Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, February 4, 2014

အလုပ်လုပ်ခိုင်းတဲ့ ၀န်ကြီး၊ စာဖတ်ခိုင်းတဲ့ ၀န်ကြီးကို ဖွကြပါဦး

ကဲ နွားနို့သောက်ခိုင်းတာ၊ ထမင်းတစ်နပ် လျှော့စားခိုင်းတာ၊ နယ်လှည့်ပါးရိုက်တာတွေကို ဖွခဲ့တဲ့ ကိုကို၊ မမတို့ရဲ့ ဘယ်မီဒီယာကများ ပြည်သူတွေကို သက်သက်သာသာ မထားဘဲ၊ ပင်ပန်းအောင် အလုပ်လုပ်ခိုင်းတဲ့ ၀န်ကြီး၊ ပြည်သူတွေ မျက်စိမွဲ၊ ခေါင်းခြောက်ဖြစ်အောင် စာဖတ်ခိုင်းတဲ့ ၀န်ကြီးလို့ ဖွကြဦးမလဲ။ ဖွကြပါဦးဗျာ။ မြန်မာ့နိုင်ငံရေးက တစ်ခုတစ်လေမျှ ငြင်းခုန်ရတာ၊ ဝေဖန်ရတာ၊ ဆဲဆိုရတာ မရှိဘူးဆိုရင် ပျင်းစရာကြီးဗျ။

ကိုယ့်နိုင်ငံကို တိုးတက်ကြီးပွားအောင် ဆောင်ရွက်ဖို့အတွက် အစိုးရပိုင်းက ဘယ်လိုဆောင်ရွက်သင့်ပါတယ်၊ ဘယ်နေရာတွေမှာတော့ အစိုးရက အားနည်းနေပါတယ်၊ အတိုက်အခံတွေကလည်း ဘယ်နေရာတွေမှာ အပြုသဘောဆောင်တဲ့ နည်းလမ်းတွေနဲ့ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်သင့်ပါတယ်၊ နိုင်ငံတိုးတက်ဖို့အတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်၊ ပြည်သူတွေကလည်း ဒီမိုကရေစီ နိုင်ငံသားကောင်းတွေ ပီသအောင် ဘယ်လိုအကျင့်စရိုက်တွေကို ပြုပြင်သင့်ပါတယ်၊ ဘယ်လိုညီညီညွတ်ညွတ်နဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ နိုင်ငံပြုပြင်တည်ဆောက်ရေးတွေမှာ ၀ိုင်းဝန်းကူညီ လက်တွဲဆောင်ရွက်သင့်ကြပါတယ်၊ ကျွန်တော်တို့ မီဒီယာတွေကလည်း စတုတ္ထမဏ္ဍိုင် ပီသစွာနဲ့ အလယ်ကနေ တည့်တည့်ရပ်ပြီး အမှန်တရားဘက်ကနေပဲ ရေးသားထောက်ပြ ဝေဖန်အကြံပြုရင်း ထိန်းကျောင်းကြပါမယ်လို့ ဘယ်သူတောင်းစား ဂျာနယ်၊ မဂ္ဂဇင်းကများ စေတနာ အပြည့်အ၀နဲ့ တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်ဆောင်ရွက်နေသလဲ။ (သူတောင်းစား ဆိုတဲ့ စကားလုံးအတွက် စာဖတ်သူတွေကို တောင်းပန်ပါတယ်။ ကျွန်တော်ကိုဆည်းဆာ ဘယ်လိုမှကို သည်းမခံနိုင်တော့လို့ပါ။ အခု မြန်မာ့နိုင်ငံရေး ရှုပ်ထွေးပွေလီ ဖြစ်နေရတဲ့ အဓိက အကျဆုံးသော အချက်တစ်ခုက သောက်သုံးမကျတဲ့ မီဒီယာတွေကြောင့် ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်လို့ပါ။ မြန်မာတွေက ရိုင်းရိုင်းပြောမှ မှတ်မိတယ်ဆိုတာ သိပ်မှန်တယ်။ အဲဒါကြောင့်ပါ။ ရိုင်းမှန်းသိပေမယ့်၊ မသုံးနှုန်းသင့်မှန်း၊ မရေးသင့်မှန်း သိပေမယ့် သိသိနဲ့ မိုက်တဲ့ ကျွန်တော်ကိုဆည်းဆာလူမိုက်ကြီးကို နားလည်ပေးပါ။ ဆဲဆိုပါကလည်း ခံယူရန် အသင့်ပါ။)
တစ်နေ့တစ်နေ့ ထွက်သမျှ ဂျာနယ်၊ မဂ္ဂဇင်းတိုင်းမှာ သောက်ရေးမပါတဲ့ ဘယ်ဝန်ကြီးက ဘယ်လိုပြောတယ်၊ ဘယ်အမတ်က ဘယ်လိုပြောတယ်၊ ၂၀၁၅ အတွက် ဘယ်သူကတော့ သမ္မတ ဖြစ်သင့်တယ်၊ ဘယ်သူကတော့ မဖြစ်သင့်ဘူး စတဲ့ အရေးကိစ္စတွေနဲ့ပဲ စာဖတ်သူတွေကို အပေါဆုံး စည်းရုံးဆွဲဆောင် ထားကြတယ်။ သောက်ရေးမပါတဲ့၊ ဘာမျှလည်း ပြန်လုပ်လို့ မရတော့တဲ့ ဘယ်တုန်းကတော့ ဘယ်ဗိုလ်ချုပ်ကြီးက ဘယ်လိုလုပ်ခဲ့တာ၊ ဘယ်တုန်းကကိစ္စကို ဘယ်လိုအရေးယူသင့်တယ် စတာတွေနဲ့ပဲ အနာဟောင်းကို ပြန်ဆွပြီး ပြည်သူကို သွေးကြွအောင် မြှောက်ပေးနေကြတယ်။ ဟုတ်၏၊ မဟုတ်၏ ဆိုတာ ဂျာနယ်တွေ အသိဆုံးပါ။ ဘယ်ဂျာနယ်က ဘယ်သောက်ချိုးဆိုတာ စာဖတ်သူ အတော်များများ သိထားကြပြီးသားပါ။
ကဲ... အလုပ်လုပ်ခိုင်းတဲ့ဝန်ကြီး၊ စာဖတ်ခိုင်းတဲ့ဝန်ကြီး၊ ပြည်သူတွေကို ဆရာလုပ်တဲ့ ၀န်ကြီး ဆိုပြီးတော့ ဘယ်သကောင့်သားက ဖွဦးမလဲ ကြည့်ကြသေးတာပေါ့။ ကျွန်တော်ကိုဆည်းဆာ ရဲ့ ဒေါသများလည်း ဤနေရာတွင် တစ်ခန်းရပ်ဦးမည်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်