Thursday, August 21, 2014

တောင်ကိုရီးယား နိုင်ငံက ဂျပန်နိုင်ငံ ဆန့်ကျင် ကန့်ကွက်နေသည့် ကြားမှ ကျည်စစ်ကျည်မှန်များ အသုံးပြုသည့် စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်

ဂျပန်နိုင်ငံ အခေါ် Takeshima၊ တောင်ကိုရီးယား နိုင်ငံအခေါ် Dokdo ကျွန်းစုများ အနီးတွင် တောင်ကိုရီးယား နိုင်ငံသည်
ကျည်စစ်ကျည်မှန် အသုံးပြုသည့် စစ်ရေးလေ့ကျင့်မှု တစ်ရပ် ပြုလုပ်လျက် ရှိကြောင်းနှင့် ယင်းစစ်ရေး လေ့ကျင့်မှုအား ဂျပန်နိုင်ငံက ကန့်ကွက် ဆန့်ကျင်လျက် ရှိကြောင်း သိရသည်။

 အဆိုပါ စစ်ရေး လေ့ကျင့်ခန်းသည် နိုင်ငံတော် ကာကွယ်ရေး အတွက်  လေ့ကျင့်သည့် ပုံမှန် စစ်ရေးလေ့ကျင့်ခန်း၏ တစ်စိတ်တစ်ဒေသ ဖြစ်ကြောင်း ၊  တောင်ကိုရီးယား ရေတပ်နှင့် ကမ်းခြေစောင့် တပ်ဖွဲ့တို့ အနေဖြင့် အဆိုပါ ကျွန်းစုများ အနီးတွင် ပူးတွဲစစ်ရေး လေ့ကျင့်မှု များစွာ ပြုလုပ်ခဲ့ကြောင်း၊ သို့ရာတွင် ကျည်စစ်ကျည်မှန် အသုံးပြုသည့် စစ်ရေးလေ့ကျင့်ခန်းအား တစ်ခါတစ်ရံမှသာ လေ့ကျင့်ပြုလုပ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောကြား ခဲ့သည်။
ဂျပန်နိုင်ငံ အနေဖြင့် ယင်းစစ်ရေး လေ့ကျင့်ခန်းကို မည်သည့်အခါမျှ လက်သင့်ခံ လိမ့်မည် မဟုတ်ကြောင်းနှင့် စစ်ရေး လေ့ကျင့်မှု အစီအစဉ်အား ရပ်တန့်ရန်  တောင်ကိုရီးယား အစိုးရသို့ ဂျပန်အစိုးရ အဖွဲ့ အတွင်းဝန်ချုပ် Yoshihide Suga ကတောင်းဆိုခဲ့ကြောင်း သိရသည်။
 ထို့အပြင် အဆိုပါ စစ်ရေး လေ့ကျင့်ခန်းများအား ဆက်လက် လေ့ကျင့်မည် ဆိုပါက  ပြင်းထန်သော ဆိုးကျိုးများ ဖြစ်စေမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်ခန်းသည် တောင်ကိုရီးယား နိုင်ငံ၏ ကာကွယ်ရေး စွမ်းပကားကို မြှင့်တင် ရန် ရည်ရွယ်သည့် စစ်ရေးလေ့ကျင့်ခန်း ဖြစ် ကြောင်း၊  သို့ဖြစ်၍ စစ်ရေး လေ့ကျင့်ခန်းနှင့် ပတ်သက်သည့် မည်သည့် တောင်းဆိုမှုကိုမျှ ထည့်သွင်း စဉ်းစားလိမ့်မည် မဟုတ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wi Yong-Seop ကပြန်လည် ပြောကြားခဲ့သည်။
တောင်ကိုရီးယား- ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေးသည် တောင်ကိုရီးယား သမ္မတဟောင်း လီမြောင်ဘတ် Dokdo  ကျွန်းစုသို့ ရုတ်ခြည်း အလည်အပတ် သွားရောက်ခဲ့ပြီးနောက် ၂ဝ၁၂ ခုနှစ်မှစ၍ နှစ်နိုင်ငံ အကြား ဆက်ဆံရေးများ တင်းမာ လာခဲ့ကြောင်း သိရသည်။

No comments:

Post a Comment