ဆည်းဆာ
အယ်ဒီတာခင်ဗျား..
လူကြီးမင်းမှ တဆင့် တာဝန်ရှိ လူကြီးမင်းများ သိစေ၇န် တင်ပြအပ်ပါသည်။
စစ်ကိုင်းတိုင်း ဒေသကြီး ၊အရာတော်မြို့နယ် ၊ နေရာခင်းအုပ်စု ၊ဟင်္သာရွာ၏အရှေ့ဘက်(၆)ဖာလုံခန့်ဝေးသော အရာတော်မြို့နယ်အဆုံး ဒီပဲယင်းမြို့နယ်အစပ်ရှိ ပရမ်းပကားချောင်းကြီးအား လွန်ခဲ့သော နှစ်ပေါင်း(၅၀)ခန့်က ခရီးသွားရဟန်းရှင်လူ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ အလျား(၇၅)ပေခန့်၊ အနံ(၁၂) ပေခန့်ရှိ အုတ်ဘုတ်တိုင်၊ သံဘောင်အသားခင်းတို့ဖြင့်
အများပေါင်းစု၍ ဆောက်လုပ်ထားသော ပရမ်းပကားအမည်ရှိ ဒေသကူးတံတားကြီးကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောက်လုပ်ခဲ့ကြပါသည်။
၎င်းဒေသကူးတံတားကြီးသည် အရာတော်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ် ရွှေဘိုခရိုင်နှင့် မုံရွာခရိုင်များသို့ ခရီးသွား ရဟန်းရှင်လူပြည်သူများ စီးပွားရေး လုပ်ငန်းရှင်များ ၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အဆင်ပြေချောမွေ့စွာ ကူးသန်းသွားလာခဲ့ကြသည်မှာ နှစ်ပေါင်း(၄၀)ခန့်ကြာမြင့်ခဲ့သည် ဖြစ်ပါသည်။
၎င်းဒေသကူးတံတားကြီးသည် (၂၀၁၃)ခု ၊(၉)လပိုင်းကကျိုး ကျပျက်စီးခဲ့ရပါသည်။ ယခုအခါ ယာယီတံတား ဆောက်လုပ်ထားသော်လည်း ၄င်းယာယီတံတားမှာ ၀န်ပါသော ယာဉ်များ ကူးသန်းသွားလာရာ အခက်တွေ့နေခြင်း၊ ခိုင်ခံ့မှုနည်းပါးခြင်းကြောင့် မြို့နယ်မှဌာနဆိုင်ရာပုဂ္ဂိုလ်များအား အကြောင်းကြားခြင်း ပြုလုပ်ပါသော်လည်း လာရောက်ကြည့်ရှုခြင်း၊ ပြုပြင်ပေးခြင်း မပြုလုပ်သေးပါသဖြင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောက်လုပ်ပေးရန် ဒေသခံပုဂ္ဂိုလ်များမှ လိုအပ်လျှက်ရှိနေပါသဖြင့် သက် ဆိုင်ရာပုဂ္ဂိုလ်များမှ လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။
![]() |
ပရမ်းပကားချောင်းကူး တံတား ပြုပြင်ပေးရန်လိုအပ်နေ |
No comments:
Post a Comment