ထူးအိမ်သင် ကွယ်လွန်ခြင်း ဆယ်နှစ်ပြည့်ချိန်မှာ သူ့ကို “လွမ်းခြင်းအားဖြင့်” ပြုလုပ်ခဲ့ကြတဲ့ အမှတ်တရ ဂီတပွဲကို စနေနေ့ညက ရန်ကုန်မှာ ပြုလုပ်ပါတယ်။
ရှင်စောပုလမ်း MEP ခန်းမမှာ ပြုလုပ်တဲ့ ဒီပွဲကို ကြိုတင်ကြေညာထားတဲ့အတိုင်း အထင်ကရ တေးသံရှင် အများအပြား ဝင်ရောက် သီဆိုကြပါတယ်။
ပရိတ်သတ်အင်အားလည်း အင်မတန် များပြားပါတယ်။
ထူးအိမ်သင်ရဲ့မိခင်ကို ရှေ့ဆုံးတန်းမှာ တွေ့ရပါမယ်။
ဒီလိုမျိုး မြင်ကွင်းကို ထူးအိမ်သင်ရဲ့ ရန်ကုန်မြို့စတိတ်ရှိုးကြီးတခုမှာ တွေခဲ့ရဖူးမှာပါ။
သားဖြစ်သူရဲ့ ပွဲကြီးတွေ တက်ရောက်အားပေးတဲ့မိခင်ကို တွေ့ရတာ ကြည်နူးစရာ မဟုတ်လား။
ဒီတပွဲမှာတော့ မိခင်ကိုသာမက … တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ သမီးဖြစ်သူကိုပါ သူ့ပရိသတ် တွေ့ရပါတယ်။
စနေည ဂီတပွဲမြင်ကွင်းတွေကို ဧရာဝတီ ဖေ့စ်ဘုတ်မှာဖော်ပြပြီးတဲ့နောက်မှာ စာဖတ်သူအများအပြားက မှတ်ချက်အမျိုးမျိုး ပေးကြပါတယ်။
အဲဒီထဲက အများအပြားကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။
ကိုငှက်ကို လေးစားတယ်လို့ ဘယ်လောက်ပြောပြော
အချိန်ပေးပြီး ကြိုတင်ပြင်ဆင်ထားတာ မတွေ့ရဘူး
ညီညီညာညာ မရှိဘူး
ဟာမိုနီ မဖြစ်ဘူး
ဖြစ်သလို လုပ်နေသလိုပဲ
အားမရဘူး
မကျေနပ်ဘူး
အဆိုတော်တွေကဒီနည်းတနည်းဘဲ အကောင်းဆုံးနဲ့ အများဆုံးပေးနိုင်မှာလေ
ဒီအဆိုတော်တွေကိုငှက်သီချင်းဆိုမှ ထမင်းစားရတာ မဟုတ်ဘူး
အခုဟာကအလကားလဲဆိုရနံမည်လဲ အဖျက်ခံရလေတော့ နောက်တစ်ခါကိုငှက်မိသားစုအတွက်ထောက်ပံ့ငွေ ခင်ဗျားတို့ ပေးမှာလား
အခွေထွက်မှာမဟုတ်ဘူးစိတ်ချ တော်တော်များများကီးလွဲတယ် စာသားမှားတယ် မဆိုတက်ဘဲ ဆိုချင်သလိုဆိုတယ်
Lလွန်းဝါအကောင်းဆုံးပါ
သီချင်းဆိုတာ ကိုယ့်လိုင်းနဲ့ ကိုယ်ဘဲ
ကိုငှက်ကလဲ လေးဖြူသီချင်းဆိုခဲ့ရင် နားထောင်လို့ ကောင်းမယ်များ ထင်ကြလား
ဒီအထဲမှာအပြောခံအဆိုခံပြီး စိတ်ရောကိုယ်ပါ သီဆိုပေးပြီး ကိုငှက်မိသားစုကို ထောက်ပံ့ပေးတဲ့တေးသံရှင်အားလုံးကို ကျေးဇူးပါ
သူ့ ကိုတကယ်ချစ်လေးစားရင်အခွေထွက်ရင်သာ မာစတာအခွေဝယ်ကြပါ
တေးသံရှင်မကြိုက်ရင်ကျော်ပြီးနားထောင်
မာစတာအခွေနဲ့ သူ့ ကိုချစ်ကြောင်းသက်သေပြပါ ကိုငှက်မိသားစုလုံလောက်တဲ့ငွေရနိုင်ပါစေဗျား
ကိုငှက်မေမေနဲ့မိသားစုကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိပါတယ်။ ပွဲကိုသွားမကြည့်ုဖစ်တဲ့အတွက်အခွေထွက်လာရင် original ၀ယ်ပြီး အားပေးပါ့မယ်..လေးစားစွာဖြင့်…
မိသားစု ကို ဒီလို ပိုက်ဆံတွေမရစေချင်လို့ ဝေဖန်နေကြတာမှ မဟုတ်တာ။
သူတို့ တွေ အားလုံး ထူးအိမ်သင် သီချင်းကို ကောင်းအောင်မဆိုနိုင်ကြပါလားလို့ လူတိုင်းရဲ့ အတွေး ထဲကို ရောက်သွားတဲ့ အချိန်မှာ ထူးအိမ်သင်ကို လေးစားတဲ့ စိတ်တွေ ပိုတိုး သွားတာပါ။
အကောင်းဆုံးဆိုနိုင်တာ ၃ ယောက်ပဲရှိတယ် လေးဖြူ အငဲ မျိုးကြီးပဲ
ဝိုင်ဝိုင်းတောင် စာသားမရလို့ လက်မှာသီချင်းကူးထားတာ
အကောင်းဆုံးကတော့ ဦးအငဲ ပဲヅ
စာသားမကျေညက်… ဆိုဟန်ကသောက်တလွဲ… အပိုဒ်တွေကကျော်… ထူးအိမ်သင်လို ဂီတသမားတစ်ယောက်ကို လုပ်ရက်ခဲ့တဲ့ ခင်ဗျားတို့ ဂီတသမားတွေ….အေးပေါ့လေ….
ကျန်ရစ်သူမိသားစုနဲ့ သူ့မျိုးဆက်ကလေးအတွက် တစ်စုံတရာအကျိုးရသွားတယ်ဆို တဲ့ မုဒိတာလေးထားပေးစေချင်ပါတယ် ကြော်ငြာက မူရင်းအဆိုရှင်ထက်သာရစေမယ်လို့ပါ ပါသလားခဗျာ
ဦငှက်သီးချင်းများအားဖျက်စီးသောပွဲပါ
တစ်ယောက်မှကို အချိုးမပြေဘူး
ကိုငှက်ကြီးကို မမှီပေမယ့် ဘာဖြစ်လဲ
ပြန်ဆိုမှလူငယ်တွေသိမှာပေါ့
ဘာကြောင့်အကောင်းဘက်ကဖြည့်မတွေး နိုင်ကြတာလဲ။
လေးလေးစားစားလေး လုပ်ရင်ဘာမှမပြောပါဘူးကွယ် အခုတော့
ကြည့်မိတာအမှားပဲ
မျှော်လင့်ချက်သာမထားခဲ့ရင်
ငါဒီလို ခံစားရမယ် မထင်ဘူး
သွားမကြည့် ဖြစ်တာကံ ကောင်းတယ်
၁ ယောက် ၂ယောက်ပဲ အားရတယ်
အားလုံး ပေါ့ပျက်နေတယ်
သူ့ညီက အစ
ဒီပွဲ က လုပ်သင့်ပါတယ်
ဒါပေမဲ့ ဒီထက် အများကြီး ဂရုစိုက်သင့် ကြိုးစားသင့်ပါတယ်
ဆားကဆား
သကြားကသကြားပါပဲ
ငှက်ကြီးရေတမလွန်က နေစိတ်ဆိုးနေတော့မှာ အနုပညာကိုငွေနဲ့မလဲခဲ့သူတယောက်တေ့ဝမ်းနည်းနေမလားပါပဲ
အုတ်ဂူကို သွားဖူးကြလားမေးတော့ မသွားဖူးပါဖူး
ဒါပင်မဲ့တကယ်သီချင်းအစစ်တွေကိုတော့ ကျုပ်တို့ဝေဖန်သံတွေနဲ့ကာကွယ်ခဲ့ကြတယ် ဒါပါပဲ
ဘယ်လိုမှခံစားလို့ကိုမရဘူး
ကိုငှက်ကိုလိုက်တုပြီး ဆိုကြတာ မဟုတ်သလို သူ့သီချင်းတွေ ပျက်စီးအောင်လိုက်ဆိုကြတာလည်း မဟုတ်ပါဘူး
ကိုငှက်ကိုတကယ်ချစ်လို့ ကိုငှက်ဆိုတာကိုပဲအားပေးချင်ရင် အခုလုပ်တဲ့ပွဲကို လုံးဝမကြည့်နဲ့ပေါ့။
ကိုငှက်ကို မှီဖို့မလိုပါဘူးကွယ်…
ခြေရာတိုင်းဖို့ စင်ပေါ်တက်ကြတာမှမဟုတ်တာ…ချစ်ခြင်းလွမ်းခြင်းအားဖြင့် ကိုယ်တတ်နိုင်သလောက် ပါဝင်ပြီး အနုပညာအားဖြည့်
ကြတဲ့သူတွေအပေါ် နားလည်ပေးစေလိုပါတယ်…..
အော မြန်မာပြည် မတိုးတက်တာ ဒီလိုလူတွေကြောင့်ကိုး အကောင်းမြင်တတ်ကြပါစေ
ခေါင်းစဉ်ကိုသေသေချာချာလေးဖတ်ကြပါဦး အမှတ်တရ ဂီတပွဲတော်လို့ရေးထားတာ အသံတုပပြိုင်ပွဲ မဟုတ်ဘူး
ခံစားချက်ရှိရမယ် ပါရမီရှိရမယ်
သူအိုးနဲ့သူ့ဆန် မတန်တာ လုပ်နေကြပြီ
No comments:
Post a Comment