ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင် သြဂုတ် ၁၇ ရက်၌ ကျင်းပမည့် အမျိုးသား၊ အမျိုးသမီး ၁ဝ ကီလိုမီတာ အပြေးပြိုင်ပွဲတွင်
အနိုင်ရရှိသူများအား ပထမဆုံး အကြိမ် အဖြစ် စိန်တံဆိပ် ဆုများနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ
အပြေးပြိုင်ပွဲတွင် အနိုင်ရရှိသူ အပြေးသမားများသည် စိန်တံဆိပ်ဆု သုံးဆုကို
ရရှိမည်ဖြစ်သည့် အပြင် အကောင်းဆုံး အပြေးကစားသမားဟောင်း တစ်ဦး၏
ဂုဏ်ပြုခြင်းကိုလည်း ခံရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲ စီစဉ်သူ ဘာနာဘာကိုရာက
သြဂုတ် ၁၄ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့်
အဆိုပါပြိုင်ပွဲတွင် ချီးမြှင့်မည့် ဆုတံဆိပ်များကို ဘယ်လ်ဂျီယံ နိုင်ငံမှ
အလှူရှင်များနှင့် Antwerp မှ အလှူရှင်များထံမှ လက်ခံရရှိခဲ့ခြင်း
ဖြစ်ပြီး ယင်းအလှူရှင်များသည် ပြိုင်ပွဲအတွက် အမေရိကန် ဒေါ်လာ ၇ဝဝဝဝ
တန်ဖိုးရှိ လျှပ်စစ် လက်ပတ်နာရီ များကိုလည်း လှူဒါန်းခဲ့ကြောင်း ကိုရာက
ထပ်လောင်း ပြောကြားခဲ့သည်။
ထို့ပြင် ပြိုင်ပွဲ စီစဉ်သူများသည်
ယင်းအပြေးပြိုင်ပွဲတွင် အနိုင်ရရှိသူ အပြေးသမားများကို ဆုကြေးငွေ အဖြစ်
အမေရိကန် ဒေါ်လာ ၁၂ဝဝဝဝ ချီးမြှင့်ရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
No comments:
Post a Comment