
အလုပ်တွေ အရမ်းများနေတဲ့ အခါ ဒါမှမဟုတ်ရင် အရမ်းပျော်ရွှင်နေတဲ့ အခါမှာ မေ့လျော့နေ တတ်ကြတယ်။ သို့သော အခက်အခဲ အတားအဆီတွေနဲ့ ကြုံတွေ့တဲ့ အခါကြရင်တော့ မိဘတွေကို အရင်ဆုံး သတိရတတ်ကြတယ်။
တကယ်တော့ အဲလို မဖြစ်သင့်ဘူး။ မိဘဆိုတာ အိမ်အပြန် အလာကို စောင့်နေတတ်တဲ့
သူ၊ အမြဲတန်း ကူညီဖို့ အသင့်ရှိနေ သူ၊ သူတို့ ငတ်နေရင်တောင် သားသမီးတွေ အတွက် အစာဝအောင် ကျွေးချင်တဲ့ သူမျိုးတွေပေါ့။ တစ်ခါတစ်လေ မိဘတွေကို မေ့လျော့တာတော့ ဘာမှမဖြစ်ပါဘူး။ သို့သော် အချိန်ကြာ စွာတော့ မမေ့လျော့သင့်ဘူး။
မိဘရင်ခွင်ဆိုတာ အေးမြပြီး နားခိုလို့ ကောင်းတဲ့ နေရာတစ်ခုပါပဲ။ သင် ဘယ်လောက်ပဲ အောင်မြင်ပါစေ တစ်နေ့တော့ မိဘရင်ခွင်ဆီ ပြန်သွားဖို့ မမေ့ပါနဲ့။
No comments:
Post a Comment