Thursday, August 21, 2014

ရီးရဲလ်နှင့် လေးနှစ်စာချုပ်သစ် မိုဒရစ်ချုပ်ဆို

မက်ဒရစ်− ချန်ပီယံလိဂ် လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်သည် ၎င်းတို့အသင်း၏ အဓိက ကွင်းလယ်လူ လုကာမိုဒရစ်နှင့် လာမည့် ၂၀၁၈ နွေရာသီအထိ သက်တမ်းရှိမည့် လေးနှစ်စာချုပ်သစ်တစ်ရပ်ချုပ်ဆိုလိုက်သည်။
 

ခရိုအေးရှားလက်ရွေးစင် မိုဒရစ်နှင့် ရီးရဲလ်တို့ စာချုပ်ဟောင်းမှာ လာမည့် ၂၀၁၇ ဇွန်လတွင်သက်တမ်းကုန်မည်ဖြစ်ရာ ၂ နှစ်ခန့်သာလိုတော့၍ သက်တမ်းထပ်တိုးခဲ့ခြင်း ဖြစ်သည်။ ‘‘ရီးရဲလ်အသင်းဟာ အသင်းနဲ့ နောက်ထပ်လေးရာသီ ဆက်ရှိနေစေမယ့် စာချုပ်သစ်ကို လုကာမိုဒရစ်နဲ့ သက်တမ်းတိုး ချုပ်ဆိုနိုင်ခဲ့ပါတယ်’’ဟု အသင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။ မိုဒရစ်(၂၈)နှစ်သည် စပါးမှ ရီးရဲလ်သို့ ၂၀၁၂ နွေရာသီတွင် ရောက်လာခဲ့ပြီးနောက် အသင်း၏အဓိကကျသည့် ကွင်းလယ်လူဖြစ်လာသည်။ ၎င်းသည် ရီးရဲလ်နှင့် ပြိုင်ပွဲအားလုံးတွင် အကြိမ် (၁၀၀)ကျော် ပါဝင်ကစားခဲ့ပြီး ဘာနေဗျူး၌ စပိန်စူပါဖလား၊ ကိုပါဒယ်ရေး၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားများ ဆွတ်ခူးနိုင်ခဲ့သည်။

No comments:

Post a Comment