ဆည်းဆာ
အယ်ဒီတာခင်ဗျား..
လူကြီးမင်းမှ တဆင့် တာဝန်ရှိ အများပြည်သူ သိစေ၇န် တင်ပြအပ်ပါသည်။
နေပြည်တော်သို့ ပြောင်းရွှေ့လာသည့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် နေအိမ်လိုင်းခန်း မရရှိသည့် အခက်အခဲများဖြစ်ပေါ် လျှက်ရှိ ပါသည်။
တိုင်းနှင့်ပြည်နယ် အသီးသီးမှ ပြောင်းရွှေ့ရောက်ရှိသည့် တပ်ဖွဲ့ဝင်များအတွက် နေအိမ်လိုင်းခန်းများ လောက်ငမှု မရှိသဖြင့် အခက်အခဲများစွာ ဖြစ်ပေါ်လျှက်ရှိ နေပါသည်။
အချို့တပ်ဖွဲ့ဝင်များသည်နီးစပ်ရာ ရပ်ကွက်များတွင် နေအိမ်ဌားရမ်း နေထိုင်ရသဖြင့် ရရှိသောလစာများအိမ်ဌား စာရိတ်ပေးရသဖြင့် စားဝတ်နေရေး အကြပ်အတည်းများ ဖြစ်ပေါ်နေပါသည်။
သမ္မတကြီးနှင့် မိမိတပ်ဖွဲ့အရာရှိကြီးများ လိုလားလျှက်ရှိသော လက်ပေးလက်ယူ ကင်းစင်ပပျောက် စေလိုလျှင် တပ်ဖွဲ့ဝင်များ၏ အဓိကအခက်အခဲ ဖြစ်သော နေအိမ်လိုင်းခန်းများ ရရှိစေရန် ဆောင်ရွက်ပေး စေလိုပါသည်။
အချို့တပ်ဖွဲ့များတွင်လိုင်းခန်း အလွတ်များရှိနေပြီး လိုင်းခန်းမရရှိသေးသော တပ်ဖွဲ့ဝင်များအတွက် ညှိနှိုင်းဆောင်ရွက် ပေးစေလိုပါသည်။ နေပြည်တော်ရှိ တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ ၀င်များ၏ နေထိုင်မှုအခက်အခဲများအား အထက်လူကြီးများ သိစေရန်တင်ပြ လိုက်ပါသည်။
နေပြည်တော် ရဲတပ်ဖွဲ့ဝင်တဦး
No comments:
Post a Comment