Thursday, August 21, 2014

တရုတ်သင်္ဘောများအား ဗီယက်နမ်သင်္ဘောများက အကြိမ်ပေါင်း ၁ဝဝဝ ကျော်ဝင်တိုက်ဟု တရုတ်စွပ်စွဲ

တာင်တရုတ် ပင်လယ် အငြင်းပွား ရေပိုင်နက် အတွင်းရှိ တရုတ် အစိုးရ သင်္ဘောများကို ဗီယက်နမ် ရေယာဉ်များက အကြိမ်ပေါင်း ၁ဝဝဝ ကျော်ခန့် ဝင်တိုက်ခဲ့ကြသည်ဟု ဗီယက်နမ် နိုင်ငံကို တရုတ်နိုင်ငံက ဇွန် ၉ ရက်တွင် စွပ်စွဲ ပြောကြားခဲ့သည်။

တရုတ်သင်္ဘောများအား  ဗီယက်နမ်သင်္ဘောများက အကြိမ်ပေါင်း ၁ဝဝဝ ကျော်ဝင်တိုက်ဟု တရုတ်စွပ်စွဲ 
အငြင်းပွား ရေပိုင်နက် အတွင်း၌ မိမိတို့ဘက်မှ ရေနံ တူးဖော်စင် တစ်ခု ဆောက်လုပ် ခဲ့ပြီးနောက် မကြာမီ အချိန်တွင် ဗီယက်နမ် နိုင်ငံသည် ယင်းရေပိုင်နက် အတွင်းသို့ ရေယာဉ်များ၊ ရေငုပ်သမားများ စေလွှတ်ခဲ့ပြီး ငါးဖမ်းပိုက်ကွန်များ ပါဝင်သော အတားအဆီး များစွာ ကိုလည်း ယင်းရေပိုင်နက် အတွင်းသို့ ပစ်ချခဲ့ကြကြောင်း ဇွန် ၈ ရက်က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။
ဗီယက်နမ် ရေယာဉ် ၆၃ စင်းခန့်သည် ဇွန် ၇ ရက် ညနေ ၅ နာရီခန့်တွင် အငြင်းပွား ရေပိုင်နက် အတွင်းရှိ တရုတ် အစိုးရ သင်္ဘော များကို ဖျက်စီးရန် ကြိုးပမ်း ခဲ့ကြကြောင်း၊ ၎င်းရေယာဉ်များသည် တရုတ်အစိုးရ သင်္ဘောများကို အကြိမ်ပေါင်း ၁၄၁၆ ကြိမ်ခန့် ဝင်တိုက် ခဲ့ကြကြောင်း၊ ဗီယက်နမ် နိုင်ငံ၏ ကျူးကျော် ရန်စမှုများ အတွက် တရုတ်နိုင်ငံ အနေဖြင့် လိုအပ်သည့် ကာကွယ်ရေး လုပ်ဆောင်နိုင်ရန် ပြင်ဆင်ထားကြောင်း၊ တရုတ်နိုင်ငံ  အနေဖြင့်လည်း မိမိတို့၏ ကာကွယ်ရေး လုပ် ဆောင်မှုများ အဆင်ပြေစေရန် အတွက် အငြင်းပွား ရေပိုင်နက် အတွင်းသို့ သင်္ဘောများ စေလွှတ် ထားကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောကြားသည်။

No comments:

Post a Comment