Motion sickness ခရီးသွားစဉ် ပျို့-အန်ခြင်း

အသက်က ၂၆ နှစ်ရှိပါပြီ။့ မှာ အလုပ်လာလုပ်တာ ၃ လ လောက်ပဲရှိပါသေးတယ်။
အလုပ်ကစိတ်ဖိစီးမှု နည်းနည်းရှိပါတယ်။ ရန်ကုန်မှာနေတုန်းက
ကားမူးပြီးအန်ချင်တာလောက်ပဲရှိတာပါ။ ဆေးခန်းပြတာလဲ စကားပြော
အဆင်မပြေတာကြောင့်ပါ။
ခရီးသွားစဉ် မူးဝေ အော့အန်ခြင်းဖြစ်ရသည်မှာ မျက်စိကမြင်သိ၍
ဦးနှောက်ဆီပို့လွှတ်သည့် အာရုံကြောစနစ်၏ ပေးပို့ချက်နှင့် ကိုယ်ခန္ဓာ
အတတ်-အဆင်း၊ ဘယ်ကွေ့-ညာကွေ့ ဖြစ်သည်အား နားအတွင်းထဲရှိ အင်္ဂါအစိတ်အပိုင်းက
ပို့လွှတ်သည့် ပေးပို့ချက်တို့ သဟဇတမဖြစ်ခြင်းကြောင့် မူးဝေ
အော့အန်ဖြစ်စေခြင်းဖြစ်သည်။ Hyoscine, Cyclizine, Cinnarizine,
Promethazine တို့ကိုပေးနိုင်သည်။ နားအတွင်းက လာမည့် ပေးပို့ချက်အား
ဦးနှောက်၏ အန်ခြင်းကို ဖြစ်စေသည်နေရာသို့ မရောက်စေရန် တားဆီးမည့်ဆေးကို
ပေးရခြင်း ဖြစ်သည်။
အသုံးအများဆုံးဆေး Dramamine ကို အသက် ၂ နှစ် အထက်ပေးနိုင်သည်။
ကိုယ်တိုင်ကားမောင်သူအား မပေးရ။ အရက်နှင့်မတွဲရ။
အခြားအိပ်ချင်စေသည့်ဆေးများ (အအေးမိသက်သာဆေး၊ ဘိန်းပါသည့်ဆေး၊ အိပ်ဆေး၊
စိတ်ငြိမ်ဆေး၊ အတက်သက်သာဆေး၊) များနှင့် တွဲမပေးသင့်ပါ
ခရီးသွားစဉ် မူးဝေ အော့အန်ခြင်းအတွက် ခရီးမထွက်မီ နာရီဝက်၊ ၁
နာရီကြိုတင်သောက်ရမည်။ အချို့ဆေးက ၄ နာရီ ခံပြီး အချို့က ၂၄ နာရီခံသည်။
ဆေးကို ရေတဖန်ခွက်အပြည့်ဖြင့်သောက်ပါ။ နားကြောင့်ဖြစ်ရသည့် ခေါင်းမူးရောဂါ
အတွက် ဆေးကို တနေ့လျှင် ၄-၆ ကြိမ်သောက်ရသည်။ အိပ်ချင်မည်။ အိပ်ပျော်နေမည်။
ဒေါက်တာတင့်ဆွေ
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment