ယခုကျောင်းသား သုံးဦးမှာ ဧပြီ ၂ ရက် နံနက် သုံးနာရီက ဗိုလ်တထောင်မြို့နယ်
၄၈ လမ်းတွင် မီးလောင်ရာ၌ ရှိနေခဲ့သူများ ဖြစ်သည်။ ဧပြီ ၂ ရက် ညနေ ၅
နာရီကျော်တွင် မီဒီယာအချို့နှင့် တွေ့ဆုံ ခွင့်ရခဲ့သည်။ မီးလောင်မှု
ဖြစ်စဉ်အတွင်း သူတို့ကြုံတွေ့ခဲ့ရမှုများအား ကျွန်တော်တို့ကို ပြောပြခဲ့သည်။
ထို့ပြင် ဗလီဥက္ကဋ္ဌ ဦးဘနီနှင့် ကျောင်းဆရာ ဦးဆာအိ တို့က
သတင်းစဉ်သို့ပြောကြားချက် များကို လည်း ပေါ်ပြူလာနယူးစ်
ပရိသတ်များသိရှိနိုင်ပါရန် စုစည်း တင်ဆက်လိုက်ပါသည်။
မောင်ဝေယံသူ(၁၄ နှစ်)
အဲဒီမှာနေတာတော့ တစ်နှစ်ကျော်လောက်ရှိပြီ။ ကျွန်တော်က အောက်ထပ်မှာအိပ်တယ်။
မီးလောင် နေတော့ ကျွန်တော်တို့ ထမင်းစားခန်းထဲ ဝင်ပြေးကြတယ်။ မီးသတ်
တွေလာမှ ကျွန်တော်တို့ ထွက်လာကြ တယ်။ သူတို့ကလည်း ကျောင်းသားလေးတွေ
ထွက်လာလို့ရပြီလို့ ပြောတယ်။ အဲဒီမှာ ထွက်လာကြတာ။ ကိုယ့်ဘာသာ လွတ်အောင်
ပြေးလာတော့ တခြားသူတွေကိုလည်း ဂရုမစိုက်ဖြစ်ဘူး။ ဘေးအိမ်ကို အကူ အညီ
အော်တောင်းတော့ ဘေးအိမ်က မီးတော့လင်းလာတယ်။ ဒါပေမဲ့ လူတစ်ယောက်မှ မတွေ့ဘူး။
မောင်ဇော်ဇော်ထက်(၁၈ နှစ်)
လှေကားအရင်းက စလောင်တာတွေ့တယ်။ ကျွန်တော်လည်း အောက်ထပ်မှာပဲ အိပ်တယ်။
အထပ်ခိုး မှာက ကလေးတွေပဲထားတာ။ ကလေးတွေဆိုတော့ ကြောက် နေကြတာပေါ့။ ၁၃
နှစ်အရွယ် တချို့ကလေး တွေက လှေကားမှာ မီးစွဲနေတော့ အပေါ်ကနေ ခုန်ချကြ တယ်။
ဆရာကပြောတယ်။ မီး လောင်နေပြီ၊ မင်းတို့ပြေးကြတော့၊ လွတ်ရာကိုသွားလို့
ပြောတယ်။ ကျွန်တော်တို့လည်း မီးက အရမ်းပူတော့ စောင်တွေ ကာပြီး
ထမင်းစားခန်းထဲ ဝင်ပြေးကြတယ်။ ဓာတ်ကြိုးတွေကလည်း ထပေါက်တဲ့ ဟာက ထပေါက်တယ်။
နောက် မီးသတ် တွေလာလို့ရပြီပြောမှ ကျွန်တော်တို့ ဓာတ်ကြိုးအောက်ကနေပြီး
လာရတယ်။
မောင်မင်းခန့်ဇော်(၁၇ နှစ်)
ကျွန်တော်တို့ ကြီးတဲ့ကလေးတွေကို အောက်မှာ ပေးအိပ်ထားတယ်။ လှေကားနားမှာ
အိပ်တဲ့သူတွေလည်း ဘာမှမဖြစ်ဘူး။ အပေါ်က ကလေးတွေပဲ ဖြစ်သွားတာ။
ကျွန်တော်တို့လည်း အော်ပြီးအကူအညီတောင်း ကြတယ်။ ဒါပေမဲ့ ဘယ်သူမှ မသိကြဘူး။
ဗလီဥက္ကဋ္ဌနှင့် ကျောင်းဥက္ကဋ္ဌဖြစ်သူ ဦးဘနီက သတင်းစဉ်(ပြည်တွင်း) သို့ ပြောကြားချက်
ကျွန်တော် လည်း သတင်းကြားကြားချင်း ရောက်လာတာပါ။ ကျောင်းက ပိတ်ထားရာကနေ
ပြန်ဖွင့် တာ နှစ်ရက်ပဲ ရှိပါသေးတယ်။ လမ်းထဲက ရပ်ကွက်သူ ရပ်ကွက်သား
တွေကလည်း အတော် စောင့် ရှောက် ကြပါတယ်။ ဒါကြောင့် ဒီရက်ပိုင်း အရင်
ကျောင်းပိတ်ထားရာကနေ ပြန်ဖွင့်လိုက်တာပါ။ ဒီကလေးတွေကို ရပ်ကွက်က
ကိစ္စတစ်ခုခု ရှိရင် ခေါ်ခိုင်းတာတွေ ရှိပါတယ်။ ပြီးတော့ လိုအပ်တာတွေကို
ရပ်ကွက်က ဝိုင်းပံ့ပိုးကြပါတယ်။ ဒီရပ်ကွက်ကို ကျွန်တော်တို့
သိပ်စိတ်ချပါတယ်။
ကလေးတွေက ဒီလမ်း ထဲမှာပဲ အားလပ်ရင် ဆော့ကစားတယ်။ ဒီလမ်းက သိပ် စိတ်ချရတယ်။
ဒါကြောင့် ကျောင်း ပိတ်ရက်မှာ ကလေးတွေ စာတွေ မေ့သွားမယ်ဆိုပြီး
ပြန်ဖွင့်တာ။ အခုမှ နှစ်ရက် ပဲ ရှိပါသေး တယ်။ အခုဖြစ်တော့
တံခါးတွေကပိတ်ထားတော့ ကလေးတွေ မီးခိုးတွေမွှန်ပြီး သေရတာပါ။ အောက်ထပ် က
စာသင်တဲ့အဆောင်ပါ။ ရှေ့ဘက်မှာ ဝတ်ပြုဆောင်ရှိပါတယ်။ မီးလောင်စရာတော့
ကြီးကြီးမားမား ပစ္စည်းမရှိပါဘူး။ သစ်သားကြမ်းခင်းနဲ့ စီလင်ကလည်း သစ်သားပါ။
ဒါလောက်ပဲရှိတာပါ။ အခုတော့ မီး လောင်တာနဲ့ ပတ်သက်ပြီး
အသေးစိတ်စစ်ဆေးနေတယ်လို့ပြောပါ တယ်။ မီးလောင်ချိန်ကတော့ သိပ် မကြာလိုက်ဘူး။
ကျောင်းက ကျောင်းသား ၇ဝ ကျော်လောက် ရှိတာမှာ အပေါ်ထပ်မှာနေတဲ့ ၁၃ ယောက်
သေသွားတယ်။ ကျန်တဲ့ ကလေးတွေကိုတော့ မင်္ဂလာ တောင်ညွန့်မြို့နယ်မှာရှိတဲ့
ဗလီကို ရွှေ့ပြောင်း ပေးထားပါတယ်။ အခု ဒီကျောင်းမှာ တက်နေတဲ့ အချို့က
မိဘရှိသူလည်း ရှိပါတယ်။ အချို့ ကတော့ နယ်ဘက်က မိဘမဲ့တွေ ဖြစ်ပါတယ်။
မိဘမဲ့တချို့ကိုတော့ မင်္ဂလာတောင်ညွန့်ဗလီမှာ ဆက် လက်ထိန်း
သိမ်းစောင့်ရှောက်ထား ပါတယ်။ တချို့ကိုတော့ သူတို့မိဘ တွေ လာခေါ်သွားတယ်လို့
သိရပါ တယ်။
ကျောင်းဆရာ ဦးဆာအိက သတင်းစဉ် (ပြည်တွင်း)သို့ ပြော ကြားချက်
ဒီမှာအိပ်တာက ဘော်ဒါဆရာ နှစ်ယောက်နဲ့ ကျောင်းသား ၇ဝ ကျော်ရှိပါတယ်။
ကျွန်တော်တို့က တော့ စာသင်ပြီး ပြန်တာပါ။ ကလေးငယ်တွေကို အပေါ်ထပ်မှာ
သိပ်ပါတယ်။ ကလေး အလတ်တွေ နဲ့ ဆရာတွေ ကတော့ အောက်ထပ် မှာ အိပ်ပါတယ်။
မီးလောင်တာကို သူတို့ ငြှိမ်းသတ်ကြတယ်။ နောက် တော့ လှေကားတွေ
မျက်နှာကြက်တွေ မီးလောင်ပြီး အပေါ်ထပ်က ကလေးတွေ ဆုံးသွားတာပါ။
မသင်္ကာစရာ လူစိမ်း လုံးဝမတွေ့ခဲ့ ပါဘူး” ဟု ပြောခဲ့သည်။
ထိုကဲ့သို့ အမှားမခံနိုင်သည့် အခြေအနေကြောင့် ရန်ကုန်တိုင်း
ဒေသကြီးအစိုးရအဖွဲ့မှ ယင်းနေ့ (ဧပြီ ၂ ရက်) မနက် ၁၁ နာရီ တွင်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးခန်းမ ၃ တွင် သတင်းစာရှင်း
လင်းပွဲတစ်ခု ချက်ခြင်းပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမြင့်ဆွေက အဆိုပါ ရှင်းလင်းပွဲ၌
”ဒီစာသင်ကျောင်းရဲ့ အားနည်း ချက်က တံခါးတွေအလုံကြီး ပိတ်ထားတယ်။
ဖြစ်တဲ့အချိန်တုန်းက ဆိုရင် သော့နှစ်ထပ်ခတ်ထားတယ်။ သူ့ရဲ့
ပတ်ပတ်လည်ပြတင်းပေါက်နဲ့ မြေညီထပ်က တံခါးတွေ အကုန်လုံးမှာ သံတိုင်တွေ၊
သံဆန်ခါတွေ အထပ်ထပ်ခတ်ထားတယ်။ တော်ရုံ တန်ရုံဖွင့်လို့မရဘူး။ မီးလောင်တော့
ကလေးတွေက အပြင်မထွက် နိုင်ဘူး။ မထွက်နိုင်တဲ့အတွက် ဆင်းရမှာလည်း
ဒီတစ်ပေါက်တည်း။ အောက် ထဲကို ဆင်းရမှာ၊ လောင်တာ ကလည်း ဒါပဲဆိုတော့ ကလေးတွေ
အပြင် အချိန်မီ မရောက်တဲ့အတွက် မီးခိုး ငွေ့တွေထိပြီး အသက်ရှုကျပ် သေဆုံး
ကြရတာပါ”ဟု ဖြစ်ပွားပုံကို ပြောခဲ့ သည်။
ထို့ပြင် ”အဲဒါက တစ်စုံတစ် ယောက်က လုပ်တာမဖြစ်နိုင်ဘူးလို့ အကြမ်းဖျင်းတော့
ကျွန်တော်တို့ သုံးသပ်ပါတယ်။ သို့သော်လည်းပဲ စုံစမ်းစစ်ဆေးရေး
ကော်မရှင်ဖွဲ့ပြီး တိတိကျကျ အဖြေပေါ်အောင် လုပ်မယ်။ မနေ့ကအထိတော့ ကျွန်တော်
တို့ကင်းအဖွဲ့တွေ အကြမ်းဖျင်းစစ် ဆေးတော့ ဘာမှမသင်္ကာ စရာမတွေ့ ဘူး။
အားလုံးလည်း သိကြတဲ့အတိုင်း ပုဒ်မ ၁၈၈ ထုတ်ပြန်ထားတော့ ည ကျရင် ၉နာရီ
တော်ရုံ မထွက်ကြ တော့ဘူး။ ဒီလိုမျိုး မနက်ဆို ပိုပြီး တော့ ကင်းချထားတယ်”
ဟု ၄င်း က ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုရဲနောင်သိန်းကလည်း
”ဒီနေ့ မနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစ္စလာမ်ဘာသာကြီး ၅
ဖွဲ့ကို ခေါ်ပြီး အစည်းအဝေးလုပ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ လောလောဆယ်
ချို့ယွင်းချက်အနေနဲ့မြင်တာ မီးအားမြှင့်စက်ပေါ့။ မီးအား မြှင့်စက်က
မီးမြင့်ပြီး အပူဒဏ်မခံ နိုင်လို့ လောင်တယ်လို့ယူဆပါတယ်။
အဲလိုယူဆတဲ့ နေရာမှာတစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ကျွန်တော်တို့
ရန်ကုန်မြို့ကို စိုးရိမ် နေတာက လုပ်ကြံဖန်တီးမှုတစ်ခုလို့ ယူဆနေတာကြောင့်
ကျွန်တော်တို့ အနေနဲ့ လုပ်ကြံဖန်တီးမှုလား အမှန်တကယ်
မီးအားမြှင့်စက်ကြောင့်လားဆိုတာကို အဖြစ်မှန်စစ်ဆေး ဖော်ထုတ်ဖို့အတွက်
တောင်းဆို ပါတယ်။ ဝန်ကြီးချုပ်ကလည်းအမြန်ဆုံးကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့
ကော်မတီဖွဲ့ပြီးအမြန်ဆုံး အမှန်ဆုံး ဖော်ထုတ်ပေးမယ်လို့ပြောပါတယ်” ဟု
ဆိုခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး လျှပ် စစ်ဓာတ်အားဖြန့်ဖြူးရေး ဒုတိယ အင်ဂျင်နီယာချုပ်
ဦးထွန်းကြွယ်က
”စစ်ဆေးတွေ့ရှိချက်အရ မီးအား အလွန်အကျွံမြင့်တက်လို့ မဟုတ်ဘဲ
မီးအားမြှင့်စက်ကြောင့် ဖြစ်တာတွေ့ရတယ်။ မီးအားမြှင့်စက်မှာ ဗို့အားကို
Regulator သုံးထား တယ်။ ပြီးတော့ သူက Manual ဖြစ်နေတယ်။ ညဘက်ကျတော့
မူလထဲကတင်ထားတဲ့အားကို ပြန်မချတော့အပူလွန်ကဲ ပြီးစလောင်တာ။ လျှပ်စစ်ဓာတ်အား
မြင့်တာနဲ့ မဆိုင်ဘူး”ဟု ရှင်းလင်းခဲ့ သည်။
ယင်းအချိန်ကာလတွင် အင်တာနက်စာမျက်နှာ အချို့၌ ဆူပူမှု ဖြစ်စေနိုင်သော
သွေးထိုးလှုံ့ဆော်မှုများဖြင့် လှုပ်ခတ်နေခဲ့သော်လည်း
အများစုအနေဖြင့်မျှတစွာရှုမြင်ကြ ပြီး အဓိကအားဖြင့် သေဆုံးခဲ့ကြသော
ကလေးများအတွက် ဝမ်းနည်းမှုဖြင့် စိတ်ထိခိုက်ခံစားမှုများကို ရေးသား
ဖော်ပြခဲ့ကြသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ မော် လဝီအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူး
ဦးကျော်စိုးကလည်း ”ဘယ် လိုပုံစံနဲ့ ဖြစ်တယ်ဆိုတာကိုသိဖို့က
အစည်းအဝေးထိုင်ပြီး ဖြစ်ရပ်မှန်ကို ကော်မရှင်ဖွဲ့လုပ်နေတယ်လို့သိရတယ်။
ထွက်လာတဲ့အဖြေပေါ် ကြည့်ပြီးတော့မှ ပြောလို့ရမယ်။ အခုဟာက
မမြင်တွေ့ရဘဲသုံးသပ်မှု မပြုနိုင်ဘူး။ ဒါက လတ်တလော ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်၊
ဒါကို ဥပဒေအတိုင်း စုံစမ်းဖော်ထုတ်မယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က
ပြောထားတာပဲ။ ဒီကိစ္စကြောင့်တော့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ
ဖြစ်ဖို့မရှိဘူး။ ရန်ကုန် တိုင်းအစိုးရအဖွဲ့ကလည်း ဒါကို အဖြစ်မခံပါဘူး”ဟု
သုံးသပ်သည်။
ယင်းမီးလောင်မှုမှာ လတ်တလော စစ်ဆေးမှုများအရ မီးအားမြှင့်စက် အပူလွန်ကဲရာမှ
ဖြစ်ပွားခြင်း ဟုသိရပြီး အဓိကတာဝန်ရှိသည့် ဗလီတာဝန်ခံနှစ်ဦးအား အမှုဖွင့်
အရေးယူထားသည်ဟု သိရသည်။
နံနက် ၁၁နာရီတွင် ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲ၌ ရန်
ကုန်တိုင်းရဲမှူးကြီးဝင်းနိုင်က ”ဗလီ တာဝန်ခံနှစ်ယောက်ကို အမှုဖွင့်
အရေးယူထားတယ်။ အခုသေဆုံး သွားတဲ့သူတွေက မီးခိုးမွှန်ပြီး သေဆုံး တယ်ဆိုတဲ့
ဆရာဝန်ရဲ့ ဆေးစစ်ချက်အရသိရတယ်။ ဒီဖြစ်စဉ်က ဝါယာရှော့ဖြစ်တာ။ ဒါကို
ဖုံးချင်ဇောနဲ့ မသမာမှုတွေလို့ လျှောက် ပြောနေတယ်။ လမ်းတိုင်းလမ်းတိုင်းမှာ
အလှည့်ကျကင်းလှည့် စနစ်ထားပါတယ်။ ဘယ်လူစိမ်းမှ အဝင်မရှိဘူး။
အပြင်ပယောဂမပါတဲ့အတွင်းက ဖြစ်စဉ်ကြောင့် ဖြစ်တယ်။ ဒီဝါယာရှော့
ဖြစ်တယ်ဆိုတာက လျှပ်စစ်ကျွမ်းကျင်သူရော၊ မီးသတ်ရော ဒီပုဂ္ဂိုလ်တွေရဲ့
သုံးသပ်ချက်တွေပါ။ ဒီ မီးလောင်မှုမှာ ဗလီတာဝန်ရှိသူတွေ တာဝန်ပေါ့လျော့ တယ်။
မီးလောင်နေ တာသိရက်နဲ့သော့ကိုင်သူက တံခါး ဖွင့်မပေးဘူး” ဟု ဆိုခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကလည်း ”အမှန်ဆိုရင်
သူတို့လေးတွေ မသေသင့်ဘဲ သေ သွားတာပါ။ ဗလီဆရာတွေရဲ့ မှားယွင်းစွာ
ဆုံးဖြတ်မိလို့ပါ။ သူတို့ သာသော့ဖွင့်ပေးမယ်ဆိုရင် ကလေးတွေ ကို
ကယ်တင်နိုင်မှာပါ။ တာ ဝန်ခံဖြစ်တဲ့နှစ်ဦးကို အရေး ယူပါ မယ်”ဟု ပြောခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုရဲနောင်သိန်းကလည်း
ထပ်မံ၍ ”ကလေးတွေရဲ့ မျက်မြင်ကိုယ်တွေ့ ဖြစ်စဉ်တွေလည်း ကျွန်တော်တို့
မေးမြန်းထား ပါတယ်။ ဒါတွေကတော့ အခုရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က
ကော်မရှင်ဖွဲ့ပြီး စုံစမ်းမှာဖြစ်တဲ့အတွက် ကော်မရှင် အဖြေလေး
စောင့်စေချင်ပါတယ်။ ကော်မရှင် ကတော့ကျွန်တော် တို့လည်း မေတ္တာရပ်ခံတယ်။
ဝန်ကြီး ချုပ်ကလည်း ပြတ်ပြတ်သားသား ပြောပါတယ်။ အမှန်ဆုံးဖြစ်အောင်
လုပ်ပေးမှာပါ။ ဒီကော်မရှင်က တကယ် ကျွမ်းကျင်တဲ့ ပညာရှင်တွေ နဲ့ဖွဲ့စည်းပြီး
အမှန်ဆုံးဖော်ထုတ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မြို့က မြန်မာနိုင်ငံ
မွတ်ဆလင် အများစု စိတ်ဝင်စားတဲ့နေရာ ဖြစ် တယ်လေ။ ဒီနေရာမှာ အမှားအယွင်း
တစ်စုံတစ်ခုဖြစ်ခဲ့ရင် တစ်နိုင်ငံလုံး ပြန့်သွားဖို့အချိန်က
မဆိုင်းတော့ဘူး။ အဲဒါကြောင့် ဒီနေရာမှာ အမြန်ဆုံး အမှန်ဆုံးဖော်
ထုတ်မယ်ဆိုရင် တစ်နိုင်ငံလုံးရဲ့ဂယက်ကလည်း အေးချမ်းသွားမှာပါ။
အဲဒီအတွက်ကြောင့် အမြန်ဆုံးနဲ့ အမှန်ဆုံး ဖော်ထုတ်ပေး မယ်လို့
ဝန်ကြီးချုပ်ကကတိပေးပါ တယ်” ဟုဆိုခဲ့ပြီး ယခုအခြေအနေ
အရကြောက်ရွံ့မှုခံစားရခြင်းနှင့် ပတ်သက်၍မူ ”ကျွန်တော်တို့က
အမှန်တရားပဲလိုချင်တာ။ အမှန်တရား ပေါ်ပေါက်ဖို့ ကျွန်တော်တို့ ကြားတာ
မြင်တာတွေ့တာကိုလည်း သက်ဆိုင် ရာကို တင်ပြပြောဆိုထားပါတယ်။ မီဒီယာကိုလည်း
တရားဝင် ဗျုးထားပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ထိန်ချန်တာ
လျှို့ဝှက် တာဘာမှမရှိပါဘူး”ဟု ဆိုခဲ့သည်။
မီးလောင်မှုကို မျက်မြင်ကြုံ တွေ့ခဲ့ရပြီးအသက်ဘေးမှ လွတ် မြောက်ခဲ့သော
ကလေးများနှင့်ပတ် သက်၍ ¤င်းက ”လောလောဆယ် မှာ ကလေးတွေကို လုံခြုံတဲ့နေရာ မှာ
အေးအေးချမ်းချမ်းနား နေခွင့်ပေး ထားတာပါ။ မိဘရပ်ထံကို ကျွန်တော်
တို့ပြန်မပို့သေးပါဘူး။ ဒီကိစ္စက မမျှော်လင့်ဘဲ ကြီးကြီးမားမားဖြစ်
တယ်ဆိုတော့ ဒီကိစ္စကို လောလော ဆယ်မှာ ကျွန်တော်တို့ အပြင်ကို မထုတ်သေးပါဘူး။
ဘာဖြစ် လို့လဲဆိုတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နဲ့
ညှိနှိုင်းဆောင်ရွက်ရမှာဆို တော့ တိုင်းဒေသ ကြီးအစိုးရအဖွဲ့က လုံလောက်အောင်
ပြည့်စုံအောင်မှာ ကြားထားတာမို့ တိုင်းဒေသကြီး အစိုးရနဲ့ ပူးပေါင်း ပြီး
အမှန်တရား ပေါ်ပေါက်ဖို့ဆောင်ရွက်သွားမှာပါ”ဟု ထပ်လောင်းပြောခဲ့သည်။
မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းကြားရပြီးနောက် မင်္ဂလာတောင်ညွန့်၁ဝ၁
လမ်းထိပ်မှ M.M ယောင် နက်အစ္စလာမ်ဗလီတွင် လာရောက်၍ ကူညီပေးခဲ့သော သုဝဏ္ဏ
ဘက်တွင် ကိုယ်ပိုင်ဆေးခန်းဖွင့်ထားသည့် အစ္စလာမ်ဘာသာဝင် ဆရာဝန်(အမည်မပြော)က
”တစ်ယောက်က လက်က ဒီလိုခေါက်သွားတာပေါ့ (လက်ဖမိုး နေရာကို ကွေးပြရင်း) လက်က
ကျိုးသွားတာလား ခေါက်သွားတာလား မသိဘူး။ ဒါပေမဲ့ ကျွန်တော်
ဘန်ဒေ့စည်းပေးလိုက်တယ်။ နောက်တစ်ယောက်ကျတော့ ခြေသန်းကွဲ သွားတယ်။
သူ့ကိုတော့ မေးခိုင်ကာကွယ်ဆေးထိုး ပေးလိုက်တယ်။ အနာကိုဆေး ထည့်ပေးလိုက်တယ်။
နောက်တစ်ယောက်က ကျတော့ ဒူးနည်းနည်းနာသွားတယ်။ ဒီလောက်ပဲ ။ ဟိုမှာတော့
ဘယ်လောက်သေလည်း ကျွန်တော် မသိဘူး။ ကျန်တဲ့အပိုင်းကတော့ ကလေးတွေ အေးဆေးပဲလား
အေးဆေးပါပဲ။ ဆရာတစ်ယောက်ကတော့ လက်မောင်းမှာ မီးဟပ်ထားတဲ့ ဒဏ်ရာလေးရှိတယ် ။
အရေပြားတော့ ဘာမှမဖြစ်ဘူး။ ပူတယ်လို့ပဲ သူပြောတယ်။ အရေပြားနည်းနည်း နီနေ
တယ်။ ဒါပဲ” ဟု ပြောပြသည်။
မည်သို့ပင်ဆိုစေ မီးလောင်မှုအရ ဗလီမှ မီးအားမြှင့်စက်တစ်လုံး၊
အဆောက်အအုံလှေကားနှင့် ကြမ်းခင်း များအပါအဝင် ဆုံးရှုံးမှုငွေကျပ်
တန်ဖိုးအားဖြင့် ကျပ် ရှစ်သိန်းငါး သောင်းနှင့် အသက် ၁၂ နှစ်မှ ၁၆ နှစ်ထိ
ပါဝင်သော ကလေးကျား ၁၃ ဦး သေဆုံးခဲ့ရသည်။
လက်ရှိ အခြေအနေအရ အရပ်သားအစိုးရတက်လာပြီး အတန်အ သင့်ပွင့်လင်းလွတ်လပ်သည့်
ကာလ တစ်ခုသို့ရောက်ချိန် နိုင်ငံအနေဖြင့် ရှေ့သို့သာသွားရမည့်အစား မလို
လားအပ်သော လူမျိုးရေးနှင့်ဘာသာ ရေးပဋိပက္ခကို ဦးတည်သည့်အကြမ်း ဖက်
လှုံ့ဆော်မှုများကတော့ အခွင့် ကောင်းကို ချောင်းနေပြီဖြစ်သည်။
ယင်းအခြေအနေတွင် လှုံ့ဆော် မှုကို မရည်ရွယ်ဘဲ အားပေးမိလျက် သားဖြစ်နိုင်သည့်
အခြေအနေများကို သတိထားရှောင်လွှဲရမည်ဖြစ်ပြီး သြဇာသက်ရောက်မှုရှိသည့် အင်တာ
နက်ကဲ့သို့ လူမှုဝက်ဘ်ဆိုက် များအနေ ဖြင့်လည်း အမုန်းတရားများ မပြန့်
ပွားရန် သတိထားသင့်ကြောင်း နိုင်ငံ ရေး လေ့လာသူများက သုံးသပ်သည်။ ၄င်းအပြင်
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကလည်း ၄င်း၏ ဖေ့စ်ဘွတ်ခ်တွင်
ကောလာဟလများကို လွယ်လွယ်ကူကူ မယုံကြည်ကြရန်နှင့် မီဒီယာများအနေ ဖြင့်လည်း
သတင်းမှန်ဖြစ် စဉ် အမှန်ကို ထုတ်ပြန်ပေးကြရန် အရေးကြီးကြောင်း
သုံးသပ်ရေးသား ထားသည်။
ဒီမိုကရေစီလမ်းပေါ် စတင် လျှောက်လှမ်းခွင့်ရချိန် ဤကာလ တွင်မှ ယင်းကဲ့သို့
ပဋိပက္ခများ ပိုမို များပြားလာခြင်းသည် တိုင်းပြည်ကို အရောင်
မထွက်စေလိုသူများ ကြောင့်လော၊ ပြောင်းလဲတိုးတက် မှုကို မမြင်လို၍
အာဏာနှင့်နေရာ အသက်ဆက်ချင်သူများကြောင့် လော။ သို့တည်းမဟုတ် ဖြစ်နိုင်
ခြေများကတော့ ဖြစ်နိုင်သည်သာ ချည်းပင်။ သို့သော် အခွင့်အခါကောင်း
ခေတ်စနစ်ပြောင်းချိန်ကျမှ ဤ ကဲ့သို့ အခြေအနေများ အသက်ဝင်လာခြင်းကတော့
တိုင်းပြည်နှင့် ပြည်သူအတွက် ရတက်မအေး စရာပင် ဖြစ်သည်။
ရန်ကုန်သည် ယခင်ပျော်ရွှင် ဖွယ် ကောင်းသော မြို့ပြဆန်မှုများ ဖြင့် ရန်ကုန်သာ
ဖြစ်စေလိုပါသည်။
ရန်ကုန်သာမက မြန်မာတစ်နိုင်ငံလုံး ရှိသမျှ နေရာဌာနတိုင်းတွင်လည်း
ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ အကာ အကွယ်နှင့်လုံခြုံမှုမဲ့သည့် နေ့ည
အချိန်များမရှိစေလိုပါ။ စိတ်ချလက် ချအိပ်စက်နိုင်သော ညများနှင့်အတူ
စားဝတ်နေရေးအတွက် နေ့ည အချိန်မရွေး လုံခြုံသော လူမှုပတ် ဝန်းကျင်ထဲ
အားလုံးရှင်သန်နေချင် ကြပါသည်။
ဤနေရာတွင် လူတိုင်းမလို လားသော အကြမ်းဖက်မှုများရှိနေ သည်ဟု ယူဆပါက
စကားဟောင်း ဖြစ်သည့် အစိုးရနှင့်ပြည်သူ လက် တွဲ၍ တိုင်းပြည်ကို
ထူရမည့်အချိန် ရောက်လာပြီဟုဆိုရမည် ဖြစ်သည်။
အယူအဆမတူကြသော်လည်း ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေ ထိုင်နိုင်ရေးသည်
တိုင်းပြည်အတွက် အရေးပါသော မူဝါဒဖြစ်ပြီးမည် သည့် အရာတစ် ခုကမှ ပြာသာဒ်ကို
မီးလောင်စေမည့် အမှိုက်များမဖြစ်စေ လိုသည်ကတော့ အားလုံး၏ဆန္ဒ ပင်ဖြစ်ပါမည်။
လက်ရှိဖြစ်ရပ်အတွက် သက် ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လည်း လျှပ်စစ်၊
မီးသတ်၊ တိုင်း သာသနာရေး၊ တိုင်းရဲတပ်ဖွဲ့နှင့် အစ္စလာမ်ဘာသာရေး
ခေါင်းဆောင်များ ပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ
ဖြစ်စဉ်နှင့်ပတ်သက် ၍ အမှန်တရားပေါ်အောင် ဆောင် ရွက်မည်ဟုလည်း တရားဝင် ထုတ်
ပြန်ထားပြီး ဖြစ်သည်။
ထို့အတွက် အမုန်းတရားကို အခြေခံသောအတ္တနှင့်ဆန္ဒကို အသီး သီးထိန်းကာ
ငြိမ်းချမ်းရေးအတွက် အတူ ယှဉ်တွဲ၍ အကြမ်းဖက်မှုမပါ သော
တိုးတက်ပြောင်းလဲမှုကို တည် ဆောက်ရမည်ဟု ယုံကြည်ပါသည်။
၂ဝ၁၃ ကတော့ မြန်မာနိုင်ငံအတွက် အမှားမခံသော စိန်ခေါ်မှုများနှင့်
စောင့်နေပြီဖြစ်သည်။ ရခိုင်၊ မိတ္ထီလာ၊ ပဲခူး စသဖြင့် စသဖြင့် မည့်
သည့်အရပ်ဒေသတွင်မှ အမုန်း တရား မရှိစေရ။ မည်သည့်
အကြောင်းရင်းကြောင့်ဖြစ်ဖြစ် အပြစ်မဲ့သူများ အ သက်မဆုံးစေရ။
လောကပါလတရားများနှင့် အတူ ပြည်သူကတော့ ငြိမ်းချမ်းပျော် ရွှင်ဖွယ်ကောင်းသော
ရန်ကုန်ညတွေ အမြန်ပြန် လာနိုင်ပါစေဟူသောဆု တောင်းသံများရင်ထဲတွင် ညံနေကြ
ပြီ ဖြစ်ပါသည်။
No comments:
Post a Comment