Sunday, May 11, 2014

ကားချင်းချိတ်မိပြီး သေဆုံးသွားမှုအား ဥပဒေနှင့် အညီအရေးယူ ဆောင်ရွက်ပေးပါ

သို့

ဆည်းဆာ

အယ်ဒီတာခင်ဗျား..

လူကြီးမင်းမှ တဆင့် တာဝန်ရှိ လူကြီးမင်းများ သိစေ၇န် တင်ပြအပ်ပါသည်။

လူကြီးမင်းရှင့်

  ရိုသေလေးစားစွာ တင်ပြအပ်ပါသည်။ ဖြစ်စဉ်မှာ ဧရာဝတီတိုင်း ဒေသကြီး ၊ ရေကြည်မြို့နယ် ၊ ငသိုင်းချောင်း မြို့နယ်ခွဲ၊ ကုန်းပြင်အုပ်စု ၊ ရေနောက်ဝကြီး ကျေးရွာတွင် နေထိုင်သူ (ဒေါ်ခင်မေ၀င်း ) အသက် (၅၀ ) နှစ် ကွယ်လွန်သူသည် (၂၀-၃-၂၀၁၄ ) ကြာသပတေးနေ့ နေ့လည် (၁ )နာရီ မိနစ် (၃၀) ခန့်တွင် ငသိုင်းချောင်းမြို့နယ်ခွဲ ၊ ဒေါင်းကြီးကျေးရွာအုပ်စု ရွှေကျောင်းတံတား နားတွင် (ဒေါ်ခင်မေ၀င်း) စီးနင်းလာသော ထော်လဂျီ နှင့် အေးရှားဝေါ ကုမ္ပဏီ ပိုင် ၂၂ ဘီးကား (၃ယ/၆၄၅၈) နှင့်ချိတ်မိပြီး (ဒေါ်ခင်မေ၀င်း) မှာ ကွယ်လွန်သွားခဲ့ပါသည်။ ယာဉ်မောင်း အမည်နှင့် ယာဉ်မောင်း အား မမှတ်မိပါ။

ငသိုင်းချောင်းမြို့နယ် ဆေးရုံသို့ ပို့ဆောင်ပြီး ဆရာဝန်၏ ဆေးစစ်ချက် ဆေးစာအရ (ဒေါ်ခင်မေ၀င်း) မှာ နှလုံးကွဲ ပြီး အသဲကြေကြောင်း သိရှိရပါသည်။ ၄င်း အမှုအား ငသိုင်းချောင်း ရဲစခန်းမှ အမှုစစ်-ဒု-ရဲအုပ်ဦးကြည်စိုးမှ ကိုင်တွယ်ကြောင်းသာသိရပြီး ယနေ့အထိ ၄င်း အမှုအား စစ်ဆေးခြင်း ၊  ခေါ်ယူခြင်း၊ ရုံးတင်ခြင်း များကို ဘာတစ်ခုမှ လုပ်ဆောင်ခြင်း မရှိပါ။ ယာဉ်မောင်းအား ရှာဖွေခြင်း၊ စစ်ဆေးခြင်းများလည်း မရှိပါ။ ယနေ့အထိ နှစ်လ နီးပါးခန့် ကြာသွားသော်လည်း ၄င်းအမှုမှာ မည်သို့မျှ လုပ်ဆောင်ခြင်း မရှိဖြစ်နေပါသည်။ သို့ပါသောကြောင့် အမှုမှန် ပေါ်ပေါက်ရေးနှင့် တရားဥပဒေအရ မှန်ကန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ပါရန် ရိုသေလေးစားစွာ တိုင်ကြားအပ်ပါသည်။

တိုင်ကြားသူ

စန်းစန်းဝေ ( သေဆုံးသူ၏ တူမ)

ကွယ်လွန်သူ (ဒေါ်ခင်မေ၀င်း)
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment