Thursday, August 21, 2014

ဘန်ဂါဇီမြို့ရှိ စစ်ဌာနချုပ် တစ်ခုကို အစ္စလာမ်မစ် အုပ်စုများ သိမ်းပိုက်

လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့တွင် အစိုးရ တပ်ဖွဲ့ဝင်များနှင့် အစ္စလာမ်မစ် အကြမ်းဖက် အုပ်စုများ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် ၎င်းမြို့ရှိ အစိုးရ အထူးတပ်ဖွဲ့၏ စစ်ဌာနချုပ် တစ်ခုကို အစ္စလာမ်မစ် စစ်သွေးကြွများက  သိမ်းယူခဲ့ကြောင်း သိရသည်။

ဘန်ဂါဇီမြို့အရှေ့ဘက်တွင် တည်ရှိသည့် အဆိုပါ စစ်ဌာနချုပ်ကို အစ္စလာမ်မစ် အကြမ်းဖက် အုပ်စုများက ဇူလိုင် ၂၉ ရက်တွင် သိမ်းယူခဲ့ခြင်း ဖြစ်ပြီး ၎င်းအုပ်စုသည် အမေရိကန်က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် နာမည်ပျက် စာရင်းသွင်းထားသည့် အန်ဆာအယ်လ်ရှာရီအာ အဖွဲ့၏ အဖွဲ့ဝင်များ ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ အာဏာပိုင် တစ်ဦးက အစီရင်ခံစာ တစ်စောင်တွင် အတည်ပြု ပြောကြားထားသည်။
အစိုးရ တပ်ဖွဲ့ဝင်များနှင် အကြမ်းဖက် အုပ်စုများကြား တိုက်ခိုက်မှုများသည် ပြီးခဲ့သည့် ရက်သတ္တပတ် ကတည်းက စတင်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် အုပ်စုများ၏ ပြင်းထန်စွာ ထိုးစစ်ဆင်မှုကြောင့် ဝါနစ်အဘူခါမာဒါလက်၏ ကွပ်ကဲမှု အောက်ရှိ အထူး တပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ရကြောင်း၊ ယင်းကဲ့သို့ ဆုတ်ခွာခဲ့ရခြင်းသည် အထူး တပ်ဖွဲ့ဝင်များ အတွက် ကြီးမားသော ဆုံးရှုံးမှု တစ်ခုဖြစ်ကြောင်း ၎င်းအစီရင်ခံစာတွင် ဆက်လက်  ပြောကြားထားသည်။
၎င်းတို့ နှစ်ဖွဲ့ကြား ပြင်းထန်စွာ ထိုးစစ်ဆင်မှုများကြောင့် လူ ၆ဝ ဦးခန့် သေဆုံးခဲ့ကြောင်း ကျန်းမာရေး အာဏာပိုင်များက ပြောကြားခဲ့သည်။

No comments:

Post a Comment