအတူ သုံးစွဲခဲ့ခြင်းဖြစ်ပါသည်။ ထိုနေ့က ရာမဆေးပြား ၅
ပြားကို မျှဝေသုံးစွဲခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်မမှာ ရာမ ဆေးပြား ၁ လုံးသာ
သုံးစွဲခဲ့ပါသည်။
ဒွေး (ခ) သားကြီးနှင့် စိတ်ကြွဆေးပြားနှင့်ပတ်သက်၍ဆက်နွယ်ခြင်း
၁၉။ ၂ဝဝ၆ ခုနှစ်၊ ဖေဖော်ဝါရီလ ခန့်တွင် ဒွေး (ခ) သားကြီး၊ ကျွန်မနှင့်
မြတ်ကေသီအောင်တို့ မေမြို့သို့ ရုပ်ရှင် ကားရိုက်ရန် သွားရောက်ခဲ့ပါသည်။
ရုပ်ရှင်ကားရိုက်စဉ် သားကြီး (ခ) ဒွေးမှ ရာမဆေးပြား သုံးစွဲကြောင်း ကျွန်မ
တို့မှ သိရှိထားသည့်အတွက် ကျွန်မတို့သုံးစွဲလို၍ ဒွေး (ခ) သားကြီးထံမှ
ဆေးပြားတောင်းယူခဲ့သဖြင့် ၄င်းနှင့် အတူ ဆေးပြားသုံးစွဲခဲ့ပါသည်။
ထိုသို့သုံးစွဲရာတွင်လည်း ဒွေး (ခ) သားကြီးမှ ဆေးပြားသုံးစွဲရန်
ပြင်ဆင်ပေး၍ သုံးစွဲခဲ့ပါသည်။ ၄င်းနောက်ပိုင်းတွင်
ရာမဆေးပြားသုံးစွဲလိုသည့်အခါ ကိုသားကြီး (ခ) ဒွေးထံသို့သွား၍
သုံးစွဲခဲ့ပါသည်။ ကျွန်မနေအိမ်တွင် သုံးစွဲရန်အတွက် ဆေးပြားလိုချင်လျှင်
ကိုသားကြီးထံမှ ယူပြီး သုံးစွဲပါသည်။ ဆေးပြားဖိုးကိုတော့
၎င်းဝယ်ယူသည့်ဈေးနှုန်းအတိုင်း ကျွန်မတို့မှ ပေးရပါသည်။ ဆေးပြား ၁ပြားလျှင်
၂ဝဝဝ ကျပ်မှ ၃၅ဝဝ ကျပ်အထိ ပေးရပါသည်။
ဒွေး (ခ) သားကြီး၏ ချိတ်ဆက်ပေးမှုကြောင့် မဖြိုး (ခ) ဖြိုးသူသူဝင်းနှင့်သိရှိခဲ့ခြင်း
၂ဝ။ ၂ဝဝ၇ ခုနှစ် ဒွေးမကွယ်လွန်မီ ဒွေး (ခ) ကိုသားကြီး တောင်ကြီးမြို့သို့
ရုပ်ရှင်ကားရိုက်ထွက်စဉ် ကျွန်မ ဆေးပြားလိုအပ်၍ ဒွေး (ခ) သားကြီးထံသို့
ဖုန်းဆက်ရာ ဒွေးမှ မဖြိုး၏ ဖုန်းအားဆက်ပြီး ကျွန်မတို့နှင့်
ဆက်သွယ်ပေးပါသည်။ မဖြိုး၏ဖုန်းနံပါတ်ကိုလည်း ကျွန်မတို့အား ပေးခဲ့ပါသည်။
မဖြိုးအား ကျွန်မမှ ဖုန်းဖြင့် ဆက်သွယ်ရာ မဖြိုးမှ ၄င်းနေအိမ်သည်
ဗဟန်းမြို့နယ်၊ နှင်းဆီကုန်းဆေးခန်းဘေးရှိ တိုက်တွင်နေထိုင်ကြောင်း၊
ဒွေးမှလည်း ဖုန်းဆက်အကြောင်းကြားထားကြောင်း၊ ဆေးပြားလိုလျှင်
လာရောက်ယူရန်ပြောသဖြင့် ကျွန်မ၏ အကူအလုပ်သမားဖြစ်သူ အသေးလေးအား
ဒေါ်လာလဲသည်ဟု ပြောပြီး ကျွန်မမှ ပိုက်ဆံပေးကာ မဖြိုး၏ နေအိမ်သို့
သွားရောက်ယူခိုင်းခဲ့ပါသည်။ မဖြိုးမှ ဆေးပြားများကို စာအိတ် ၂ လုံးထပ်၍
ထည့်ပေးလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်မ မဖြိုးထံမှ ဆေးပြားတစ်ကြိမ်ယူလျှင် ၅ဝ
ပြားယူပါသည်။ မဖြိုးအား ဆေးပြား ၁ ပြားလျှင် ၂ဝဝဝိ/-မှ ၄၅ဝဝိ/-အထိ
ပေးရပါသည်။
ညီမဖြစ်သူစိုးမြတ်ကလျာမှ ဆေးပြားရရှိအောင် ဆောင်ရွက်ပေးခြင်း
၂၁။ ကျွန်မသည် မဖြိုးထံမှ ဆေးပြားဝယ်ယူရာတွင် ၁ ပြားလျှင်
၄၅ဝဝိ/-နှုန်းဖြစ်ကြောင်း ညီမဖြစ်သူ စိုးမြတ်ကလျာအား ပြောပြခဲ့ရာ
ညီမဖြစ်သူမှ ၄င်းထံတွင် ဆေးပြား ၁ပြားလျှင် ၄ဝဝဝိ/-နှုန်းဖြင့်
ဝယ်ယူရရှိနိုင်သူ ရှိကြောင်း ပြောပြခဲ့သဖြင့် ညီမဖြစ်သူမှတစ်ဆင့်
တစ်ခါယူလျှင် စိတ်ကြွဆေးပြား ၂ဝဝ ပြားစီပါ တစ်ထုပ်ကို ကျွန်မနှင့်
ဆုဒါလီတို့ တစ်ယောက်တစ်ဝက် ခွဲ၍ ယူပါသည်။ထိုသို့ ၂/၃ ကြိမ်ခန့်
ညီမဖြစ်သူထံမှ ရရှိခဲ့ပါသည်။ညီမဖြစ်သူ မစိုးမြတ်ကလျာမှ ၄င်းဆေးပြားများကို
မည်သည်ထံမှ ဝယ်ယူကြောင်းကိုတော့ ကျွန်မ မမေးမိ၍
မသိရပါ။ညီမဖြစ်သူစိုးမြတ်ကလျာထံမှ နောက်ဆုံးအခေါက်ကို ၂ဝဝ၈ ခုနှစ်
သင်္ကြန်မတိုင်မီက ၂ဝဝပြားပါတစ်ထုပ်အား ရရှိခဲ့ပါသည်။ ၄င်းဆေးပြား၂ဝဝ
ပြားထဲမှ ဆုဒါလီမှ မယူတော့သဖြင့် ကျွန်မတစ်ဦးတည်း ယူထားရပါသည်။
ကျိုက်ထီးရိုးသို့ ရုပ်ရှင်ကားရိုက်ရန်သွားစဉ် ယူဆောင်သွားသည့် WY ဆေးပြားများကိစ္စ
၂၂။ ကျွန်မ ယခုအခေါက် ကျိုက်ထီးရိုးသို့ ရုပ်ရှင်ကားရိုက်ရန်
သွားရောက်ခဲ့စဉ် ကျွန်မယူထားသည့် ဆေးပြား၂ဝဝ ပြားပါထုပ်မှ
ကျွန်မသုံးစွဲထား၍ အပြည့်မရှိတော့သည့် ဆေးပြားထုပ်အား အဝတ်အစား သေတ္တာထုပ်
ဖြင့် ထည့်၍ ကျိုက်ထီးရိုးသို့ သွားသည့် ဘက်စ်ကားတွင် တင်ပေးလိုက်ပါသည်။
ကျိုက်ထီးရိုးသို့ ရောက်ရှိပြီး ဒါရိုက်တာကိုမိုက်တီးမှ ဆေးပြား
ကျွန်မထံတွင် ရှိသေးလျှင် မျှရန်ပြောသဖြင့် ဆေးပြား၅ဝ ပြားကို
ပေးခဲ့ရပါသည်။ ရုပ်ရှင်သရုပ်ဆောင် ကိုလွင်မိုးမှလည်း ၄င်းတွင်ဆေးပြားမပါ ၍
ကျွန်မထံမှ ဆေးပြား ၁ဝ ပြား အား ချေးယူသဖြင့် ပေးခဲ့ရပါသည်။ ၄င်းအား
ဆေးပြားပေးပြီး နောက်တစ်နေ့တွင် ကိုလွင်မိုးထံသို့ ဆေးပြားပေးသူ
ရောက်ရှိလာကြောင်း ကျွန်မအား ပြောပြပြီး ကျွန်မထံမှ ချေးယူထားသော ဆေးပြား
၁ဝ ပြားကို ပြန်ပေးသွားပါသည်။ကျွန်မတို့ ကျိုက်ထီးရိုးမှ ပြန်သည့်နေတွင်
ကျွန်မထံတွင် ကျန်ရှိနေသည့် ဆေးပြား ၁ဝ ပြားကို ဒါရိုက်တာ မိုက်တီးမှ
တောင်းသဖြင့် ကျွန်မပေးခဲ့ပါသည်။ကျွန်မဆေးပြားသုံးရခြင်းမှာ ကျွန်မသည်
သရုပ်ဆောင် လုပ်သည့်အပြင် ဝတ္ထုဇာတ်ညွှန်းရေးသည့် အလုပ်ကိုလည်း လုပ်ပါသည်။
ကျွန်မ စိတ်ကြွရူးသွပ် ဆေးပြား သုံးစွဲပြီး ဝတ္ထုရေးလျှင် ကြာရှည်စွာ
စာရေးနိုင်သည့်အတွက် သုံးစွဲခြင်း ဖြစ်ပါသည်။
အောင်ဇော်ရဲမြင့်ထံတွင် မူးယစ်ဆေးဝါးများ ရရှိနိုင်ခြင်း
၂၃။ အောင်ဇော်ရဲမြင့်ထံတွင် WY ဆေးပြားများကို အမြဲရရှိနိုင်ပြီး
၎င်းထံသို့ သွားရောက်ပါက မည်သည့် ဆေးပြား ကိုမဆို အလွယ်တကူရရှိနိုင်ပြီး
အများအပြား ရှိကြောင်း ကြားဖူးပါသည်။ ရောင်းချခြင်းမဟုတ်ဘဲ သူငယ်ချင်း
အပေါင်းအသင်းများအား ၄င်းနေထိုင်သည့်အိမ်တွင် အခမဲ့ အလွယ်တကူ
ဝေငှသုံးစွဲကြပါသည်။
ရုပ်ရှင်လောကမှ WY ဆေးပြား သုံးစွဲကြောင်း ကြားသိရသူများ
၂၄။ ကျွန်မသိရှိသလောက် ရုပ်ရှင်လောကအတွင်း WY ဆေးပြားသုံးစွဲသူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
( က ) မင်းမော်ကွန်း ( သရုပ်ဆောင် )
( ခ ) နန္ဒာလှိုင် ( ယခင်သုံးစွဲ အစာအိမ်ဖြစ်၍ ယခု သုံးစွဲခြင်းမရှိ )
(ဂ ) မြတ်ကေသီအောင် ( သရုပ်ဆောင် )
( ဃ) ဆုဒါလီ ( သရုပ်ဆောင် )
( င ) အာရုံဦး ကိုဇော် ( ဒါရိုက်တာ )
( စ ) မောင်မျိုးမင်း ( ဒါရိုက်တာ )
( ဆ) ညိုမင်းလွင် ( ဒါရိုက်တာ )
( ဇ ) လွင်မိုး ( သရုပ်ဆောင် )
( ဈ ) နေထက်လင်း ( သရုပ်ဆောင် )
( ည) မိုက်တီး ( ဒါရိုက်တာ )
( ဋ ) လူမင်း ( သရုပ်ဆောင် )
( ဌ ) သဉ္ဇာဝင့်ကျော် ( သရုပ်ဆောင် )
( ဍ ) သားညီ ( သရုပ်ဆောင် )
ရုပ်ရှင်လောကမှ Ecstasy ဆေးပြား သုံးစွဲကြောင်း ကြားသိရသူများမှာ-
(က) နဝရတ်
( ခ) သဉ္ဇာဝင့်ကျော်
အဆိုတော်လောက WY ဆေးပြား သုံးစွဲသည့်ဟု ကြားသိရသူများမှာ-
( က ) မျိုးကျော့မြိုင်
( ခ ) R ဇာနည်
( ဂ ) ဖြိုးကြီး
ပြန်လည်ဖတ်ကြည့်ရာ မှန်ကန်ပါသည်။
အစစ်ခံသူ - မစိုးမြတ်သူဇာ
စစ်ဆေးသူ - (၁) ရဲမှူး ဒေါ်သန်းအေး၊ မူးယစ်တရားမဝင်ငွေကြေးပစ္စည်းစုံစမ်းစစ်ဆေးရေးအဖွဲ့
(၂) ဒုရဲအုပ် ခင်မောင်အေး၊ ရန်ကုန်အရှေ့မူးယစ်အထူးအဖွဲ့
Home
Popular Posts
-
ဆုပန်ထွာရဲ့ သတို့သား ကိုဥက္ကာကျော်နဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေ အများ ကြီး ပေါ်ထွက်နေပါတယ်။ ရုပ်ရှင်သရုပ်ဆောင် သဇင်နဲ့ လည်း ဘာဘာညာညာ ဆိုတော့ေ...
-
အဆိပ်ဖြေဆေး အဆိပ်ဖြေဆေး ဆိုတာ မစားသင့်တဲ့ အစာကို စားမိတဲ့ အခါ အန်အောင် လုပ်ခြင်း၊ ဓာတ်ပြယ်အောင် လုပ်ခြင်း၊ ထိုး ဆေးအဆိပ် လွန်ပါက ချက်ချင်း ...
-
ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့ စစ်ဆေးချက် စိုးမြတ်သူဇာ (ခ) မစိုး၏ အစစ်ခံချက် (၃ဝ-၄-၂ဝဝ၈) ၁။ အမည် - စိုးမြတ်သူဇာ (ခ) မစိုး ၂။ အသက် - ၁၉၇၁ (၃...
-
ဆရာရှင့် ဗိုက်ခွဲမွေးဖွားပြီး ခင်ပွန်းနဲ့ ဘယ်အချိန် အတူပြန်နေလို့ရနိုင်လဲ သိချင်ပါတယ်။ နို့တိုက်ကျွေးနေစဉ် ဘယ်လို တားဆေးမျိုး သုံးသင့်လဲဆိ...
-
မိန်းမကိုယ် ရောဂါကင်းရှင်းပါက ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ရပ်တည်နိုင်မှာပါ။ မိန်းမကိုယ်မှိုစွဲပြီး အနံ့အသက်ဆိုးဖြစ်...
-
ဇွန်သဉ္ဖာက မှော်ဘီ GTC ကနေ B.E ရော M.E ပါဘွဲ့များပါ ရယူခဲ့ပြီးမှ မော်ဒယ်လ် လောကကို ၀င်ရောက်လာသူလည်း ဖြစ်ပါတယ်။ ပေါ်တင်ကျလွန်းတဲ့ Sexy ဓာတ်ပ...
-
အသက် ၂၄နှစ်အရွယ် ဗြိတိန်နိုင်ငံသူ Nessa Jayဟာ ရာဂလွန်ကဲရောဂါ ခံစားနေရပါတယ်။ သူမဟာ နော်ဖလော့ခ်ပြည်နယ်၊ ခရိုမာ ကမ်းခြေ ဒေသ မှာ နေထိုင်ပါတယ...
-
တရုတ်ပြည်သို့ တရားမဝင် သွားရောက်အလုပ် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအား တရုတ်အာဏာပိုင်များက ဖမ်းဆီးကာ မြန်မာအာဏာပိုင်ထံ အပ်နှံခဲ့ကြောင...
-
သံပရာရည်သောက်သုံးခြင်းသည် ကျောက်ကပ်ကျောက်တည်ခြင်းအား ကာကွယ် ပေးသည့်နည်းလမ်းငါးခုထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။ သံပရာရည် အများအပြား သောက်သုံး...
-
Ikamasutra လို ခေါ်တဲ့ ဖိုမ ဆက်ဆံ ရေး ကာမ ကျမ်း app လေး ကို တင်ပေးလိုက်ပါတယ်။ Andriod ဖုန်းပေါ်မှာ ဖိုမ ဆက်ဆံရေး ကာမကျမ်းလေ့ လာ လို သူများအတွ...
Thursday, August 21, 2014
Subscribe to:
Post Comments (Atom)
ကားတွန်ကဏ္ဍ
မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်






















ဤနေရာတွင်ကြော်ငြာလက်ခံပြီ
ခွေးကလေးနဲ့ ကစားကြမယ်
တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ
-
▼
2014
(4256)
-
▼
August
(424)
- ဘဏ်များရှိ သံသယဖြစ်ဖွယ် ငွေအပ် ငွေလွှဲပြောင်းမှုများ...
- မူးယစ်မှောင်ခို သင်္ဘောတစင်း မြန်မာ့ရေတပ် ဖမ်းမိ
- ယောက္ခမ အိမ်များတွင် အိမ်သာမရှိ၍ လပ်ထက်စ အိန္ဒိယ အမျ...
- YOUTUBE အသုံးပြု့၍ ဓါတ်ပုံတွေကို နောက်ခံ သီချင်းလေ...
- တစ်လက်မအချင်းရှိ သံချောင်း ဦးခေါင်းအတွင်းသို့ စို...
- ★★ADOBE ILLUSTRATOR SOFTWARE ရဲ့အဓိကသော့ချက်များ (...
- အမေရိကန် ကုမ္ပဏီက မြန်မာ့ဆက်သွယ်ရေးကို စက်တင်ဘာတွင်...
- ပိုတိုရှော့အတွက်သင့်ပြုလုပ်ပြီးသား မြန်မာမိန်းကလေး...
- 1939 Battle of Westerplatte (2013) မြန်မာစာတန်းထိုး
- Journey to the West (2013) မြန်မာစာတန်းထိုး
- ရခိုင်အစိုးရအဖွဲ့ဝန်ကြီး(၅)ဦး ရာထူးအပြောင်အလဲ နော...
- The Call (2013) မြန်မာစာတန်းထိုး
- 1939 Battle of Westerplatte (2013) မြန်မာစာတန်းထိုး
- လူငယ်မျိုးသစ်တွေကို တာဝန်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည...
- Mandela: Long Walk to Freedom (2013) မြန်မာစာတန်းထိုး
- ★★ Kochadaiiyaan (2014) Movie ရုပ်သံအကြည် ★★
- ★★ Noah (2014) ရုပ်သံ/အကြည် Full DVD Movie ★★
- သမ္မတနှင့်တွေ့ဆုံပြီးနောက် အနုပညာ လောကသားတို့ အသံ
- ★★ Maleficent ( 2014 ) Movie ရုပ်သံအကြည် ★★
- ဆက်သွယ်ရေးက တိုင်းပြည်စီးပွားရေးကို တွန်းတင်သွားလိ...
- ★★ POISON 1500 (2014) Myanmar Movie ★★
- ဥသြဆွဲရင် ဗုံးခိုကျင်းထဲ ၀င်ပုန်းဖို့ ညွှန်ကြားထားတ...
- စဥ့်ကူး ပဋိပက္ခ ညှိနှိုင်းဖြေလျှော့တဲ့နည်းနဲ့ ဖြေရှင...
- Non-Stop (2014) မြန်မာစာတန်းထိုး
- တက္ကသိုလ်၊ ကောလိပ်များအနီး တည်းခိုခန်းများမရှိဟု ရန...
- Thor (2011) မြန်မာစာတန်းထိုး
- သန်းခေါင်စာရင်းအရ အမျိုးသမီးဦးရေက အမျိုးသားထက် များ
- အော်ရီဒူးမှ အင်တာနက်အသုံးပြုခ 1 MB လျှင် ၁ဝ ကျပ်နှု...
- စစ်တပ်ရှိနေလို့ ရွာသားတွေအိမ်မပြန်ရဲ
- ရန်ကုန်မြို့သစ်စီမံကိန်း ပွင့်လင်း မြင်သာမှု မရှိဟ...
- အရက်ပြဿနာ ထိန်းဖို့ အခွန် တိုးကောက်မလား
- အသိမ်းခံလယ်မြေများပြန်ရရန် ဆန္ဒထုတ်ဖော်သူ ၁၀ဦး ခေါ်ယ...
- တိုင်းကြီးနှစ်တိုင်းက လယ်သိမ်းခံ တောင်သူတွေ ဆန္ဒပြ
- ဂိုဏ်ဃဏဆန်ဆန် မင်းမဲ့စရိုက် သာကေတရန်ပွဲ သေနတ် ၂ ချ...
- ရုပ်ရှင် ထဲက တံတားကို ပြန်ဆောက်မယ်
- သချိုင်းမြေပါ သိမ်းတဲ့ကိစ္စ လွှတ်တော်တင်မည်
- ပိုတိုရှော့အတွက် ဦးထုပ်၊ပန်း၊ဆံပင်များ (1.96MB)
- အခန်းပိတ်လှောင် နှိပ်စက်ခံနေရသည့် အိမ်ဖေါ် အလုပ်သမင...
- ဒုက္ခသည်စခန်းမှ ရေမျော ပျောက်ဆုံးနေတဲ့ အလောင်းအားြ...
- Star Trek Into Darkness ဇာတ်လမ်းကိုကြည့်နိုင်ပြီး
- ဥရောပ အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ရရှိ
- မေမြတ်နိုးကို ဘာလို့ သရဖူ သိမ်းတာလဲ
- ပဲခူးတွင် မသင်္ကာသူအား စစ်ဆေးရာမှ ဆိုင်ကယ် သူခိုးဝိဇ...
- Waste Not အမှိုက်ပြတိုက်
- ကျပ် ၂ဝ မှ ၅ဝ အတွင်း ဖုန်းခေါ်ဆိုခ လျှော့ချရန် ဝန်ြ...
- ပတ်တောက်သွားသော ရေအောက် ကေဘယ်ဆက် ကြောင်း စက်တင်ဘာ ...
- MPT ကလည်း လုပ်ပြန်ပြီး နောက်တမျိုး
- သမ္မာကျမ်းစာ ( ၃၀၀ ) ကျော်မလေးရှားတွင် သိမ်းဆည်း
- ဖုန်းကင်မရာ တစ်ချက်အပေါ် ဝကွက်အပ်ထားရတဲ့ အရှက်တရားများ
- အသက်ကို လောင်းကြေးထပ်ထားရတဲ့ လူနဲ့ဆင် တောလုပွဲ
- အစိုးရဝန်ထမ်း အယောင်ဆောင်ကာ တန်ဖိုးနည်းအိမ်ရာတိုက်...
- ကလေးလုပ်သား အသုံးပြုမှု စစ်တမ်းကောက်မည်
- အောင်မြင်ချင်တာနဲ့ နာမည်ကြီးချင်တာ လုံးဝမတူပါ
- အကယ်ဒမီ အကဲဖြတ်ဒိုင် အဖြစ်မှ ဇာဂနာ ဘာကြောင့် နုတ်ထ...
- အကယ်ဒမီကို အပိုဆု အဖြစ် သဘောထားပါတယ် ဆိုတဲ့ သက်မွန...
- Computer ရဲ့  desktop ပေါ်မှာ အကမျိုးစုံနဲ့ ကပြနေတာ...
- Android phone အသုံးပြုကြတဲ့သူငယ်ချင်းများအားလုံး f...
- ရေပြင်မှာ အရိပ်ကျနေတဲ့ ပုံလေး ဖန်တီးပေးနိုင်တဲ့ ဆေ...
- ဖုန်းဘက်ထရီကို အမြန်ဆုံးအားသွင်းဖို့ အကြံပေးချက်များ
- Android ဖုန်းများကိုအလွယ်ကူဆုံး Root လုပ်ခြင်းနှင်...
- မိမိတို့ ရဲ့ စက်ထဲမှာမောက်နောက်တစ်ကောက်ကောက်လိုက်တ...
- ပိုတိုရှော့အတွက်ပြက္ခဒိန်လုပ်ချင်သူများအတွက်(9MB)
- ♪ Wifi Password Hack ချင်သူများအတွက် Wifi Password...
- IS တပ်ဖွဲ့များကို ပြန်တိုက်ရန် အီရန်က စစ်လက်နက် ထေ...
- DVB ရေဒီယိုအသံလွှင့် အစီအစဉ်ရပ်နားတော့မည်
- တက္ကသိုလ်ကျောင်းသူ သမီးရည်းစား စကားများ ရန်ဖြစ်ရာမှ...
- ဇာတ်သိမ်းခွင့်
- ၅ ထောင်တန် ငွေစက္ကူ အတုတွေမိ
- ကျေးရွာအတွင်းမှ အစိုးရတပ်မတော် ဆုတ်ခွာပေးရန် စစ်ြေ...
- သုညနဲ့ဆောက်ခဲ့တဲ့အိမ်
- မြန်မာဖောင်ဒီဇိုင်းမျိုးစုံ
- ၀မ်းစာ
- မျက်စိနဲ့ချစ်တဲ့ အချစ်
- မိုင်တိုင် ၂၁။
- နောက်ဆုံး ဘူတာ (ဝတ္ထု)
- “သစ္စာရဲ့ အခြားတစ်ဖက်……” ဝတ္ထု
- စင်ဒရဲလားမင်းသမီးလေး မဟုတ်တဲ့ ကျွန်မ~~~~
- စတေးခံနှလုံးသား
- အချစ်ဆုံးသို့…နောက်ဆုံး
- ချစ်သူသို့အလွမ်း
- တစ်ရံတစ်ခါက…. တစ်ချို့
- ပျော်စရာလေးတစ်ခုလုပ်ကြမယ်
- ထီဆုကြီးပေါက်ရန် အဓိဋ္ဌာန်ရမည်ဆိုကာ ကျပ် ၃၈ သိန်းကျေ...
- မီဒီယာနဲ့ ရန်သူလုပ်သူတွေ မြောင်းထဲရောက်ရသူတွေချည်း...
- ဒီတိုင်းပြည်က ဘာသာပေါင်းစုံနဲ့ အေးအေးချမ်းချမ်းနေခ...
- facebook မှာမိမိအကောင့် ကို ပြန် hack ကျမယ် (လော့ ...
- မိမိရဲ့ဖိုင်တွေကို သူများ မမြင်နိုင်အောင် သိမ်းပေး...
- ကမ္ဘာမှာ ဘယ်သူတွေက လက်နက် ရောင်းချပြီး စီးပွါးဖြစ်ေ...
- ကလေး(၃)ဦး မွေးဖွားခဲ့တဲ့ ယောက်ျား
- ဆိုရိုးနဲ့ရေးတဲ့ ၀တ္ထု
- မျိုးစေ့
- အထင်နဲ့အမြင်
- သစ်သားဇလုံလေး
- တိမ်ဆွေးပြို မိုးညိုမှိုင်းတော့ (အခန်းဆက် ၀တ္ထုရှည်၊...
- တိမ်ဆွေးပြို မိုးညိုမှိုင်းတော့ (အခန်းဆက် ၀တ္ထုရှည်၊...
- တိမ်ဆွေးပြို မိုးညိုမှိုင်းတော့ (အခန်းဆက်ဝတ္တုရှည်၊ ...
- တိမ်ဆွေးပြို မိုးညိုမှိုင်းတော့ …အပိုင်း-၁ (အခန်းဆက...
- အဖော်မွန်
- အမေလိုချင်တာ သားရဲ့ သတိရခြင်းတွေပါ
- မုန်းစရာ သူနာပြု
-
▼
August
(424)
No comments:
Post a Comment