Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, December 29, 2013

ရထားပို့ဆောင်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများသိစေရန် (ပေးစာ)

သို့

ဆည်းဆာ

အယ်ဒီတာခင်ဗျား..

လူကြီးမင်းမှ တဆင့် တာဝန်ရှိ အများပြည်သူ သိစေ၇န် တင်ပြအပ်ပါသည်။

ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ကုန်းလမ်း ပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေး ဌာနခွဲများ ဖြစ်ကြသော မိထ္တီလာ၊ မကွေး၊ ပြည်၊ ပန်းတောင်း၊ မင်းလှနှင့် ဟင်္သာတတို့မှ ကားအစီးရေ စုစုပေါင်း ၁၅၀ ကျော်မှ ကုန်စည် ပို့ဆောင်ရေး (ကပရ ) ယာဉ်မောင်းများ ကြုံတွေ့ နေရသော အခက်အခဲများကို ဆည်းဆာ သတင်းဌာနမှ တဆင့် တင်ပြ အပ်ပါသည်။


အောက်ခြေ (ကပရ) ယာဉ်မောင်းများ၏ အခက်အခဲ ပြဿနာ (၄) ချက်ရှိပါသည်။

မကွေးတိုင်းအတွင်းမှထွက်ရှိသည့် ကြံများကို တောင်တွင်းကြီးမြို့နယ် ကံလှသကြားစက်သို့ ပို့ဆောင်ပေးရန်အတွက် သကြားစက်နှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကုန်းလမ်းပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေးဌာနခွဲ ညွှန်ကြားရေးမှူးတို့ စာချုပ်ချုပ်ဆိုခဲ့ပါသည်။

ထိုသို့ချုပ်ဆိုရာတွင် ကုန်စည်ပို့ဆောင်ရေးဌာနခွဲ ညွှန်ကြားရေးမှူးမှာ တပ်ထဲမှ အရပ်ဖက်သို့ ညွှန်ကြားရေးမှူးရာထူးဖြင့် ပြောင်းရွှေ့လာသည့် လုပ်ငန်းကျွမ်းကျင်မှုမရှိသည့် မိုးကျရွှေကိုယ် ဖြစ်နေသည့်အတွက် စာချုပ်တွင် ကပရ အောက်ခြေယာဉ်မောင်းများအတွက် များစွာနစ်နာမှုများ ဖြစ်ခဲ့ပါသည်။

၁။ ညွန်ကြားရေးမှူးနှင့် စက်ရုံတို့ ချုပ်ဆိုသည့်စာချုပ်တွင် လမ်းပန်းဆက်သွယ်ရေးအတွက် စက်ရုံဘက်မှ တာဝန်ယူပေးရန် ထည့်သွင်းမချုပ်ဆိုခဲ့မိသဖြင့် ယခုအခါ ကားလမ်းမကောင်း၍ ကားသမားများမှ ကားလမ်းများကို ကိုယ်ဖာသာကိုပြင်ပြီး မောင်းနေရသလို သတ်မှတ်ကုန်စည်တန်ချိန်ပြည့်မှီအောင် မတင်နိုင်ကြပါ။ ထို့ကြောင့် ကားသမားများမှာ များစွာ အခက်တွေ့နေရပါသည်။

၂။ ဌာနမှလက်ခံထားသည့်လုပ်ငန်းများကို လုပ်ကိုင်နေရသော်လည်း (ကပရ) ယာဉ်မောင်းဝန်ထမ်းများမှာ သက်ဆိုင်ရာဝန်ကြီးဌာနကို ( တလလျှင် ကားအသုံးပြုခ ကျပ်သုံးသိန်းခွဲ ) တရက်လျှင် ပျမ်းမျှနှုန်း ၁၂၀၀၀ ပေးသွင်းနေရပါသည်။ ကားပြင်ဆင်ရက်မပေးသည့်အပြင် ကားပျက်၍ပြင်ဆင်နေ့သည့် ရက်များတွင်လည်း နေ့စဉ် ၁၂၀၀၀ ပေးသွင်းနေရပါသည်။ ( ကားပြင်ရက်မပေးပါ။)

၃။ ကံလှသကြားစက်မှာ တလလျှင် ပျမ်းမျှ (၆)ရက်ခန့် စက်ရုံပိတ်ပါသည်။ စက်ရုံပိတ်ရက်များတွင်လည်း (ကပရ)ကားများကို ပြင်ပလုပ်ငန်းများ လုပ်ကိုင်ခွင့်မပြုပဲ စက်ရုံဝင်းအတွင်း သော့ပိတ်ထားပါသည်။ ၎င်းနေ့ရက်များအတွက်ပါ ကားသမားများမှာ ကျပ်(၁၂၀၀၀) ပေးသွင်းရပါသည်။

၎။ (ကပရ) ယာဉ်မောင်းဝန်ထမ်းများမှ ရရှိသည့် သယ်ယူပို့ဆောင်စရိတ်များ (ခေါက်ကြေး) ထုတ်ပေးသည့်အခါ ၅% ( ၅ ရာခိုင်နှုန်း) ကို လူကြီးများအသုံးစရိတ်ဟုပြောကာ ဖြတ်တောက်ခံရပါသည်။ ထိုဖြတ်တောက်ငွေပမာဏမှာ တလလျှင် ကျပ်(၄၅) သိန်း ( လေးဆယ့်ငါးသိန်း) ခန့်ရှိပါသည်။

အဆိုပါ အခက်အခဲများအား ရထားပို့ဆောင်ရေးပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှ အမြန်ဆုံးကူညီဖြေရှင်းပေးပါရန် ဆည်းဆာ သတင်းဌာနမှတဆင့် တင်ပြတောင်းဆို အပ်ပါသည်။

ကံလှသကြားစက်သို့ ကြံများမောင်းပို့နေရသည့်

ကုန်စည်ပို့ဆောင်ရေး (ကပရ ) ယာဉ်မောင်းများ



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ