Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, May 5, 2014

ဘုရင့်နောင်တာဝါ(၂) ရှိ တာဝါကော်မတီ ဥက္ကဌ မှ ငွေကြေးများ ကောက်ခံနေခြင်း

 သို့

ဆည်းဆာ

အယ်ဒီတာခင်ဗျား..

လူကြီးမင်းမှ တဆင့် တာဝန်ရှိ လူကြီးမင်းများ သိစေ၇န် တင်ပြအပ်ပါသည်။

 ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ဘုရင့်နောင်တာဝါ(၂)ရှိ စာသင်ကျောင်းများနှင့် ကုမ္ပဏီများအား ဇွန်/2014 နေ့မှစ၍ တစ်ခန်းလျှင် ၀န်ဆောင်ခ (၃၅,၀၀၀/-) နှုန်းဖြင့် စတင်ပေးရန် တာဝါနေသူများ ထံမှ ဘုရင့်နောင်တာဝါ(၂) ရှိ တာဝါကော်မတီ ဥက္ကဌ မှ ငွေကြေးများ ကောက်ခံနေသည်ဟု သိရှိရပါသည်။


ထို့ပြင် ယင်းနေ့တွင် ပေးဆောင်ခြင်း မရှိပါက စာသင်ကျောင်းများ၊ ကုမ္ပဏီများအား ရေဖြတ်တောက်ခြင်း စသည့် လုပ်ရပ်များဖြင့် ဒဏ်ခတ်မည် ဖြစ်ကြောင်းလဲ ယင်းစာ၇ွက်တွင် ရေးသားထားပါသည်။

ကော်မတီရှိ ပါဝင်လူများအားလုံး၏ လက်မှတ် မပါဘဲ ယင်းစာရွက်ကို ရိုက်နှိပ် ထုတ်ဝေသည် ဟုလဲ တာဝါနေသူများထံမှ ယူဆထားကြောင်း သိရှိရပါသည်။

ဦးညွှန့်ဦး  (ဗိုလ်မှူးဟောင်း ငြိမ်း) မှာ တာဝါကော်မတီ တွင် ဥက္ကဌ အဖြစ် ပါဝင်လျှက်ရှိပါသည် ဟု သိရှိ ရပါသည်။

" သူက ဒီတာဝါမှာ (၂)နှစ် ရှိပြီး ဥက္ကဌ တာဝန်ယူထားတာ ။ ဒီတာဝါမှာက ၀န်ဆောင်ခက ဒီတိုင်းတောင် တစ်လကို (၁၅,၀၀၀/-) ပေးနေရတာ ရေ၊ မီး နဲ့ အခြား စရိတ်မပါဘူး။ အဲဒါ ၀န်ဆောင်ခသက်သက်ပဲ။  အဲ့ဒါနဲ့ တောင် အခု (၃၅,၀၀၀/-) တိတိ တိုးတောင်းပြီး ကောက်တော့ စဉ်းစားသာကြည့်ကြပါတော့ "ဟု တာဝါရှိ နေထိုင်သူ တစ်ဦးက ဝေဖန် ထောက်ပြသည်။

          ' အဲ့ဒီ (၂/မေလ/၂၀၁၄) မှာ လုပ်သွားတဲ့ ကော်မတီ အစည်းအဝေးမှာ အချို့ကော်မတီဝင်တွေကို လုံးဝ အသိ မပေးပဲ လူ(၇)ယောက်၊ (၈)ယောက် လောက်နဲ့ ကြိတ်ပြီးလုပ်သွားတာ၊ ပြီးတော့ ဥက္ကဌ ပဲ ဆုံးဖြတ်ပြီး ဥက္ကဌ ပဲ လုပ်သွားတာ ကျန်တဲ့သူတွေ ဆန္ဒ မပါဘူး ' ဟု အစည်းအဝေး တက်ရောက်ခဲ့သူ ကော်မတီဝင် တစ်ဦးမှ ရင်ဖွင့် ပြောပြသည။်
          '' ခပ်ရှင်းရှင်း ပြော၇ရင် တချို့ဆို ကော်မတီ ထဲ ၀င်ဖို့ အသေလန့်နေတာ။ စည်းလုံးမှု့မရှိလို့လေ အဲ့ဒီကော်မတီ က တပ်ပျက်နေတာ (၂)နှစ်လောက်ရှိပြီ တကယ်ဆို လူသိများမှ တာဝါက နာမည်ကြီ်းပြီး ဈေးကောင်းရတာ အဲ့ဒါကို မသိပဲ နေတဲ့သူတွေကို တချိန်လုံး စိတ်ဒုက္ခပဲ လိုက်ပေးနေတာ။  အမှိုက်ပုံကြီးကလဲ တာဝါရှေ့တည့်တည့်မှာ အဲ့ဒါကျဘာမှ မလုပ်ဘူး။ အရင် နိုင်ငံခြားသားတွေ အများကြီးရှိတယ်။ အခုဆို မရှိသလောက် ဖြစ်သွားပြီ။ တာဝါက ဆက်ဆံရေးမကောင်းလို့လေ။
          "တိုးချင်တိုးပါ (၅,၀၀၀/-) ကျပ်လောက်ပေါ့အခုတော့ (၃၅,၀၀၀/-) တောင် ဆိုတော့ သူတို့ဆိုရင်ကော လတိုင်း ပေးနိုင်မလား။ မေးကြည့်ချင်တယ်။ အဓိပ္ပါယ်မရှိ ရေဖြတ်၊ မီးဖြတ်လုပ်ပြီး ပိုက်ဆံတွေပဲ တောင်းနေရင်တော့ ကျွန်တော်တို့တွေ ဖက်ကလဲ လုပ်သင့်တာ လုပ်ရမှာပဲ'' ဟု တာဝါရှိ ကုမ္ပဏီများအားလုံး၏ အဖွဲ့အစည်း အတွင်းမှ လူတစ်ဦးက ပြောကြားသည်။

ဝန်ဆောင်ခများကိုလဲ အမျိုးမျိုး နာမည်တပ်ယူဆောင်လျှက် ရှိပြီး ၎င်းကော်မတီအတွင်းတွင်လဲ စိတ်ဝမ်းကွဲပြား လျှက်ရှိနေသည်ဟု သိရှိရပါသည်။

တာဝါနေ ပြည်သူများ အနေဖြင့် ၀န်ဆောင်ခ အဆမတန် ကြီးမြင့်စွာ တောင်းခံနေမှု့အား တာဝန်ရှိ မြို့နယ်/ တိုင်း/ခရိုင် အဖွဲ့ အစည်းများ မှ လာရောက် ကြပ်မှတ် ပေးစေလိုကြောင်း ဆန္ဒ ရှိနေသည်ဟု သိရပါသည်။

  ကျော်ရင် (ကမာရွတ်)





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ