
အခုအသစ်ပေါ်လာတဲ့ မြန်မာပုဂ္ဂလိကပိုင်လေကြောင်းလိုင်းအသစ်ဖြစ်တဲ့ Golden Myanmar Airway (GMA) အကြောင်းလေးပြောချင်ပါတယ်။ မြန်မာနိုင်ငံအစိုးရသစ်ရဲ့ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ချစားမှုကင်းစင်ခြင်း၊ Clean Governance အစိုးရဖြစ်ရမယ်လို့ သမ္မတကြီးက တစ်ကြော်ကြော်နဲ့အော် နေသလောက် ပို့ဆောင်ရေးဝန်ကြီးဌာနကတော့ သမ္မတကြီးမျက်နှာ အိုးမဲ သုတ်နေသလား မှတ်ရတယ်။
Golden Myanmar Airway (GMA)လေကြောင်းလိုင်းဆိုရင် သွင်းကုန် ထုတ်ကုန်လိုင်စင်တို့၊ MIC ခွင့်ပြုချက် တို့တောင်မှ တရားဝင်ကျခြင်းမရှိသေးဘူး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လေယာဉ်ကြီးက ဆိုက်ကပ်နေပြီ။ ဒါတင်ဘဲလားဆိုတော့ မကသေးဘူးဗျို့။ လေကြောင်းလိုင်းထောင်ပြီ ဆိုတာနဲ့ လေယာဉ်ပျံသန်းခွင့်လက်မှတ် ( Air Operator Certificate – AOC) လျှောက်ရတယ်ဗျာ။
အဲဒီမှာလည်း
ဦးခင်မောင်အေး (CB Bank) ပိုင်ဆိုင်တဲ့ GMAလေကြောင်း လိုင်းက DCA ကနေ
ခွင့်ပြုချက်မရမီမှာဘဲ ရန်ကုန် – ဂါယာ ပြည်ပခရီးစဉ်ကို ပျံသန်းသွားတယ်ဗျာ။
အံ့ရော ..အံ့ရော……………။ ဦးခင်မောင်အေးတို့ DCA ကို
ပိုင်ချက်ကတော့လန်ထွက်နေတယ်။ DCA က ခွင့်မပြုရင် ပြည်ပကို မပြောနဲ့
ပြည်တွင်းတောင် ပျံသန်းခွင့် မရှိတာ၊ AOC လက်မှတ် ထုတ်မပေးရသေးဘဲနဲ့ကို
ပြည်ပအထိ ပျံသန်းခွင့် ပေးလိုက်တဲ့ DCA ကတော့ ဘယ်လောက်တောင်
ဦးခင်မောင်အေးနဲ့ ပေါင်းပြီး လုပ်စားထားသလဲ မသိတော့ပါဘူးဗျာ။
ပြောတုန်းကတော့ ပွင့်လင်း မြင်သာလိုက်ကျတာ၊ Transparency
ရှိရှိလုပ်ကျပါဆိုပြီး….ခုကျတော့။ဒါလောက်ဘဲလားဆိုတော့ မပြီးသေးဘူးဗျ။ နိုင်ငံတကာလေကြောင်း လိုင်းစစ်ဆေးရေးအဖွဲ့ဖြစ်တဲ့ ( ICAO ) အဖွဲ့ ဒီရက်ပိုင်း မြန်မာနိုင်ငံလေကြောင်း လိုင်းတွေကို လာစစ်ဆေးသွားတယ်။ အဲဒီမှာ အစိုးရ အဖွဲ့အစည်းဖြစ်တဲ့ DCA ကို အဓိကထားပြီး စစ်ဆေးတာပေါ့။ လေကြောင်းလိုင်းထဲမှာ GMA လေကြောင်း လိုင်းကို စစ်သွားတယ်။ GMA ကိုလည်းစစ်ရော ခုနတုန်းကပြောခဲ့တဲ့ AOC လက်မှတ်မရှိဘဲနဲ့ ရန်ကုန် – ဂါယာ ပျံသန်းထားတာကို ICAO အဖွဲ့တွေက တွေ့သွားရောဗျာ။ အဲဒီမှာ ပြဿနာကတက်ရော။ ဒီတော့ DCA က ဘယ်လိုဖြေရှင်းတယ်ထင်လို့တုန်း။
သူတို့ GMA လေကြောင်းလိုင်း ရန်ကုန် – ဂါယာ ခရီးစဉ်ကို မပျံသန်းခင် တစ်ရက်အလိုမှာဘဲ AOC လက်မှတ်ကို ထုတ်ပေးလိုက်တယ်ဆိုပြီး Back Date နဲ့ ပြန်ပြီး စာထုတ် ပေးလိုက်တယ် ဆိုဘဲ( ချီးကျူးပါတယ် နိုင်ငံတော်အစိုးရမင်းများ ခင်ဗျာ။) ICAO အဖွဲ့ကတောင် ဘာပြောရမှန်းမသိဖြစ်သွားတယ်။ ဘ၀င်မကျ ပေမယ့်လည်း ဒေသအာဏာပိုင်ဖြစ်တဲ့ DCA က GMA ဘက်ကနေ မားမားမတ် မတ်ရပ်ပြီး ( ယူထားတာလည်းရှိတော့) ခုခံပေးလိုက်တာပေါ့။ အဖြစ်မှန်အတိုင်းသာ ICAO က သိသွားရင် DCA ရော၊ GMA လေကြောင်း လိုင်းရော Action လုပ်ခြင်းခံရမှာလေ။
အနည်းဆုံးတော့ ပျံသန်းခွင့်ရုတ်သိမ်းမှာဘဲ….။
ဒါကြောင့်ပြောတာပေါ့…….. သမ္မတကြီးက ပွင့်လင်းမြင်သာနေသလောက် ၀န်ကြီးဌာနတွေက ခုထက်ထိကို ယခင်အာဏာရှင်လက်ထက်က စိတ်ဓါတ်တွေ မကုန်နိုင်ကျသေးဘူး။ ကြီးကြီးကျယ်ကျယ်တွေ လူကြားကောင်းအောင် အရှက်မရှိ ပြောနေကြပေမယ့် တကယ့်လက်တွေ့မှာ ပြောသလို မလုပ် တာတွေကို တွေ့နေကြားနေရတော့ ရင်ထဲမှာအောင့်မထားနိုင်တာနဲ့ ခုလိုမျိုး ဖော်ထုတ်ရေးသားလိုက်ရပါကြောင်း ၊ နောက်ထပ်သိထားတာလေးတွေကိုလည်း မကြာမီ ထပ်ပြီး ဖော်ထုတ်ရေးသားတင်ပြသွားမည်ဖြစ်ပါကြောင်း။
No comments:
Post a Comment