Monday, August 25, 2014

မနှေင့်အယှက် ရှိသြဂုတ် ၂၆ရက်တွင် ခေါင်းလောင်းကွင်း ကြိုးနှင့်ချိတ်ဆက်မည်ဟုဆို ဓမ္မစေတီခေါင်းလောင်းတော် ပေါ်လုနီးချိန်၌ အဖျက်အမှောင့် ရှိသြဂုတ် ၂၆ရက်တွင် ခေါင်းလောင်းကွင်း ကြိုးနှင့်ချိတ်ဆက်မည်ဟုဆို

ဓမ္မစေတီခေါင်းလောင်းတော် ပေါ်လုနီးချိန်၌ အဖျက်အမှောင့် ရှိသြဂုတ်
၂၆ရက်တွင် ခေါင်းလောင်းကွင်း ကြိုးနှင့်ချိတ်ဆက်မည်ဟုဆို

ဓမ္မစေတီခေါင်းလောင်းရှာဖွေရာ၌ ရေငုပ်သမားများ တွေ့ရှိခဲ့သည့် ခေါင်း
လောင်း ကွင်းကို သြဂုတ် ၂၆ရက်တွင် ကြိုးဖြင့်ချိတ်ဆက်မည်ဖြစ်ကြောင်း
နတ်စင်တစ်ရာ ဆရာတော်က စံတော်ချိန်သို့ သြဂုတ် ၂၃ရက်၌ မိန့်ကြားခဲ့
သည်။ “ခေါင်းလောင်းပေါ်လုနီးမှသောင်တူးသင်္ဘောကပျက်သွားတယ်။

ဖျက်အမှောင့်တွေကတော့ ရှိနေတယ်ပြောရမယ်။ ဆယ်ယူရေးလုပ်ငန်းလုပ်
နေတဲ့သူတွေ ကလည်း မိမိနဲ့ မိမိ မိသားစုအတွက်လို့ စဉ်းစားလိုက်ရင်တော့
ဆယ်လို့ရမှာမဟုတ်ဘူး”ဟု ဆရာတော်ကဆက်လက်မိန့်ကြားသည်။ဓမ္မစေတီ
ခေါင်းလောင်းအား ရေငုပ်သမားများကတွေ့ရှိခဲ့သည်ဆိုသည့်သတင်းမှာမဟုတ်
မှန်ကြောင်း၊ ရှာဖွေနေဆဲအဆင့်သာရှိသေးကြောင်း ခေါင်းလောင်းဆယ်ယူရေး
သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဦးကြည်ဝင်းက ပြောကြားထားသော်လည်း ဆရာ
တော်ကမူ ခေါင်းလောင်းနှစ်လုံးကို ရှာတွေ့ထား၍ ယင်းခေါင်းလောင်းများကို
ကြိုးဖြင့်ချိတ်ဆွဲဆယ်ယူမည့်အကြောင်း ယခုကဲ့သို့ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

ခေါင်းလောင်းလုံးပတ်ကို သြဂုတ် ၁၅ရက် နံနက်က တွေ့ရှိခဲ့သည်ဟု ရေငုပ်သ
မားများက အတည်ြပုပြောကြား၍ သောင်တူးစက်များဖြင် သြဂုတ်၁၇ရက်ညနေ
ပိုင်းမှစ၍ တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း အနှောင့်အယှက်
များရှိနေသောကြောင့်ခေါင်းလောင်းရုပ်လုံးပေါ်လုနီးချိန်တွင်သောင်တူးစက်ပျက်
သွားခဲ့ကြောင်း ဆရာတော်က မိန့်ကြားခဲ့သည်။ယင်းကဲ့သို့ ခေါင်းလောင်းချိတ်ဆွဲ
ယူမည့်ကိစ္စနှင့် ပတ်သက်၍ မွန်ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးအထောက်
အကူပြုဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌနိုင်မင်းအောင်က “ရေငုပ်သမားတွေက ရေ
အောက်မှာ အရာဝတ္ထုတစ်ခု တွေ့ထားတယ် ပြောတယ်။ဘာလဲဆိုတာတော့ မ
သိသေးဘူး။ ဒါပေမဲ့ သြဂုတ် ၂၆ရက်မှာ တစ်ခုခု ထူးမယ်ဆိုတာကိုတော့ ပြောနိုင်
တယ်” ဟု ပြောဆိုသည်။

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရရှိရေးလုပ်ငန်းကို သြဂုတ် ၈ရက်မှ စတင်လုပ်
ဆောင်ခဲ့ပြီး သြဂုတ် ၁၇ရက်တွင် သောင်တူးစက်ဖြင့် စတင်တူးဖော်ခဲ့သည်။ သြဂုတ်
၁၉ရက်၌ စက်ချွတ်ယွင်း၍ တူးဖော်မှုခေတ္တရပ်နားခဲ့ရပြီး သြဂုတ် ၂၀ရက် ညနေမှ
စ၍သြဂုတ် ၂၃ ရက်အထိ ဆက်လက်တူးဖော်လျက်ရှိသည်။

No comments:

Post a Comment