Thursday, August 21, 2014

အာဖဂန် ရွာသား ၁၆ ဦးအား သတ်ဖြတ် ခဲ့သည့် အမေရိကန် စစ်သည် တစ်ဦးကို ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်

အာဖဂန် နစ္စတန် နိုင်ငံရှိ ရွာသား ၁၆ ဦးအား သတ်ဖြတ် ခဲ့သော အမေရိကန် တပ်ဖွဲ့ဝင်   တပ်ကြပ်ကြီး တစ်ဦးကို အမေရိကန် တရားရုံးချုပ်က ထောင်ဒဏ် တစ်သက် တစ်ကျွန်း ပြစ်ဒဏ် ချမှတ်
ခဲ့ကြောင်း သိရသည်။

အဆိုပါ အသက် ၄ဝ နှစ်အရွယ်ရှိ တပ်ကြပ်ကြီး ရောဘတ်ဘေးလ်အား အမေရိကန် ပြည်ထောင်စု Joint  BaseLewis-McChord မှ ၅ ရက်ကြာ စစ်ဆေး မှုများ ပြုလုပ် ခဲ့ပြီးနောက် ထောင်ဒဏ် တစ်သက် တစ်ကျွန်း ကျခံ စေရန် သြဂုတ်၂၃ ရက်က အမိန့် ချမှတ် ခဲ့ခြင်း ဖြစ်သည်။ ဘေးလ်သည် ၎င်း၏ တိုက်ခိုက် သတ်ဖြတ်မှုကို ၂ဝ၁၁ခုနှစ် မတ် ၁၁ ရက်က ကန်ဒါဟာ ပြည်နယ် တောင် ပိုင်း ပန်ဂ်ျဝါရီခရိုင် အနီးရှိ ကျေးရွာ တစ်ရွာတွင် ကျူးလွန် ခဲ့ခြင်း ဖြစ်ကြောင်း ဇွန်လ အတွင်းက ဖွင့်ဟ ဝန်ခံ ခဲ့ကြောင်း သိရသည်။
၎င်း၏ တိုက်ခိုက် မှုများကြောင့် ကလေးငယ် ၄၈ ဦး ထိခိုက် နစ်နာ ခဲ့ရကြောင်းနှင့် ၎င်း၏ လုပ်ရပ် များသည် နိုင်ငံနှင့် တပ်မတော်၏ ဂုဏ်သိက္ခာ များကို ကျဆင်း စေသည့် အတွက်   ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ် ရခြင်း ဖြစ်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး ဂျိုးဆက်မော့်စ်က ပြောကြား ခဲ့သည်။

No comments:

Post a Comment